top of page
Search

ပြည်ထဲရေးဝန်ကြီးဖြစ်နိုင်သူရဲ့ နောက်ကြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 30, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း ပြည်ထဲရေးဝန်ကြီး ဘကျော်ဆွေကို ၆၀ ပြည့်လို့ဆိုပြီး ၆၄ နှစ်ျပ်ချုပ်ကအနားပေးဖို့ ကြိုးစားနေပါတယ်။

ခြေဥအရ တပ်ချုပ်သည် ပြည်ထဲရေးဝန်ကြီးအမည်စာရင်းကို တင်သွင်းပြီးသမ္မတက ခန့်အပ်တယ်လို့ဆိုပါတယ်။

ဘကျော်ဆွေကိုပြောင်းတာဟာ အသက်ပြည့်လို့ဆိုရင် တပ်ချုပ်ဟာ သူကိုယ်တိုင်က စံပြအနေနဲ့ထွက်ပေးရမှာဖြစ်ပါတယ်။ တပ်ချုပ်ကိုယ်တိုင် ၆၄ နှစ်အထိ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်နေပြီးနိုင်ငံရေးရာထူး ဝန်ကြီးကို ၆၀ ပြည့်တာ လပိုင်းကျော်ရုံနဲ့ ဖြုတ်ဖို့ကြိုးစားတာဟာ အင်မတန်မှ တရားမျှတမှုမရှိတာကို ပြပါတယ်။ မျက်နှာပြောင်တိုက်တယ်လို့ပြောလို့ရပါတယ်။

သူက ယခုအသစ်ခန့်လိုတဲ့လူကတော့ လက်ရှိ မြန်မာပြည်ရဲ့ ထောက်လှမ်းရေးများရဲ့ အကြီးအကဲဟာစရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် (ကိုယ်ပိုင်အမှတ် ၁၇၅၄၀) ပါ။ သူဟာ OTS-64ဆင်းဖြစ်ပြီး၂၀၀၈-၂၀၁၀ တပ်မ (၈၈) ဗိုလ်မှူးကြီးအဆင့်နဲ့ တပ်မမှူးဖြစ်ပြီး ဗိုလ်မှူးချုပ်ဖြစ်လာခဲ့သူပါ။ သူဗိုလ်မှူးချုပ်ဖြစ်ချိန်မှာ လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီး မြထွန်းဦးက ဗိုလ်မှူးကြီးအဆင့်သာရှိပါသေးတယ်။ ၂၀၁၁ မှာ တောင်ပိုင်တိုင်း တိုင်းမှူးဖြစ်လာပြီး၊ ၂၀၁၂-၁၃ မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၆ နောက်ပိုင်းကနေ အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ မှာ စရဖညွှန်ချုပ်ဖြစ်လာခဲ့ပါတယ်။ သူ့နောက်ကြောင်းကို ပြန်ကြည့်ရင် သူဟာ တိုက်ခိုက်ရေးဘက်က လာတာဖြစ်ပြီး ထောက်လှမ်းရေးသင်တန်းကို အခြေခံအဆင့်သာ တက်ဖူးတာပါ။ သူ့အောက်က လူတွေကလဲ အများစုက ယခင် NLD လောက်ကိုသာ ထောက်လှမ်းခဲ့တာပါ။ ဒါကြောင့်ရခိုင်မှာဝင်အတိုက်ခံရတာတွေ မေမြို့အထိ ဝင်အတိုက်ခံရတာတွေ ဖြစ်ခဲ့တာပါ။

သူ့လက်အောက်မှာ ဒီမိုအကောင့်တွေပိတ်တာ၊ တပ်ချုပ်ကို မကောင်းပြောသူတွေကို Facebook ပေါ်ကနေ သူတို့ရဲ့ လိပ်စာရှာတာတွေ၊ တပ်ကို ဆန္ဒပြတဲ့ ဆန္ဒပြကျောင်းသားတွေနောက် လိုက်ဖမ်းတာတွေကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ DASSK ကိုဆန္ဒပြရင်တော့ သူမသိလိုက်ပါ။

သူ့ကို ပြည်ထဲရေးဝန်ကြီးခန့်တာက ရွေးကောက်ပွဲမှာ သူ့လူဝန်ကြီးဖြစ်နေရင် လုပ်ရကိုင်ရလွယ်အောင်နဲ့ အဓိကကတော့ အစိုးရနဲ့အဆင်ပြေတဲ့ ဘကျော်ဆွေကိုဖြုတ်ဖို့ပါ။

ဒီနေရာမှာ ၂၀၀၈ ခြေဥက သမ္မတသည် ကာချုပ်ကအဆိုပြုသူကို ပြည်ထဲရေးဝန်ကြီးခန့်ရမယ်လို့ပါပေမယ့် ကာချုပ်သည် လက်ရှိပြည်ထဲရေးဝန်ကြီးကို ဖြုတ်ခွင့်ရှိသည်လို့မပါပါ။

ထို့အတူပါဘဲ လက်ရှိဝန်ကြီးများဟာ အသက် ၆၀ ပြည့်ရင်ထွက်ရမယ်လို့ မပါပါ။ နောက် ခြေဥမှာကအဆိုတင်သွင်းချိန်မှာ တပ်မတော်သားတစ်ဦးဖြစ်ရမယ်ဆိုတာနဲ့ တပ်ကနုတ်ထွက်စရာမလိုလို့ ပါပေမယ့် တပ်ကထုတ်လိုက်ရင် ဝန်ကြီးအဖြစ်က အလိုလိုထွက်ရမယ်လို့မပါပါ။ ဒါကြောင့် သူကဇွတ်တိုးလုပ်ရင် အခြေခံဥပဒေဆိုင်ရာ အငြင်းပွါးမှုအနေနဲ့ ခုံရုံးကိုတက်လို့ရပါမယ်။

ဒါကြောင့်မိုလို့ သမ္မတအနေနဲ့ ဘကျော်ဆွေတပ်ကအငြိမ်းစားပေးလဲ သူ့ကိုဆက်ခန့်ထားပြီး ခြေဥခုံရုံးကိုတင်ပြီး ခြေဥခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ခံယူသင့်ပါတယ်။

ဒီကနေ့အထိတော့ ဘကျော်ဆွေဟာ ဝန်ကြီးအဖြစ်နဲ့ အစည်းအဝေးတွေကို တက်နေပါသေးတယ်။တပ်ထဲမှာလဲ အပြောင်းအလဲ လူအချို့အငြိမ်းစားပေးပြီး ရွေးကောက်ပွဲဝင်ဖို့ အစည်းအဝေးတွေလုပ်နေပါတယ်။

အစိုးရအနေနဲ့ လက်ရှိခြေဥကိုသုံးပြီး တပ်ချုပ်က ဘကျော်ဆွေကိုပြောင်းရင် သူ့လူကိုခန့်မရအောင်ဘာလုပ်မလဲ စဉ်းစားထားသင့်ပါတယ်။

အချို့ကိစ္စတွေက အလိုလိုက်နေလို့မရနိုင်ပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page