top of page
Search

ပြည်တွင်းစစ်မှာရဟတ်ယဉ်သုံးလို့ရလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 13, 2019
  • 1 min read

ပြည်တွင်းစစ်မှာရဟတ်ယဉ်သုံးလို့ရလား

ကိုဇော်ဌေးကသတင်းစာရှင်းလင်းပွဲမှာရဟတ်ယဉ်မသုံးဘူးသွားပြာတော့ဟိုကပုံပြလို့လိမ်သလိုဖြစ်သွားပါတယ်။ဒီနေရာမှာစာရေးသူသာဆိုမဖြေဘဲတပ်ကိုသွားမေးပါလို့သာပြောလိုက်ပါ့မယ်။

သူ့နေရာမှာပြည်တွင်းစစ်မှာရဟတ်ယဉ်သုံးခွင့်ရှိမရှိကိုစစ်သားအနေနဲ့ဖြေပါမယ်။

ကမ႓ာ့ဥပမာကိုကြည့်ပါ။အမေရိကန်ဟာအာဖဂန်ကိုဝင်တိုက်ပါတယ်။အာဖဂန်စစ်တပ်ဟာလေယဉ်မရှိပါ။ဒါကြောင့်မိုလို့အမေရိကန်ကသတ္တိရှိတယ်ဆိုပြီးဓားဓားခြင်းဒုတ်ဒုတ်ခြင်းမချပါ။ဒါကတိုက်ခါစပါ။ပြီးတော့အာဖဂန်ကိုတရားဝင်သိမ်းပါပြီ။တာလီဘန်ကခံတိုက်ပါတယ်။ဒါကနိုင်ငံတွင်းပြည်တွင်းစစ်ပါ။အဲဒီမှာရဟတ်ယဉ်ရော၊လေယဉ်ရောအကုန်သုံးပါတယ်။တာလီဘန်ကဘာရဟတ်ယဉ်မှမရှိပါ။ပြီးတော့အီရတ်။အီရတ်မှာဝင်သိမ်းခါစကဗုံးကြဲတာလူတိုင်းသိမှာပါ။ပြီးတော့ဟိုကသူပုန်ထတော့အမေရိကန်ဟာလေတပ်မရှိတဲ့သူပုန်တွေကိုရဟတ်ယဉ်ရော၊လေယဉ်ရောသုံးတိုက်ပါတယ်။ဘီဘီစီအသံလွှင့်ဌာနရဲ့သခင်အင်္ဂလိပ်ဟာလဲအီရတ်မှာရဟတ်ယဉ်သုံးတိုက်ပါတယ်။မြန်မာပြည်ကျမှဘီဘီစီကအတိတ်မေ့သလိုလုပ်နေတာပါ။

ယခုအမေရိကန်တပည့်ဆော်ဒီကယီမင်ပြည်တွင်းစစ်မှာလေယဉ်နဲ့ဗုံးကြဲသလိုရဟတ်ယဉ်၊ဒုံးပျံအကုန်သုံးပါတယ်။အစ္စရေးကလဲသုံးပါတယ်။ဒါကြောင့်အဖြေကသုံးလို့ရပါတယ်။ဒါဟာလူအများသိအောင်ရေးပြတာပါ။အင်္ဂလိပ်ဟာမြန်မာပြည်ကိုမြန်မာစစ်တပ်ကအမြှောက်မရှိလို့ဆိုပြီးဗန္ဓုလကိုဓားခြင်းယှဉ်ခုတ်ပြီးမတိုက်ပါဘူး။စစ်ရဲ့သဘောအရရန်သူ့ကိုနိုင်မယ့်လက်နက်ရွေးပါတယ်။

သူပုန်ကသူပုန်စကားပြောမှာဖြစ်သလိုစစ်တပ်ကလဲသူ့စကားပြောမှာပါ။

ဒီနေရာမှာဘာအရေးကြီးဆုံးလဲဆိုတော့တပ်ဟာအရပ်သားအစိုးရစကားနားထောင်တဲ့တပ်မတော်ဖြစ်ဖို့ပါ။

အချို့ကတွေ့ဆုံဆွေးနွေးလိုက်ရင်အရာအားလုံးပြေလည်မယ်လို့ထင်သူများလဲရှိမှာပါ။ဟစ်တလာနဲ့တွေ့တာအဆင်မပြေလို့ဒုတိယကမ႓ာစစ်ဖြစ်သွားတာပါ။ဒီနေရာမှာတပ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုအောက်မှာရပ်ဆိုရပ်ပြီးတိုက်ဆိုမှတိုက်ရင်အဆင်ပြေပါမယ်။

ယခုလေးလအတွင်းမှာနှစ်ဖက်ဆွေးနွေးပြီးငြိမ်းချမ်းအောင်လုပ်ဖို့တိုင်းရင်းသားလက်နက်ကိုင်များကစဉ်းစားပါ။DASSK လဲသင်တို့တောင်းတာကိုရအောင်အတတ်နိုင်ဆုံးလုပ်ပေးခဲ့ပြီးပါပြီ။ဒီနေရာမှာကုလကိုမျှော်သူလဲရှိမှာပါ။ဒါပေမယ့်တရုတ်ရဲ့ဇင်ဂျန်(Xinjiang) ပြဿနာကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်ကိုတရုတ်ကကာကွယ်ပေးမှာပါ။အားလုံးဟာမိမိအိမ်တွင်းရေးကိုပြေလည်အောင်DASSK အာဏာရအောင်လုပ်ခဲ့တဲ့ဥပမာကိုယူပြီးကြိုးပမ်းပါလို့ပြောချင်ပါတယ်။

မဟုတ်ရင်တော့ဆီးရီးယားမှာလဲအနောက်နိုင်ငံကမြှောက်ပေးလို့ချကျတာပါဘဲ။ဒါပေမယ့်ခံရရင်တော့ပြည်သူနဲ့အတူမဟုတ်ပါ။

တပ်အနေနဲ့လဲဒေါ်အောင်ဆန်းစုကြည်စကားနားထောင်မှရှေ့ဆက်အဆင်ပြေမှာပါ။သူ့စကားနားထောင်တဲ့ကြားကသူပုန်ကတိုက်ရင်သူမကိုထောက်ခံတဲ့ပြည်သူတွေကတပ်နောက်ကိုအလိုလိုရောက်လာပါလိမ့်မယ်။

နောက်ဆုံးလက်နက်ကိုင်အားလုံးကိုပြောချင်တာကဒေါ်အောင်ဆန်းစုကြည်စကားကိုနားထောင်ပါ။မဟုတ်ရင်သင်တို့ဇတ်သိမ်းမကောင်းနိုင်ပါလို့သာပြောပါရစေ။


Zawgyi version

ျပည္တြင္းစစ္မွာရဟတ္ယဥ္သံုးလို႔ရလား

ကိုေဇာ္ေဌးကသတင္းစာရွင္းလင္းပြဲမွာရဟတ္ယဥ္မသံုးဘူးသြားျပာေတာ့ဟိုကပံုျပလို႔လိမ္သလိုျဖစ္သြားပါတယ္။ဒီေနရာမွာစာေရးသူသာဆိုမေျဖဘဲတပ္ကိုသြားေမးပါလို႔သာေျပာလိုက္ပါ့မယ္။

သူ႔ေနရာမွာျပည္တြင္းစစ္မွာရဟတ္ယဥ္သံုးခြင့္ရွိမရွိကိုစစ္သားအေနနဲ႔ေျဖပါမယ္။

ကမ႓ာ့ဥပမာကိုၾကည့္ပါ။အေမရိကန္ဟာအာဖဂန္ကိုဝင္တိုက္ပါတယ္။အာဖဂန္စစ္တပ္ဟာေလယဥ္မရွိပါ။ဒါေၾကာင့္မိုလို႔အေမရိကန္ကသတၱိရွိတယ္ဆိုၿပီးဓားဓားျခင္းဒုတ္ဒုတ္ျခင္းမခ်ပါ။ဒါကတိုက္ခါစပါ။ၿပီးေတာ့အာဖဂန္ကိုတရားဝင္သိမ္းပါၿပီ။တာလီဘန္ကခံတိုက္ပါတယ္။ဒါကႏိုင္ငံတြင္းျပည္တြင္းစစ္ပါ။အဲဒီမွာရဟတ္ယဥ္ေရာ၊ေလယဥ္ေရာအကုန္သံုးပါတယ္။တာလီဘန္ကဘာရဟတ္ယဥ္မွမရွိပါ။ၿပီးေတာ့အီရတ္။အီရတ္မွာဝင္သိမ္းခါစကဗံုးႀကဲတာလူတိုင္းသိမွာပါ။ၿပီးေတာ့ဟိုကသူပုန္ထေတာ့အေမရိကန္ဟာေလတပ္မရွိတဲ့သူပုန္ေတြကိုရဟတ္ယဥ္ေရာ၊ေလယဥ္ေရာသံုးတိုက္ပါတယ္။ဘီဘီစီအသံလႊင့္ဌာနရဲ႕သခင္အဂၤလိပ္ဟာလဲအီရတ္မွာရဟတ္ယဥ္သံုးတိုက္ပါတယ္။ျမန္မာျပည္က်မွဘီဘီစီကအတိတ္ေမ့သလိုလုပ္ေနတာပါ။

ယခုအေမရိကန္တပည့္ေဆာ္ဒီကယီမင္ျပည္တြင္းစစ္မွာေလယဥ္နဲ႔ဗံုးႀကဲသလိုရဟတ္ယဥ္၊ဒံုးပ်ံအကုန္သံုးပါတယ္။အစၥေရးကလဲသံုးပါတယ္။ဒါေၾကာင့္အေျဖကသံုးလို႔ရပါတယ္။ဒါဟာလူအမ်ားသိေအာင္ေရးျပတာပါ။အဂၤလိပ္ဟာျမန္မာျပည္ကိုျမန္မာစစ္တပ္ကအေျမႇာက္မရွိလို႔ဆိုၿပီးဗႏၶဳလကိုဓားျခင္းယွဥ္ခုတ္ၿပီးမတိုက္ပါဘူး။စစ္ရဲ႕သေဘာအရရန္သူ႔ကိုႏိုင္မယ့္လက္နက္ေရြးပါတယ္။

သူပုန္ကသူပုန္စကားေျပာမွာျဖစ္သလိုစစ္တပ္ကလဲသူ႔စကားေျပာမွာပါ။

ဒီေနရာမွာဘာအေရးႀကီးဆံုးလဲဆိုေတာ့တပ္ဟာအရပ္သားအစိုးရစကားနားေထာင္တဲ့တပ္မေတာ္ျဖစ္ဖို႔ပါ။

အခ်ိဳ႕ကေတြ႕ဆံုေဆြးေႏြးလိုက္ရင္အရာအားလံုးေျပလည္မယ္လို႔ထင္သူမ်ားလဲရွိမွာပါ။ဟစ္တလာနဲ႔ေတြ႕တာအဆင္မေျပလို႔ဒုတိယကမ႓ာစစ္ျဖစ္သြားတာပါ။ဒီေနရာမွာတပ္အေနနဲ႔ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္မႈေအာက္မွာရပ္ဆိုရပ္ၿပီးတိုက္ဆိုမွတိုက္ရင္အဆင္ေျပပါမယ္။

ယခုေလးလအတြင္းမွာႏွစ္ဖက္ေဆြးေႏြးၿပီးၿငိမ္းခ်မ္းေအာင္လုပ္ဖို႔တိုင္းရင္းသားလက္နက္ကိုင္မ်ားကစဥ္းစားပါ။DASSK လဲသင္တို႔ေတာင္းတာကိုရေအာင္အတတ္ႏိုင္ဆံုးလုပ္ေပးခဲ့ၿပီးပါၿပီ။ဒီေနရာမွာကုလကိုေမွ်ာ္သူလဲရွိမွာပါ။ဒါေပမယ့္တ႐ုတ္ရဲ႕ဇင္ဂ်န္(Xinjiang) ျပႆနာေၾကာင့္ဒီလိုမ်ိဳးဆံုးျဖတ္ခ်က္ကိုတ႐ုတ္ကကာကြယ္ေပးမွာပါ။အားလံုးဟာမိမိအိမ္တြင္းေရးကိုေျပလည္ေအာင္DASSK အာဏာရေအာင္လုပ္ခဲ့တဲ့ဥပမာကိုယူၿပီးႀကိဳးပမ္းပါလို႔ေျပာခ်င္ပါတယ္။

မဟုတ္ရင္ေတာ့ဆီးရီးယားမွာလဲအေနာက္ႏိုင္ငံကေျမႇာက္ေပးလို႔ခ်က်တာပါဘဲ။ဒါေပမယ့္ခံရရင္ေတာ့ျပည္သူနဲ႔အတူမဟုတ္ပါ။

တပ္အေနနဲ႔လဲေဒၚေအာင္ဆန္းစုၾကည္စကားနားေထာင္မွေရွ႕ဆက္အဆင္ေျပမွာပါ။သူ႔စကားနားေထာင္တဲ့ၾကားကသူပုန္ကတိုက္ရင္သူမကိုေထာက္ခံတဲ့ျပည္သူေတြကတပ္ေနာက္ကိုအလိုလိုေရာက္လာပါလိမ့္မယ္။

ေနာက္ဆံုးလက္နက္ကိုင္အားလံုးကိုေျပာခ်င္တာကေဒၚေအာင္ဆန္းစုၾကည္စကားကိုနားေထာင္ပါ။မဟုတ္ရင္သင္တို႔ဇတ္သိမ္းမေကာင္းႏိုင္ပါလို႔သာေျပာပါရေစ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page