top of page
Search

ပြည်သူကို ဘယ်သူက ကိုယ်စားပြုလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 21, 2020
  • 1 min read

မြန်မာပြည်မှာ စစ်အစိုးရလက်ထက် ပြည်သူ့ဆန္ဒဆိုပြီး “People’s desire” ဆိုပြီး ဆန္ဒပြပွဲတွေသတင်းစာတွေမှာ ဘာသာပြန်ရေးလေ့ရှိပါတယ်။ အင်္ဂလိပ်မှာက People ဆိုရင် မြန်မာလို “လူ” လို့ဘာသာပြန်ကြပြီး public ကိုတော့ “အများပြည်သူ” ဆိုပြီး ဘာသာပြန်ပါတယ်။

မနေ့က ကိုမောင်မောင်က တပ်ဟာပြည်သူ့ကိုယ်စားပြောတာပါဆိုပြီး ထပြောလို့ ဒီကိစ္စကို ရှင်းချင်လို့ပါ။

ဒီနေရာမှာ တပ်ကဘယ်သူပြောပြော ပြည်သူကို ကိုယ်စားပြုတယ်လို့ ပြောလို့ရမလားဆိုတာ စမေးစရာရှိပါတယ်။ ဥပမာ ကိုမောင်မောင်က ပြည်သူကို ကိုယ်စားပြုတယ်ပြောရင် စာရေးသူပြောရင်ရောပြည်သူကိုကိုယ်စားပြုတယ်လို့ ယူဆမလား ဆိုတာပါ။ ဒါဆို စာရေးသူက တပ်ချုပ်ကြီး စစ်ပွဲတွေမှာအကျအဆုံးများလို့ နုတ်ထွက်ပါလို့ပြောရင် ပြည်သူ့ဆန္ဒဆိုပြီး ကိုမောင်မောင်လက်ခံမလား တပ်ချုပ်ကြီး လက်ခံမလား မေးစရာပါ။ ဒါ့အပြင် ကိုမောင်မောင်ကို တပ်ကိုယ်စားလှယ်အဖြစ်တောင် တပ်ထဲကနေ ရွေးကောက်ပေးလိုက်တာ မဟုတ်ပါ။ ဒါကြောင့် ကိုမောင်မောင်ဟာ ပြည်သူမပြောနဲ့ တပ်ကိုတောင် ကိုယ်စားပြုတယ်လို့ ပြောစရာ အထောက်အထားမရှိပါ။ ဒါဆိုရင် ပြည်သူကို ဘယ်သူကကိုယ်စားပြုလဲ? Who represents the public?

ဒါဆို ဒီမိုနိုင်ငံတွေနဲ့ ယှဉ်ပြီးလေ့လာကြည့်ရအောင်။ အမေရိကန်မှာ ထရမ့်ကလဲ ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာဖြစ်သလို ဒီမိုကရက်ပါတီကလဲ ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာပါ။ အင်္ဂလန်မှာလဲ လက်ရှိ ဝန်ကြီးချုပ် Boris Johnson က ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာဖြစ်သလို အတိုက်အခံလေဘာပါတီခေါင်းဆောင် Jeremy Corbyn ကလဲ ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာပါ။ ဩဇီကဝန်ကြီးချုပ် Scott Morrison ကလဲ ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာဖြစ်သလို အတိုက်အခံ လေဘာပါတီခေါင်းဆောင် Anthony Albanese ကလဲ ပြည်သူကို ကိုယ်စားပြုတယ်ပြောမှာပါ။

သူတို့နဲ့ တပ်ကိုယ်စားလှယ် ကိုမောင်မောင်က ဘာကွာလဲ။ အမေရိကန်မှာ ထရမ့်ကမဲနိုင်လို့ သူကအများစုကို ကိုယ်စားပြုသလို သူ့အတိုက်အခံကလဲ ၄၅% လောက်နိုင်ထားလို့ ၄၅% သော ပြည်သူကိုကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်။ ထို့အတူ အင်္ဂလန်နဲ့ ဩဇီမှာလဲ အစိုးရနဲ့ အတိုက်အခံကအချိုးကျ ပြည်သူကို ရွေးကောက်ခံပြီး ကိုယ်စားပြုကြတာပါ။ သူတို့ဟာ ကြံ့ဖွတ်လို ၅% လောက်သာအောက်လမ်းနဲ့နိုင်ပြီး ကိုယ်စားပြုတာမဟုတ်ပါ။ ဒီနေရာမှာ ကိုမောင်မောင်ဟာ ဖွတ်တွေလိုတောင်ပြည်သူကို ကိုယ်စားပြုတယ်လို့ ပြောလို့မရပါ။ ဘာလို့လဲဆိုတော့ ကိုမောင်မောင့်ကို ဘယ်သူကမှ မဲပေးပြီးရွေးထားတာ မဟုတ်လို့ပါ။

တကယ်သတ္တိရှိရင် ကိုမောင်မောင်ရော အဘတပ်ချုပ်ရော ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲဝင်လိုက်ပါလို့ ပြောပါရစေ။ ပြည်သူတွေက အဖြေပေးပါလိမ့်မယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page