top of page
Search

ပြည်တွင်းနဲ့ ပြည်ပ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2021
  • 1 min read

မအလဟာ အာဆီယံက အစည်းအဝေးမဖိတ်လို့ တပ်တွင်းမျက်နှာမလှ ဖြစ်ခဲ့ပါတယ်။ ထိုအချိန်မှာ ဘီလ်ရစ်ချတ်ဆန်က မြန်မာပြည်လာမယ်ဆိုတော့ သူ့အတွက် ဝါဒဖြန့်ရာမှသုံးဖို့ ဂွင်ဖြစ်သွားခဲ့ပါတယ်။ရစ်ချတ်ဆန်ကလဲ သူ့အကျိုးမရှိရင် မလာပါဘူး။ သူ့နိုင်ငံသား သတင်းထောက်ကို လွှတ်ပေးနိုင်မလားကြိုညှိပြီး လွှတ်ပေးနိုင်ဖို့ရှိတယ်ဆိုလို့ လာတာပါ။ သူက DASSK နဲ့ ဖိုက်ခဲ့သူမိုလို့ DASSK နဲ့ တွေ့ဖို့ မတောင်းတာ သေချာလို့ မအလအတွက်လဲ သိပ်ခေါင်းမစားဘူးပေါ့။ ဒီနေရာမှာ အမေရိကန်သတင်းထောက်ကိုဖမ်းတာက ယခင်က Myanmar Now က ဦးကိုနီသက်တဲ့အမှုမှာ မအလ PSO ပါတာကိုဖော်လို့ အငြိုးထားတာက စပါတယ်။ သူက အမေရိကန်နိုင်ငံသားမိုလို့ ကံကောင်းသွားတာပါ။

ဒီနေရာမှာ ဂျပန်ဆာဆာကာဝါကလဲ မအလတပ် AA နဲ့ ပြန်တိုက်ဖို့ဖြစ်နေချိန်မှာ မအလက စစ်မျက်နှာထပ်ဖွင့်ဖို့ မဖြစ်နိုင်လို့ ဆာဆာကာဝါကိုခေါ်ပြီး AA ကို ချော့ခိုင်းတာပါ။ ကျန်နဲ့ EAO တွေနဲ့လဲ ညှိခိုင်းပြီး NUG နောက်မပါအောင် ခွဲထုတ်ဖို့ပါ။ မအလက အမေရိကန်သတင်းထောက်လွှတ်တာကို ဆာဆာကာဝါရဲ့ တောင်းဆိုမှုလို့လဲ နာမည်ထည့်ပေးလိုက်ပါတယ်။

ဒီလူနှစ်ယောက်ဟာ အစိုးရကိုယ်စားလှယ်များမဟုတ်ပါ။ ဒါကို မအလက အကြီးအကျယ်မြဝတီတွေသတင်းတွေမှာတင်ပါတယ်။ ဒါပေမယ့် တရုတ်ကိုယ်စားလှယ်လာတာနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလာတာကို သတင်းမထုတ်ပြန်တာ ထူးဆန်းစွာတွေ့ရပါတယ်။ သူတို့တွေဟာ အစိုးရတရားဝင်ကိုယ်စားလှယ်တွေမိုလို့ မအလလို တရားဝင်မှုလိုချင်တဲ့ လူရာဝင်လိုသူအတွက် အခွင့်ကောင်းပါ။တရုတ်ဟာ DASSK နဲ့ တွေ့ဆုံခွင့် မအလကို တောင်းထားပါတယ်။ အာဆီယံနဲ့သဘောတူထားတာကိုလုပ်ဖို့ တရုတ်ကရော ထိုင်းကရော ထပ်ပြောသွားခဲ့ပါတယ်။ ထိုင်းက သူ့ဝကခ ပြောခိုင်းတာကို လာပြောသွားတာပါ။

ယခုလောလောဆယ် မအလစိတ်ပူနေတာက PDF တွေက ရန်ကုန်မှာတိုက်နေသလို ရန်ကုန်-မန္တလေးလမ်းကို ခပ်စိပ်စိပ်တိုက်လာရင် ဘာလုပ်ရမလဲဆိုတာပါ။ မအလတပ်က မင်းတပ်တို့ မတူပီတို့ကိုစားနပ်ရိက္ခာဖြတ်နိုင်ပေမယ့် ယခုတိုက်တာတွေ ရန်ကုန်-မန္ဒလေးကားလမ်းပေါ်မှာ များလာရင် ဘာဆက်လုပ်ရမလဲ ဆွေးနွေးနေကြပါတယ်။ ရထား၊ ကားလမ်း၊ ရေလမ်းတွေထိရင် သူ့တပ်ရိက္ခာပို့လမ်းကြောင်း ထိလာနိုင်လို့ပါ။ တကယ်လုံခြုံရေးပေးရရင် တပ်တွေအများကြီးလိုမှာဖြစ်ပြီး အဆိုပါတပ်တွေကိုယ်တိုင်က ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ နောက်စစ်ကိုင်း၊ ချင်းမှာ သူစစ်ဆင်နေချိန် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပုသိမ်လမ်းတွေကို PDF တွေ စတိုက်လာရင် ဘာလုပ်ကြမလဲ so what?😀 ကို တပ်ထဲမှာ ဆွေးနွေးပြီး သက်ပြင်းချနေကြပါတယ်။

သူတို့က NUG ရန်ပုံငွေမရအောင် ကောလဟာလထုတ်ဖို့ PDF နဲ့ NUG၊ NUG နဲ့ သူ့ထောက်ပံ့သူတွေကြား သွေးခွဲဖို့၊ သွေးခွဲရာမှာ ပုံမှန် တပ်ထောက်ခံသူအကောင့်ကို မသုံးဘဲ နိုင်ငံခြားက အကောင့်ကိုသာသုံးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အကျဉ်းချုပ်ရရင် သူ့မှာနိုင်ငံခြားက ဖိအားရှိပေမယ့် သူကြောက်တာက PDF တွေ လက်နက်ကောင်းကောင်း ရသွားမှာကိုပါ။ ဒါဟာ အစည်းအဝေးမှာ ဆွေးနွေးတိုင်း ပေါ်လွင်ပါတယ်။ ကြောက်တာက ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ပြည်လမ်းကို PDF က စိုးမိုးသွားမှာကိုပါ။သူကPDF ထံ လက်နက်မရောက်ဖို့ NUG ကို ဆိုက်ဝါးနဲ့တိုက်ဖို့ ယခုထက်အရှိန်မြှင့်လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ပြည်သူတွေက ဘယ်သူ့စကားမှ နားမယောင်ပါနဲ့။ စင်ကာပူက ဘယ်ဆယ်လီက ဘာပြောပြော ဂျပန်က ယခင် ABSDF ခေါင်းဆောင်ဟောင်းက ဘာပြောပြော နားမယောင်ပါနဲ့။ စာရေးသူစကားလဲ နားမယောင်ပါနဲ့။ ကိုမင်းကိုနိုင်စကားနားထောင်ပါ။ NUG ရဲ့ ဆုံးဖြတ်ချက်ကို နားစွင့်ပါ။NUG Bond ငွေတိုက်စာချုပ်ရောင်းရင်ဝယ်ပါ။ ကျည်ဆန်ဆိုတာ အလကားမရပါဘူး။ ပိုက်ဆံမကုန်ဘဲနဲ့ ငြိမ်းချမ်းရေးမရပါဘူး။ များများလှူရင် မြန်မြန်ရပါမယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Nov 16, 2021

ဦးမြတ်!!! ကျန်သွား၍ ဖြည့်စွက်ဖတ်ရှုပေးပါရန်။

ပြည်တွင်းမှာကလည်း အင်န်ယူဂျီနှင့် ကေအိုင်အေ ခေါင်းဆောင်အကြီးအကဲများ နားလည်မှုရ၍ သေွးစည်းညီညွတ်ရေး နှစ်ဖက်ကြည်ဖြူစွာဖြင့်လက်မှတ်ထိုးခဲ့ပြီးဖြစ်ပါသည်။ထို့နောက် CNF။


Like

Myint Soe Oo
Myint Soe Oo
Nov 16, 2021

ဦးမြတ်!!! လောကသည် မငြိမ်သက်၊ လှုပ်ရှားမှုများဖြင့် အစဉ် ပြောင်းလဲ ဖြစ် ပျက် နေ၏။ ( ဗုဒ္ဓဘုရားရှင် အဆုံးအမ)

လွန်ခဲ့သော နှစ် ၃၀ ကျော်ကကာလနှင့် ယခုအချိန် ပြောင်းလဲမှု အဟ များလွန်းပါသည်။

ဟိုးအချိန်က ခရစ္စတိုဖာ ဂန်းနစ် ၊ လစ်တနာတို့ စကားကိုသာ လေထဲကသာ

ကြားခဲ့ရသည့်ကာလ။

၂၀၂၁မှာတော့ ထန်တလန် မီးလောင်တယ်။ နာရီမဆိုင်း မီးလောင်ပြင်ကို ပကတိတရားအတိုင်း အရှေ့ အနောက် ထိုးဖောက်မြင်ရသည့်ကာလ။ နတ်မောက်ဈေး ရှို့မီးလို့သာပြောတယ်လောင်မြိုက်ကျွမ်းမှုက ရှို့မီးမဟုတ်ကြောင်း ပံုများနှင့်တကွ ကမ္ဘာပတ်၍ ပြခဲ့ပါပြီ။

ဟိုတုန်းက ဂမ်ဘီရ လား၊ ဂမ်ဘာရီလား

လာခဲ့ပါသည်။ အဖိုးအနဂ္ဃထိုက်သော ဂမ္ဘီရ ပစ္စည်းများ ရသွားလေလားမသိ။လာတုန်းက မည်းမည်း မည်းမည်းနဲ့ ၊ အပြန်မှာတော့ ဘာ ဆင် လိုက်သည် မသိ။ အေးချမ်းစွာ ပြန်သွားပါပြီ။

ယခုလည်း ဖမ်း စတား။ ဘာတွေဖမ်းပြီး စား သွားသည်မသိ။ နတ်သုဒ္ဓါများစားသလား? လူ့ပြည် အနှစ် ၅၀ မှ နတ်အောက်ဘုံက ၁ ရက်ဟု ဘာသာစာပေမှာ လေ့လာ၍ သိရှိရပါသည်။ ၁၁ နှစ်၊ ဒါပေမယ့် ဖမ်း စတားအတွက် ၃ ရက်။နတ်တို့သနင်း သကြားမင်းလက်နက် မိုးကြိုးစက် ဟူ၍လည်း ကြားဖူးပါသည်။

ခေါင်းဝါကြီး ရှေ့အဆက်ဆက်က အပြောလျော့ အလုပ်နဲ့ချည်း သက်သေပြကြ၍ ဘွဲ့ဖြူလက်နက် ကိုကြောက်ကြပါသည်။ခုခါ လေကမ္ဘာ ဖြစ်သမို့ မိုးဦးကျ မှိုများကဲ့သို့။ အာဖရိကမှာ

ဂီနီ ဆူဒန်တို့လည်း တို့လည်း လိုက်မယ် ချန်မထားနဲ့ ဆိုပြီး အမှီလိုက်လာကြပါသည်။ ခေါင်းဝါကြီးနှင့် ရှေ့အဆက်ဆက်ကတော့ ဟိတ်!!!ဆိုလျှင် တိတ်ကုန်ကြရပါသည်။ မိုးကြိုးထက်ပြင်းတဲ့ ဘွဲ့ဖြူလက်နက်ကိုး။ မိုးကြိုးဆိုတာကလည်း ခြိမ်းခြောက်ရုံ တဂျိမ်းဂျိမ်းနဲ့ အဆန်မပါသော အခွံ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page