top of page
Search

ပြည်ထောင်စုစိတ်နှင့်ကိုဗစ်

Writer: Myat Tun Oo
Myat Tun Oo
Aug 27, 2020
1 min read

ကိုဗစ်ဟာ ယခုရခိုင်ပြည်မှာ ဖြစ်နေပါတယ်။ ဒီနေရာမှာ ဖြစ်ဖြစ်ချင်း အစိုးရက ထိန်းချုပ်ဖို့ အိမ်မှာနေတာတွေ ညမထွက် အမိန့်တွေနဲ့ စပါတယ်။ နောက် ရခိုင်က ကျန်းမာရေးဝန်ထမ်းတွေကို ကူညီဖို့အတွက် ရန်ကုန်နဲ့ မန္တလေးက လုပ်အားပေးမဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပို့ပါတယ်။ မန်းဝကခက သူတို့နဲ့တွေ့ အားပေးစကားပြောသလို ရန်ကုန် ဝကခကလဲ ရန်ကုန်က ဆေးရုံတွေ ဘယ်လိုကူမလဲအစည်းအဝေးလုပ်ပါတယ်။ အင်မတန်မှ စနစ်ကျပါတယ်။ ဒီလိုမျိုး ကုန်စည်ပို့ဆောင်ထောက်ပံ့ရေးlogistic ကို လုပ်လေ့ရှိတာက စစ်တပ်တွေပါ။ ဒါပေမယ့် လက်ရှိအရပ်သားအစိုးရဟာ အင်မတန်မှကောင်းမွန်စွာ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ စစ်တွေက အိမ်ထောင်စု သုံးသောင်းကိုလဲ တစ်အိမ်ထောင် နှစ်သောင်းထောက်ပံ့ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ပေမယ့် အစိုးရမကောင်းကြောင်း ထိုင်ပြောလိုသူများကတော့ စစ်တွေမှာ ပိုက်ဆံရှိရင်တောင် စားစရာမရှိ ဘာညာဆိုပြီး ဆက်ခြောက်ပါတယ်။

အစိုးရက စစ်တွေမှာ လိုအပ်ရင် ဝေငှဖို့ သိုလှောင်ထားတာရှိသလို ဒီနေ့ဘဲ နောက်ပိုင်းလိုအပ်ရင်သုံးဖို့ဆန် တန် ၂၅၀၊ ဆီ တန် ၂၅၀ ကို သင်္ဘောနဲ့ တင်ပို့လိုက်ပါပြီ။ ဓာတ်ခဲအနေနဲ့ လမ်းက ဖြတ်မတိုက်ပါနဲ့လို့ ပြောပါရစေ။ ဖြတ်တိုက်ရင်တော့ မိမိလူမျိုးထိမှာပါ။ ကုန်းလမ်းကတော့ လုံခြုံရေးအရ ပို့ရခက်နေပါတယ်။ အားလုံးအဆင်ပြေပါစေ။ လက်ကို ဆပ်ပြာနဲ့ ၂၀ စက္ကန့်ဆေးပါ။ နှာခေါင်းဖုံးတပ်ပါ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page