top of page
Search

ပြည်ထဲရေးဝန်ကြီးသတင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 27, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း ပြည်ထဲရေးဝန်ကြီးကို တပ်ချုပ်ကအဆိုပြုပါတယ်။ သမ္မတက အတည်ပြုပြီးလွှတ်တော်တင်ပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးက တပ်ကပါ။ သူ့အောက်က ဒုဝန်ကြီးကလဲတပ်က ပြီးရင်ရဲချုပ်ကလဲ တပ်က၊ သူ့အောက်က ဒုရဲချုပ်အများစုကလဲတပ်ကပါ။

သူတက်ခါစမှာ သူဟာဘရွှေရော မအလရောရဲ့ လူယုံပါ။ ပထမ NLD အစိုးရတက်တက်ချင်းပြဿနာက DASSK အတိုင်ပင်ခံရာထူးနဲ့ လုံခြုံရေးကို ဘယ်လိုထောက်ပံ့မလဲဆိုတာပါ။ သိသလောက် သမ္မတက သူ့လုံခြုံရေးထဲကနေ ခွဲထုတ်ပေးပြီး DASSK ကို ပုံမှန် ဝန်ကြီးထက်ပိုတဲ့အစောင့်တွေ ချပေးထားခဲ့ပါတယ်။ ဦးကိုနီအပြီးမှာ ဝန်းကြီးဘကျော်ဆွေက DASSK ရဲ့ လုံခြုံရေးကိုသူ့ရဲ့ပြည်ထဲရေးကိုသုံးပြီးပံ့ပိုးပေးခဲ့ပါတယ်။ ဘင်္ဂါလီကိစ္စအပြီးမှာ DASSK ကိုအလွန်လေးစားသွားတယ်လို့ အတွင်းသတင်းတွေကဆိုပါတယ်။ ဒါဆိုရင် ပြည်ထဲရေးကဘာလို့မပြောင်းသေးတာလဲဆိုတော့ ပြဿနာကအထက်ကတစ်ယောက်ထဲမဟုတ်ဘဲ အုံနဲ့ကျင်းနဲ့ဖြစ်နေလို့ပါ။

ဒါနဲ့ သူ့ကိုပြန်ခေါ် အငြိမ်းစားပေးပြီး သူတို့လူကိုတင်ဖို့လုပ်ပါတယ်။ သမ္မတက အကြောင်းမပြန်လို့၂၀၁၉ မေလလောက်မှာ အကုန်သိက တပ်အော်ဒါဆိုပြီး အပြင်ကိုထုတ်လိုက်တာ မှတ်မိကြမှာပါ။ ဒါကို သမ္မတက သဘောမတူလို့ ဘကျော်ဆွေကိုဖြုတ်ဖို့ မအောင်မြင်ခဲ့ပါဘူး။

နောက်ပိုင်း ပြည်ထဲရေးပုံရိပ်ကို ပိုကျအောင် စရဖက စနစ်တကျလုပ်လာတာအားလုံးမှတ်မိမှာပါ။ ဒါမှပြည်သူတွေက ဝန်ကြီးကိုထွက်ခိုင်းမယ် အစိုးရအကျပ်ရိုက်မယ် သူ့လူကိုလဲ ခန့်လို့ရမယ်ပေါ့။ သူဝန်ကြီးအဖြစ်ခန့်ချင်တဲ့သူက သူ့ရဲ့ဩဇာညောင်းတဲ့ လက်ရှိစရဖညွှန်ချုပ် စိုးထွဋ်ပါ။ စာရေးသူတို့ကိုFacebook ကနေလုပ်တဲ့ အကောင့်များကို ချုပ်ကိုင်သူပေါ့။

NLD အစိုးရအနေနဲ့ လက်ရှိခြေဥအရ လက်ရှိဝန်ကြီးကို မဖြုတ်ဖူးလို့ ငြင်းနိုင်ပါတယ်။ နှစ်ယောက်စလုံးက တပ်ကမိုလို့ ဘာထူးမလဲလို့မေးရင် မိမိသိနေတဲ့လူ မိမိကို ကြည်ညိုသူ ဘကျော်ဆွေက မိမိကိုမကြည်ညိုသူ ဂျပုကို ကြည်ညိုသူထက်စာရင်တော့ ပိုကောင်းမှာပါ။ သူတို့ကသက်ပြည့်ပင်စင်နဲ့ ဘကျော်ဆွေကို အစိုးရသက်တမ်းမကုန်ခင် အငြိမ်းစားပေးသူ့လူကို ပြည်ထဲရေးကိုင်ပြီး အမတ်တွေရွေးကောက်ပွဲကအစ ကိုင်ချင်လို့ပါ။ ဘာမှဂရုစိုက်စရာမလိုပါ။ သူတောင် သက်ပြည့်ပင်စင်ယူတာမဟုတ်လို့ အေးဆေးပါလို့ ပြောပါရစေ။

လက်ရှိပြည်ထဲရေးက ခြေဥမပြင်ရင် စင်္ကြာဝတေးမင်းတောင် သူတို့ကို ပြုပြင်ပြောင်းလဲဖို့ မလွယ်ပါ။

ဒါကြောင့် အစိုးရကတော့ ဘကျော်ဆွေကိုသာ ဆက်ထားမှာပါ။ မအလဘာလုပ်မလဲ စောင့်ကြည့်ကြတာပေါ့။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page