top of page
Search

ပြည်တွင်းရေးကို ပြည်ပအရေး ဘယ်လိုပြောင်းမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 14, 2021
  • 1 min read

မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံ အများစုက ပြည်တွင်းရေးမိုလို့ ဝင်ရောက်မစွက်ဖက်ပါနဲ့ ဘာညာဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ အကြမ်းဖက်မအလအစိုးရကို အစည်းအဝေးပေးတက်စေခြင်း မြန်မာပြည်က မအလလက်အောက်မှာ ရင်းနှီးမြုပ်နှံခြင်းဖြင့်လဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာပါ။ နောက်သူတို့စိုးရိမ်တာက မြန်မာပြည်မှာ ပြည်သူကပုန်ကန်လို့ တပ်မရှိရင် အီရတ်လိုဖြစ်သွားမယ်၊ ဆီးရီးယားလိုဖြစ်သွားမယ် မတည်ငြိမ်ဘူး ဒါ့ကြောင့် မအလအကြမ်းဖက်အုပ်စုကို မဖြုတ်ချဘဲ သူတို့ဆင်းသွားအောင် သူတို့ကတိအတိုင်းသာ တွန်းရမယ်ဆိုပြီးစင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo က ပြောသွားတာပါ။ သူ မပြောသွားတာက မြန်မာပြည်ဒီမိုကရေစီရအောင် ဘယ်လိုကူညီရင် ရနိုင်လဲဆိုတာ မပါပါ။ စင်ကာပူနဲ့ တရုတ်နိုင်ငံရဲ့အဓိကရည်မှန်းချက်က သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ မထိခိုက်အောင်ပါ။

ဒီနေရာမှာ စာရေးသူဟာ တရုတ်နိုင်ငံ ဆန့်ကျင်ရေးသမား မဟုတ်ပါ။ တရုတ်က အာဏာသိမ်းခိုင်းတယ်ဆိုတဲ့ သီအိုရီကိုလဲ ယုံကြည်သူမဟုတ်ပါ။ မအလပြောခဲ့တာက ရုရှားကာကွယ်ရေးဝန်ကြီးပါ။ ဒါပေမယ့် တရုတ်နဲ့ မအလဟာ ပြည်သူကို ဖြိုခွင်းတဲ့စရိုက်ကတော့ တူပါတယ်။ ယခုပွဲမှာ တရုတ်ကသာမအလကို ဖိအားပေးလိုရင် အမေရိကန်က ဝေးနေပြီး တရုတ်က ဝ တပ်ကို နယ်စပ်ကနေ တိုက်ခိုင်းလိုက်တာနဲ့ ပြည်မကတပ်တွေဟာ အလုံးအရင်းနဲ့ ရှမ်းပြည်ကို ရွှေ့ရမှာပါ။ မရွှေ့ရင်လဲ နယ်မြေတွေ လက်လွတ်ဆုံးရှုံးရမှာပါ။ တရုတ်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီ အင်အားစုကို ကူညီလိုရင် ကူညီလို့ရပါတယ်။

ယခုအချိန်အထိ စာရေးသူတို့ဟာ အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲသာ လုပ်ဆောင်ခဲ့ပါတယ်။အကြမ်းဖက်သမားတွေ တပ်စွဲထားတဲ့ ရဲစခန်းတွေ၊ စစ်စခန်းတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ တိုင်းစစ်ဌာနချုပ်တွေကို ဘာမှမလုပ်ခဲ့ပါဘူး။ ရန်သူဟာ ဆန္ဒပြပွဲကို ခြိမ်းခြောက်ပစ်တာမဟုတ်ဘဲလိုက်ဖမ်းတာအထိပါ လုပ်လာတာတွေ့ရမှာပါ။ သူ့ကို သွားမဝိုင်းထားလို့ သူက လွတ်လပ်စွာ လှုပ်ရှားပြီး ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းကားနေတာပါ။

ဒါဆို ဘယ်လိုလုပ်မလဲ? သူဟာ ပြည်သူတွေ NLD အမတ်တွေ ပါတီဝင်တွေကို လာဖမ်းနေပေမယ့်ပြည်သူကသာ သူပိုင်ဆိုင်တဲ့ ဆိုင်တွေ၊ ရုံးခန်းတွေ၊ စက်ရုံတွေကို အကြမ်းဖက်သမားအားပေးနေရာများဖြစ်လို့ တိုက်ခိုက်လာရင် တပ်တွေ အထိုင်ထားပြီး ကာကွယ်ပေးနိုင်ဖို့ ခက်ပါတယ်။ သူ့စက်ရုံတွေမီးလောင်သွားရင် ပြန်ပြင်ဖို့က အချိန်ယူရပါမယ်။ ဒါကအကြမ်းဖက်လက်နက်ကိုင်တွေ တပ်စွဲထားတဲ့နေရာတွေကို သွားမတိုက်နိုင်ရင်တောင် သူတို့ပိုင်ဆိုင်တဲ့ အရာတွေကို ပြည်သူက တိုက်ခိုက်နိုင်ပါတယ်။ ဥပမာ ဒလန်အိမ်ကဒလန်ကို အကြမ်းဖက်သမားအနေနဲ့ စီရင်တာ၊ သူ့အိမ်ကို နေမရအောင်လုပ်တာမျိုးပေါ့။ ကမ္ဘာပေါ်မှာလဲ အကြမ်းဖက်သမားတွေကို ထိုနည်းတူသာ တိုက်ပါတယ်။ ဥပမာအကြမ်းဖက်အားပေး မော်ဒယ်ကို အရက်ထဲက မောင်းထုတ်တာမဟုတ်ဘဲ သူ့အိမ်ကို ဖျက်ဆီးလိုက်ရင် သူမပြန်လာစရာ နေရာမရှိတော့ပါ။ အစ္စရေးမှာဆို အကြမ်းဖက်သမားအိမ်ကို ဘူဒိုဇာနဲ့ထိုးပြီးကိုဖျက်စီးတာပါ။ ဇော်မင်းထွန်းအမေအိမ်၊ မအလအစ်ကိုအိမ်ဟာ အကြမ်းဖက်သမားအားပေးအိမ်တွေပါ။ ဒါက အကြမ်းဖက်အဖွဲ့နဲ့ သူတို့ရဲ့ သတင်းပေး ဒလန်များကိစ္စပါ။

နောက် တရုတ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံဟာ ဘယ်သူ့ဘက်က ရပ်တည်လဲဆိုတာကို ထင်ထင်ရှားရှား ပြသရပါမယ်။ အကယ်၍သာ တရုတ်နဲ့ စင်ကာပူပိုင် စက်ရုံအလုပ်ရုံတွေကို ပြည်သူတွေက ဒေါသနဲ့ တုန့်ပြန်ခဲ့ရင် မအလဟာ လုံခြုံရေးပေးရမှာပါ။ မပေးနိုင်ခဲ့ရင် အဆိုပါကိစ္စကို တရုတ်ရော အာဆီယံကပါပြည်တွင်းရေးလို့ ပြောမှာ မဟုတ်တော့ပါဘူး။ ရခိုင်နဲ့ ကချင်မှာ စီးပွါးရေးလုပ်သူများဟာ မအလနဲ့AA, KIA တို့ကို ဆက်ကြေးပေးရပါတယ်။ ယခုအချိန်မှာ ပြည်သူတွေကို ပြည်တွင်းရေးဆိုပြီးစော်ကားနေတာက ပြည်သူက အဆိုပါနိုင်ငံတွေရဲ့ အကျိုးစီးပွါးကို သွားမထိသေးလို့ပါ။

အချို့ကိစ္စတွေမှာ ပြည်တွင်းရေးဆိုပြီး ဝင်မစွက်ဖို့ ပြောသူတွေကို ပြည်ပရေးဖြစ်အောင် လုပ်လို့ရတဲ့နည်းလမ်းတွေ များစွာရှိပါတယ်လို့ ပြောပါရစေ။

အားလုံးကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး အကြမ်းဖက်သမားတွေကို တိုက်ထုတ်ရမှာပါ။ ပြည်သူသာ အဓိကပါ။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page