top of page
Search
  • Writer's pictureMyat Tun Oo

ပြည်ပရောက် မြန်မာသံများသို့


ယခု ဖွတ်သူခိုးမောင်လွင်မှ ယခင်ကြိုရေးထားသိအတိုင်း ပြည်ပနိုင်ငံများရှိ သံရုံးများမှ သံတမန်များကို ပြောင်းရွှေ့ ပြန်ခေါ်ဖို့ လုပ်လာနေပါပြီ။

အကြံပေးလိုတာက သူ့စကားကို နားမထောင်ပါနဲ့။ သူကတရားမဝင်ပါဘူး။ တရုတ်နိုင်ငံနဲ့ အခြားCDM လုပ်ရခက်တဲ့ နိုင်ငံများက သံများလဲ မြန်မာပြည်မပြန်ဘဲ အခြားတတိယနိုင်ငံကနေ ခိုလှုံခွင့်တောင်းပါ။ သင်တို့ဘဝဟာ မြန်မာပြည်ပြန်လာတာထက် CDM လုပ်ရင် ပိုကောင်းဖို့သာရှိပါတယ်။ ဥရောပနဲ့ ဒီမိုနိုင်ငံရောက်သံများက CDM လုပ်ပေးပါ။

နိုင်ငံခြားရောက်ပြီး ကြောက်နေရင်တော့ တစ်သက်လုံး ဆက်ကြောက်သွားရပါမယ်လို့ ကြိုပြောထားပါရစေ။ ဆရာသမားတို့ကို ကျည်ဆန်ကြားက ဖြတ်လျှောက်ခိုင်းနေတာ မဟုတ်ပါ။

ပြည်သူလိုအပ်ချိန်မှာ ပြည်သူ့ဘက်က ရပ်တည်ပါ။ ပြီးမှ ကြောက်လို့ဆိုပြီး ဆင်ခြေပေးလို့မရပါ။

ဥရောပနဲ့ လွတ်လပ်တဲ့ တိုင်းပြည်ရောက် သံအမတ်ကြီးများလဲ မိမိတို့ ဘယ်သူ့ဩဇာခံမလဲ ကြေညာပါ။ မဟုတ်ရင်တော့ သူပုန်ဩဇာခံလို့ သတ်မှတ်ပြီး ပြည်ပရောက် မြန်မာများက သက်ဆိုင်ရာ အစိုးရနဲ့တိုင်ပင်ပြီး ဆီးရီးယားနဲ့ လစ်ဗျားရဲ့ သံရုံးတွေကို လွှဲပြောင်းသလို လွှဲပြောင်းနိုင်ဖို့ ကြိုးစားကြပါ။

အရေးတော်ပုံ အောင်ရမည်။

141 views0 comments
bottom of page