top of page
Search

ပြည်ထဲရေးဝန်ကြီးလောင်းသားရဲ့ ကုမ္ပဏီများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 6, 2020
  • 1 min read

ဒီနေ့လွှတ်တော်မှာတင်တဲ့ ပြည်ထဲရေးဝန်ကြီးလောင်းရဲ့ ကိုယ်ရေးအကျဉ်းမှာ သူ့သားတွေကဆောက်လုပ်ရေးနဲ့ ခရီးသွားလုပ်ငန်းလုပ်တယ်လို့ ဆိုထားပါတယ်။ ထိုလုပ်ငန်းများကို တည်ထောင်သူကတော့ သူ့သားအကြီးဆုံး မင်းသန်းထွဋ်ပါ။

ဝန်ကြီးရဲ့အဖေက ယခင်တပ်က ကွယ်လွန်သွားတဲ့ ဗိုလ်မှူးချုပ်လွန်းမောင်ပါ။ တပ်က ဆင်းသက်လာတဲ့ မျိုးရိုးက ဘယ်လိုလုပ် ကုမ္ပဏီထောင်နိုင်လဲ ချမ်းသာလာလဲဆိုတာက ပထမမေးခွန်းပါ။

သူ့သားက ဆရာဝန် ဒေါက်တာ မင်းသန်းထွဋ်ပါ။ MBBS နဲ့ပြီးပါတယ်။ နောက်သူက MBA ကိုNorthampton University ကနေ ရပါတယ်။ အဝေးသင်တက်တက် သွားတက်တက် သင်တန်းခက ပေါင်၁၂၀၀၀ လောက်ကုန်ပါမယ်။ သွားတက်ရင် နေစာရိတ် စားရစာရိတ်က ပေါင် ၁၀၀၀၀ လောက်ကုန်ပါမယ်။ မြန်မာငွေဆို အနည်းဆုံး သိန်း ၄၀၀ လောက်ပါ။ သူ့အဖေက အဲ့ဒီအချိန် ဗိုလ်မှူးချုပ်လောက်သာရှိပါမယ်။

ဗိုလ်မှူးချုပ်လစာက ဘယ်လောက်လဲဆိုတာ အားလုံးသိမှာပါ။ သူ့သားက H Double H Capital Group of Companies ကြီးကို တည်ထောင်သူပါ။ သူက ဗိုလ်ချုပ်စျေးထဲက ရွှေပြည့်စုံ ရွှေဆိုင်ပိုင်ရှင်ရဲ့ သမီးနဲ့၂၀၁၈ မှာ မင်္ဂလာဆောင်တာပါ။ သူကုမ္ပဏီထောင်ခဲ့တာက ၂၀၁၄ ထဲကပါ။ ဒါကြောင့်သူဟာ ကုမ္ပဏီထောင်လောက်အောင် အဲ့ဒီကထဲက ချမ်းသာနေပုံပါ။ သူ့ကုမ္ပဏီက သစ်တောကအစ၊ သတ္တုထူးဖော်၊ဆောက်လုပ်ရေး၊ ခရီးသွား၊ ပိုက်လိုင်း အကုန်နီးပါးလုပ်ပါတယ်။ နောက် Cherry Chapter Myanmar Company Ltd ဆိုပြီးတော့လဲ ခရီးသွားလုပ်ငန်းလဲ လုပ်ပါတယ်။

ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွါးရေးတွေအများကြီး လုပ်နိုင်တဲ့ သားတစ်ယောက် ပြည်ထဲရေးဝန်ကြီးလောင်းမှာရှိတယ်ဆိုတာဟာ အားရစရာပါ။

ဘာကြောင့် သူ့သားသမီးကုမ္ပဏီအကြောင်းကိုရေးလဲဆိုတော့ သူဟာ ပြည်ထဲရေးဝန်ကြီးလောင်းဖြစ်နေတဲ့အတွက် သူ့ရဲ့နောက်ကြောင်းကို ပြည်သူတွေ လွှတ်တော်အမတ်တွေနဲ့ သမ္မတက သိသင့်တယ်ထင်လို့ပါ။ He is a public figure and not private citizen anymore.

သတင်းဌာနတွေ အခြားအစိုးရသာ ဖောင်းထုတဲ့ အကောင့်တွေက တင်မှာမဟုတ်လို့ တင်လိုက်ပါတယ်။

စာရေးသူဟာ NLD ပါတီဝင်မဟုတ်ပါ။ တိုင်းပြည်အတွက် တင်စရာရှိတာ တင်ပါတယ်။

အောက်မှာ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page