top of page
Search

ပြည်ထောင်စုပေါ်အမြင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 2, 2020
  • 1 min read

စာရေးသူဟာ ဘယ်အဖွဲ့ကပါ။ ဘယ်သူ့ကိုထောက်ခံပါတယ်ဆိုတာ အတိအလင်းပြောပြီးသားပါ။ ဒီနေရာမှာ စာရေးသူကို တကယ်အားပေးသူရှိသလို မအလမကောင်းရေးချိန်မှာ လာပြီးလက်ခုပ်တီးတဲ့လူမျိုးရေးအစွန်းရောက် သူပုန်အချို့လဲ ရှိနိုင်ပါတယ်။ သူတို့ကို သူပုန်ခေါ်ရင်တော့ မကြိုက်နိုင်ပါ။ ဒါပေမယ့် လက်ရှိအစိုးရက တရားဝင်ရွေးကောက်ခံမိုလို့ သူ့ကိုပုန်ကန်ရင် သူပုန်ပါ။ ဒါကထားလိုက်ပါ။


ယခုပြောချင်တာက စာရေးသူရဲ့ ဖယ်ဒရယ်အမြင်ပါ။ စာရေးသူက ဖယ်ဒရယ်စနစ်ကသာ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၀၈ ခြေဥက ဖယ်ဒရယ်အတုပါ။ ဘာဖယ်ဒရယ်လဲလို့မေးရင် စာရေးသူက တိုင်းရင်းသားတွေကို အမေရိကန်ပုံစံလား၊ ဂျာမနီလား၊ မလေးရှားလား၊ အိန္ဒိယလား ကြိုက်တာရွေးပါလို့ ပြောလိုက်ပါမယ်။ သူတို့အားလုံးဆွေးနွေးပြီး သဘောတူလာတာကို အတည်ပြုပေးလိုက်ပါ့မယ်။ ယခုက မအလက ကြားထဲက ရှုတ်နေလို့ပါ။ သူတို့အချင်းချင်းလွတ်လပ်စွာရွေးဆိုရင်တောင် သဘောတူဖို့ ကြာနိုင်ပါတယ်။ နောက် ဝ ပြည်နယ်ကိစ္စ။ ဒါကလဲ ပြည်မက အနေသာကြီးပါ။ ရှမ်းနဲ့ ဝ ပြေလည်ရင် ပြီးတာပါဘဲ။ ထို့အတူပါဘဲ ဘင်္ဂါလီကိစ္စမှာလဲ ရခိုင်ကထွန်းမြတ်နိုင်နဲ့ ကိုအေးမောင်တို့အဖွဲ့က သဘောတူနေရင် ကိုယ်တွေက အနေသာကြီးပါ။ သူတို့သာ သူတို့ပြည်နယ်သားတွေကို ချပြကြပေါ့။ ကြားက ငထွားက ခါးနာနေစရာမရှိပါ။


ယခုရွေးကောက်ပွဲမှာ အချို့လူများက ပြည်နယ်တွေမှာ တိုင်းရင်းသားအားကောင်းမှ သူတို့လိုချင်တာရမယ် ဆိုပြီး ဖွတ်သီအိုရီကို လိုက်ပြောကြတာ တွေ့ရပါတယ်။ ပြဿနာက NLD မဟုတ်ဘဲ ခြေဥပါ။တိုင်းရင်းသားဒေသတွေကို အသာထားပြီး တိုင်းဒေသကြီးတွေမှာတောင် လက်ရှိခြေဥဟာ ဝကခတွေနဲ့တိုင်းလွှတ်တော်တွေကို ဘာမှလုပ်ပိုင်ခွင့်ပေးမထားပါ။ ဒါကြောင့် တိုင်းရင်းသားအခွင့်အရေးကို ကန့်သတ်တာဟာ NLD အစိုးရမဟုတ်ဘဲ ၂၀၀၈ ခြေဥပါ။ ရခိုင်ပြည်နယ်လွှတ်တော်မှာ ANP ကတိုင်းရင်းသားတင်လိုက်လို့ ရခိုင်ပြည်ကြီး ပိုတိုးတက်သွားပါသလား? လက်ရှိခြေဥက ဘာမှလုပ်ပိုင်ခွင့်ပေးမထားပါ။ ပြည်နယ်ဝကခကို မပေးထားသလို ဗမာတိုင်းက ဝကခတွေကိုလဲ မပေးထားပါ။ NLD ကြောင့် တိုင်းရင်းသားအခွင့်အရေးမရဆိုတာက NLD နဲ့ တိုင်းရင်းသားတွေကို သွေးခွဲတဲ့ လူမျိုးရေးအစွန်းရောက်တွေနဲ့ အဘတဖွတ်တွေရဲ့ စကားပါ။ ဒေသခံ တိုင်းရင်းသားတွေက NLD ကိုမကြိုက်မှသူတို့ကညမဲရမှာပါ။ ဒါဆိုဖွတ်လက်ထက်ကရော တိုင်းရင်းသားအခွင့်အရေး ရခဲ့လားမေးပါရစေ။ဗမာတွေနေတဲ့ NLD အုပ်ချုပ်တဲ့ ပြည်မမှာရော အခွင့်အရေးတွေရနေပြီလား မေးပါရစေ။ ပြည်မမှာ V အမှုမပေါ်သလို၊ ဦးကိုနီကိုသတ်သူဟာလဲ လွတ်နေပါတယ်။ ဝီဝီ့ကိုလဲ ဖမ်းမရပါ။ ဒါကြောင့် ပြဿနာက ခြေဥပါ။

ဒါဆို ငါတို့ကဘာလုပ်ရမလဲ။ တိုင်းရင်းသားတွေထဲမှာ ဦးညီပုလောက်၊ ဒေါ်နန်းခင်ထွေးမြင့်လောက်ဖယ်ဒရယ်လိုချင်သူ မရှိနိုင်ပါ။ အကောင်းဆုံးက NLD ကနေတဆင့် မဲနိုင်အောင်လုပ်ပြီး ခြေဥပြင်နိုင်အောင် ဝိုင်းတွန်းဖို့ပါ။ ဖယ်ဒရယ်ဟာ တိုင်းပြည်ရဲ့အဖြေပါ။ ဒါကို အငြင်းမပွါးပါ။ ဒါပေမယ့် အဲ့ဒီဖယ်ဒရယ်ရအောင်က NLD နိုင်မှဖြစ်မှာပါ။ မေမေနိုင်မှ ဖြစ်မှာပါ။


Photo credit: Peacock News

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Albert Wint
Albert Wint
Sep 03, 2020

၁၉၂၀မြန်မာ့မျက်ပွင့်နိုင်ငံရေးပေါ်လစီ/ဝါဒ/လမ်းစဥ်အသီးသီးဖြတ်သန်းကျော်လွန်ခဲ့သမိုင်းအဆက်ဆက်မှာယခုဒေါ်အောင်ဆန်းစုကြည်၏ပြည်ထောင်စုဖက်ဒရယ်သမ္မတသမတနိုင်ငံလမ်းစဥ်ပေါ်လစီ/ဝါဒ/လမ်းစဥ်သည်သာမြန်မာနိုင်ငံနှင့်အကိုက်ညီဆုံး အထိရောက်ဆုံး အမှန်ဆုံးမို့ကျွန်တော်၏နိုင်ငံရေးအပေါ်ပြန်ပြောင်းလက်ခံ အားပေးရခြင်းဖြစ်ပါသည် မြတ်ထွန်းဦးလက်ခံ ရေးသား ရှင်းပြမှုကိုလဲအလွန်သဘောကြ ကြိုက်နှစ်သက်အမြဲအရင်ဆုံးဖတ်ပါသည် ဖတ်ရလို့ကျေးဇူးတင်ပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page