top of page
Search

ပြည်တော်ဝင်မည့် PDF

Writer: Myat Tun OoMyat Tun Oo


NUG ရဲ့ PDF ဖွဲ့စည်းပုံကို ဝေဖန်ကြတာရှိပါတယ်။ အများစုက လက်နက်ကိစ္စပါ။ ဒီနေရာမှာ အများစုက NUG အောက်က PDF နဲ့ ဒေသအချို့မှာ မအလကို မိမိဖာသာ ထချတဲ့အဖွဲ့တွေကလဲ PDF မိုလို့ မသဲကွဲတာပါ။ သာမန်ပြည်သူမျက်စိမှာက အားလုံးက PDF ဖြစ်နေလို့ပါ။

NUG ဟာ သူ့ထံမှာ စစ်မှုထမ်းလိုသူများကို စနစ်တကျစီစစ်တာ၊ ကိုယ်ပိုင်နံပတ်ထုတ်ပေးတာ၊စစ်သင်တန်းပေးတာတွေလုပ်ပြီး မိမိလက်အောက်ခံအဖွဲ့များအတွက် လက်နက်တပ်ဆင်မှုကိုစနစ်တကျလုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ ၂၁ ရာစုမှာ အချို့အဖွဲ့တွေက လိုင်းပေါ်မှာအင်တာဗျူးတက်ပေးပြီး ဘယ်ကိုတိုက်ပြီဘာညာဆိုတော့ ပြည်သူတွေကလဲ NUG ထက် ထိုအဖွဲ့များကို တိုက်ရိုက်လှူလိုတာရှိတတ်ပါတယ်။ ဒါကိုလဲ NUG က သိပ်အငြင်းမပွါးဘဲ မိမိလုပ်နေတဲ့လမ်းကြောင်းကို စနစ်တကျလုပ်သွားတာတွေ့ရပါတယ်။ ဘယ်အဖွဲ့မဆို မိမိဩဇာခံ အရပ်သားအစိုးရကို ဩဇာခံသူကိုသာလက်နက်တပ်ဆင်ပေးရမှာပါ။ ဒါက ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ မိမိက လက်နက်ကိုင်ပြီးရွေးကောက်ခံအစိုးရကို မင်းကဘာမှမသိလို့ မင်းဩဇာမခံဘူးဆိုရင် ဘာတပ်တော်ဖြစ်ဖြစ် မအလတပ်မျိုးသာ ဖြစ်သွားမှာပါ။ နောက် စစ်ထဲဝင်တာဟာ ဘတ်စကားမှတ်တိုင်လို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်မရပါ။ သူ့စာချုပ်နဲ့ သက်တမ်းနဲ့ စစ်မှုထမ်းရတာပါ။ စစ်စည်းကမ်းလဲ လိုက်နာရပါတယ်။

NUG ဟာ ပထမပိုင်းမှာ ရံပုံငွေပွဲလောက်က အလှူခံငွေ၊ ငွေတိုက်စာချုပ် ရောင်းရငွေအပေါ်မှာသာမူတည်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ လစဉ် တော်လှန်ရေးမိသားစုထောက်ပံ့ငွေကလဲ အဆင်ပြေလာတာတွေ့ရပါတယ်။ ဘီဘီစီ အင်္ဂလိပ်ပိုင်းက တော်လှန်ရေးလုပ်နေတဲ့ မြိုင်က မဟူရာနဲ့ ကိုမျိုးတို့ကိုအင်တာဗျူးရာမှာလဲ သူတို့ဘာကြောင့်စစ်ထဲဝင်တယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။ သူတို့ဟာအရပ်သားအစိုးရကို မအလတပ်က လက်နက်အားကိုးဖြုတ်ချတာမကြိုက်လို့ အမေစုကိုဖြုတ်ချတာမကြိုက်လို့ သူတို့အနာဂတ်ပျက်သွားတာကိုမကြိုက်လို့ လက်နက်ကိုင်တိုက်တယ်ဆိုတာ အတိအလင်းပြောသွားခဲ့ပါတယ်။

နောက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ စိန်ခေါ်စမ်းသပ်ချက်အချို့ကိုလဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ယင်းမာပင်ကိစ္စ ဝိုင်းထိုးနှက်ချိန်မှာ ဒေသခံစစ်ခေါင်းဆောင်က တာဝန်ယူမှုတာဝန်ခံမှုနဲ့ အမိန့်နာခံသွားတာဟာ သမိုင်းလှသွားခဲ့ပါတယ်။ ဒါက PDF ဟာ အရပ်သားအစိုးရရဲ့ အမိန့်နာခံမှုရှိတယ်ဆိုတာကို ပြသွားခဲ့တာပါ။

မနေ့က PDF အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ သင်တန်းဆင်းပွဲကို ကြည့်လိုက်ရပါတယ်။ မိန့်ခွန်းပြောသူက အရပ်သားပါ။ နောက်လက်နက်တွေ အတော်အသင့်တွေ့ရပါတယ်။ သူတို့ဟာ တီးဝိုင်းတွေဘာတွေနဲ့ မအလနားရွက်ကို တံတွေးဆွတ်နေပုံပါ။ ဒီကိစ္စက ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာတိုင်းရင်းသားလက်နက်ကိုင်နယ်မဟုတ်ဘဲ ဗမာနယ်မှာဖြစ်နေလို့ပါ။

ဒါ့အပြင် စာရေးသူတို့ PDF တွေဟာ ပညာတတ်တွေပါနေလို့ တီထွင်မှုတွေလဲ အမြဲလုပ်နေတာတွေ့ရပါတယ်။ မိုင်းတွေက ပိုအားကောင်းလာသလို အမျိုးသမီးတွေကတောင် မိုင်းလုပ်တတ်နေတာဟာတော်လှန်ရေးရဲ့ အင်အားကြီးတာကို ပြနေပါတယ်။ နောက် အမေရိကန်က မောင်းသူမဲ့ကို ဒေါ်လာငါးသန်းလောက်ထုတ်ပြီး ပစ်နေချိန်မှာ စာရေးသူတို့ PDF တွေက ဒေါ်လာ ၅၀၀ နဲ့ ဖြစ်အောင်လုပ်ပြီး သူနဲ့လိုက်ဖက်တဲ့ဗုံးကို တီထွင်လာတာတွေ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက မကူညီလို့ ဘာလက်နက်မှ မရနိုင်ချိန်မှာတောင် တာဝေးပစ်အမြောက်တွေကို စထုတ်လာနေတာ အံ့ဩစရာပါ။ အချို့လက်နက်ကိုလူအင်အားနဲ့ညီအောင် ပြည်တွင်းမှာထုတ်လာတာဟာလဲ လချီလာတာနဲ့အမျှ နည်းပညာကလဲ မြင့်လာပါပြီ။ တာလီဘန်နဲ့ ပါလက်စတိုင်းတောင် မိမိလက်နက်ကို မထုတ်ခဲ့ပါ။ မြန်မာက မိမိလက်နက်ကအစထုတ်နေတာပါ။

ဒီကြားထဲမှာ NUG လုပ်တာကို အားမရလို့ မအလတပ်ကလဲ လက်နက်တွေကို လာလှူနေတာရှိပါသေးတယ်။ မကြာသေးခင်လတွေမှာ NUG က သူ့ရဲ့ PDF တွေကို လစာထုတ်ပေးနိုင်တာဟာလဲ ကြီးမားတဲ့အောင်မြင်မှုပါ။

အကျဉ်းချုပ်ရရင် PDF ဟာ အလွင့်တလူလူနဲ့ တက်နေပါတယ်။ ရွာတွေကို မအလတပ်က မီးရှို့တာ၊လူသတ်တာဟာ စိတ်မကောင်းစရာပါ။ ဒါပေမယ့် စာရေးသူတို့နိုင်နေလို့ မအလတပ်က ရှက်ရမ်း ရမ်းနေတာပါ။ အချိန်က စကားပြောလာနေပါပြီ။ PDF က အရှိန်ရလာနေပြီး တားမရတော့ပါ။ PDF ကပြည်တော်ဝင်ပါတော့မယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

5 Comments


Johnny JOE
Johnny JOE
Apr 25, 2022

What happened to Yin Mar Pin leader ????

Like
Myat Tun Oo
Myat Tun Oo
Apr 25, 2022
Replying to

He is under investigation. He is not under payroll of NUG yet. He will be on trial when we finish revolution. He will be in jail when MAL is in jail.

Like

အမေ့သား ပေါက်ကြီး
အမေ့သား ပေါက်ကြီး
Apr 25, 2022

ဆရာရေ မအလတပ်ကို pdf က မိုင်းဆွဲ ဝိုင်းတိုက် မအလတပ်က နီးတဲ့ရွာမီရှို့ လုပ်တာ ဒါပေမဲ့ မီးမရှို့ခင် ကောင်းတဲ့ သယ်နိုင်တဲ့ပစ္စည်းယူပီးမှရှို့တာ ရွာထဲဝင်တယ်ဆိုမမြင်ခင်ပြေးရတော့တာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page