top of page
Search

ပါဆယ်ဗုံး၏ ဖွင့်ဟဝန်ခံချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 22, 2022
  • 2 min read


စာရေးသူဟာ မအလလုပ်သမျှကို လိုက်ထောက်ပြခဲ့တာ ကွီးဖြိုးကိစ္စကစလို့ဆိုတာ စာရေးသူရေးတာကို အမြဲဖတ်နေသူတွေ သိကြမှာပါ။ စာရေးသူဟာ သတင်းမြင်တိုင်း ရင်ခုန်လေ့မရှိပါ။ သမိုင်းကိုပြန်ကြည့်ရင် ဦးကိုနီကိုလုပ်ကြံတာဟာ မအလကလာကြောင်း NLD အစိုးရရှိကထဲက ထောက်ပြခဲ့သလိုဘုန်းကြီးတွေ မဘသတွေကိုလဲ စရဖကတဆင့် ထိန်းချုပ်ကြောင်း ယခင်ကရေးသားခဲ့ပြီးပါပြီ။

စာရေးသူရဲ့ ထင်ရှားတဲ့ထောက်ပြမှုတွေထဲ V ကိစ္စ ခင်ရီ့ဂွင်ဆိုတာ အပါအဝင်ပါ။ BPI အောင်ဇော့်ကိစ္စလဲ ထို့အတူပါဘဲ။ သတင်းဆိုတာ မြဝတီ၊ ပေါ်ပြူလာနဲ့ NP News ကသာ ကြေညာရင် ဘယ်သူမှအဖက်လုပ်မှာမဟုတ်ပါ။ ဒါကြောင့် သတင်းများဟာ သဘာဝနဲ့ နီးစပ်ဖို့လိုပါတယ်။ ကြားက ဘီဘီစီ၊ ဗီအိုအေ၊ မြန်မာနောင်းက လွှင့်ပေးရင်တော့ သာမန်လူတွေပိုစိတ်ပိုဝင်စားနိုင်ပါတယ်။

ဒီနေရာမှာ ပါဆယ်ဗုံးကို လေ့လာရအောင်။ ပါဆယ်ဗုံးဆိုတာ နည်းပညာမြင့်ပါတယ်။ ပါဆယ်ဗုံးမှာ ဖွင့်ရင်ပေါက်အောင်လုပ်တာ၊ ချိန်ကိုက်တာ၊ အဝေးထိန်းတာဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဗုံးသေးလေနည်းပညာပိုမြင့်လေ အကုန်အကျများလေ ပြည်တွင်းမှာထုတ်ရခက်လေပါ။ ဥပမာ လက်ပစ်ဗုံးဟာသေးပေမယ့် ပေါက်ကွဲအားပြင်းပါတယ်။ ပါဆယ်ဗုံးဟာ လမ်းဘေးမှာ ထားသွားလို့ရတဲ့ဗုံးထက်ပိုမြင့်ပါတယ်။ ဒီနေရာမှာ ဒီဗုံးကို ဘယ်သူဖောက်လဲဆိုတာ တိုက်ရိုက်အထောက်အထား(direct evidence) နဲ့ မပြေးသော်လဲ ကံရာရှိ(circumstantial evidence) တွေအပေါ် မူတည်ပြီး ရေးပါမယ်။ ဥပမာတိုက်ရိုက်အထောက်အထားဆိုတာက သူခိုးကို ခိုးနေစဉ်မိတာပါ။ သွယ်ဝှိက်အထောက်အထားက မအလထံမှာ သူ့လစာထက်ပိုတဲ့ Rolex တွေ့ရင် မအလကို သူခိုးလို့ပြောနိုင်တာမျိုးပါ။

ပထမက ဒီဗုံးကို တော်လှန်ရေးသမားတွေက ဖောက်တာလားဆိုတဲ့မေးခွန်းပါ။ ဗုံးဖောက်အပြီးမှာ STF က သူ့တို့ဖောက်တာလို့ကြေညာတာ မင်းကဘာပြောချင်လဲလို့ မေးလို့ရပါတယ်။ အဲ့ဒီအဖွဲ့က ဒီမိုအဖွဲ့လို့ပြောဖို့ ဘယ်သူ့မှာ သက်သေရှိပါသလဲ? မအလတပ်မှာမရှိသလို ပေါ်ပြူလာ၊ တစ်ပူး၊ NP News၊ဘီဘီစီ၊ ဗီအိုအေ ဘယ်အဖွဲ့ထံမှာမ သက်သေမရှိပါ။ ခင်ရီက STF ဖွဲ့ပြီး ကြေညာလဲရသလို အဆိုပါအဖွဲ့က တကယ့်အဖွဲ့ဝင်တွေအားလုံးကို ဖမ်းထားပြီး ကြေညာလဲရပါတယ်။ ဒါမှမဟုတ် အဆိုပါအဖွဲ့ကလူအားလုံးကို မမိသေးရင်တောင် မိထားတဲ့လူက Facebook စာမျက်နှာကိုင်ရင် စရဖက ယူသုံးပြီးကြေညာလို့ရပါတယ်။ စရဖက ဓာတ်ပုံတွေ၊ DNA တွေနဲ့ သူတို့က ဘယ်လိုပါဆယ်ဗုံးပို့တယ်ဆိုပြီးအထောက်အထားမပြနိုင်ပါ။ ဒါကြောင့်မိုလို့ ဒါကိုဒီမိုအဖွဲ့တွေက လုပ်တယ်ဆိုတာကို ပြနိုင်တဲ့တိုက်ရိုက်အထောက်အထား direct evidence မရှိပါ။ စာရေးသူမှာက ခင်ရီဟာ ပျူအချို့ကို စရဖတန်ပြန်ထောက်လှမ်းရေးအဖွဲ့ကတဆင့် ဖောက်ခွဲရေးသင်တန်းအတွက် လှိုင်က စစ်စခန်းထဲကနေဖောက်ခွဲရေးပစ္စည်းတွေကို လာလာထုတ်နေတာတော့ တိုက်ရိုက်အထောက်အထားအနေနဲ့ သိပါတယ်။ဒီဖောက်ခွဲရေးပစ္စည်းကို အင်းစိန်ထောင်မှာ မသုံးဘူးလို့ ဘယ်သူမှ မငြင်းနိုင်ပါ။ ဘာလို့လဲဆိုတဲ့ အင်းစိန်မှာ ပေါက်ကွဲတဲ့ယမ်းက စစ်တပ်ထဲကဟာနဲ့ ဆင်နေပါတယ်။

ကျန်တာက မပြေးသော်လဲ ကံရာရှိအထောက်အထား circumstantial evidence အနေနဲ့ ပြောပါ့မယ်။မအလတပ်ဟာ သူ့ကိုထောက်ခံတဲ့ ယောမင်းကြီးဇရပ်ကလူတွေကို လုံခြုံရေးမပေးနိုင်ချိန်မှာ စာအတုထုတ်ပြီး သူတို့ကို NUG က လုပ်ကြံရန်ပြင်နေကြောင်း သံရုံးတွေဆီပို့ပြီး ငိုပြခိုင်းပါတယ်။ NUG ကစာရင်းမရှိကြောင်း ငြင်းလိုက်ချိန်မှာ အထဲက UG ကလဲ လုပ်ဖို့ခက်သွားလို့ သူ့လူတွေကို လုံခြုံရေးပေးပြီးသား ဖြစ်သွားခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဒုတိယကျောင်းပြန်ဖွင့်ချိန် အစပိုင်းမှာ ဗျူဟာမှူးကလေးတွေ၊ တပ်ရင်းမှူးကလေးတွေ ကျောင်းမတက်ရဲခဲ့ပါ။ ဘာလို့လဲဆိုတော့အသတ်ခံရမှာစိုးလို့ပါ။ ဒါပေမယ့် မအလရဲ့ဆိုက်ဝါးက ဗုံးအတုကို ကျောင်းနားမှာဖောက်ပြပြီး BPLA ဆောင်းခတို့က ကလေးပညာရေး မပစ်ဘာညာထလုပ်အပြီး NUG ကလဲ ကျောင်းကိုမပစ်နဲ့လို့ ထအော်ချိန်မှာ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးကလေးများ စိတ်ချလက်ချ ကျောင်းပြန်တက်ခဲ့ကြပါတယ်။ ဒါက မအလတပ်ဟာ NUG ရဲ့ ကြေညာချက်ကိုသုံးပြီး သူ့လူတွေကို လုံခြုံရေးပေးသွားခဲ့တာပါ။

ယခုထောင်တွေဟာ လုံခြုံရေးပေးဖို့ ထောင်ဝန်ထမ်းတွေအတွက် ခက်ပါတယ်။ ထောင်ထဲမှာနေစဉ်လုံခြုံရေးပေးရလွယ်ပေမယ့် သူတို့အပြင်ရောက်ရင် အရပ်ထဲသွားရင် အသတ်ခံရနိုင်တာ မအလတပ်ကသိပါတယ်။ ဒါကြောင့် NUG ထံက ထောင်ကို မပစ်နဲ့ဆိုတဲ့ ကြေညာချက်မျိုး မျှော်ပုံပါ။ ဒါထက်အရေးကြီးတာက ထောင်ဝင်စာပေးတဲ့နေရာ၊ နိုင်ငံကူးလက်မှတ်နေရာတွေက စစ်ကြောမှုတင်းကျပ်တယ်ဆိုတာ သွားဖူးသူတိုင်းသိပါတယ်။ နောက်ထောင်မှာက နိုင်ငံရေးအကျဉ်သားက ၅၀% လောက်ဖြစ်နေလို့ ထောင်အဝင်မှာ ဗုံးဖောက်ရင် သူ့လူထက် မိမိလူကထိတာ ပိုများမှာပါ။ ဒါကြောင့် ပစ်မှတ်ကို အသိဉာဏ်မြင့်တဲ့ ကလေးတွေက ရွေးမှာမဟုတ်ပါ။ နောက်စာရေးသူတို့ တော်လှန်ရေးသမားတွေမှာ နည်းပညာအခက်အခဲရှိပါတယ်။ ပါဆယ်ဗုံးဟာ မိမိလိုချင်တဲ့သူကိုသာ ပေါက်ဖို့ခက်ပါတယ်။ ဒါကပုံမှန်တွေးခေါ်နိုင်သူဆိုရင် ပါဆယ်ဗုံးနည်းပညာကို ရှိခဲ့ရင်တောင် ထောင်အဝင်အဝမှာ လုပ်ဖို့ခက်စေပါတယ်။

ဒီထက်ပိုလေ့လာရင် ဗုံးပေါက်အပြီးဖြစ်စဉ်ကို လေ့လာကြည့်ပါ။ စိုးထွဋ်ဟာ ရန်ကုန်ကို ကားနဲ့ဆင်းမလာရဲတာ ကြာခဲ့ပါပြီ။ ယခုက ဗုံးဖောက်အပြီး ရဟတ်ယာဉ်နဲ့ဆင်းလာတာပါ။ ရဟတ်ယာဉ်ကို ထိုနေ့က အသင့်စောင့်ခိုင်းထားလို့သူက ဗုံးပေါက်မှာကို ကြိုသိနေသလိုပါ။ နောက်ပါဆယ်ဗုံးထဲမှာပါတဲ့ယမ်းတွေဟာ သာမန်ဒီမိုတွေသုံးလေ့ရှိတာမဟုတ်ဘဲ ကပစထုတ်တွေပါ။ ယခုဟာက အပြင်က PDF နဲ့အထဲက နိုင်ငံရေးသမား၊ ပြီးရင် အပြင်က ပြည်သူတွေနဲ့ PDF ကို ပါဆယ်ဗုံးနဲ့ ရန်တိုက်ပေးလိုက်တာပါ။ ပြီးရင် နိုင်ငံရေးသမားတွေကို ပါဆယ်ပို့ခွင့်ပိတ်တာ၊ ပိုတင်းကျပ်တာတွေလုပ်ပြီး အားလုံးဟာ မအလတပ်အတွက် အမြတ်ကြည့်ပါ။

ဒီနေရာမှာ စာရေးသူတို့ ပြည်သူတွေကိုပြောချင်တာက မအလပြောသမျှကို ပြောင်းပြန်မှတ်ဖို့ပါ။ ရခိုင်ကရွာတွေမီးရှို့ပြီး AA က ရှို့တာလို့ပြောသလို စစ်ကိုင်းကရွာတွေကိုမီးရှို့ပြီး PDF ကရှို့တာလို့ပြောတဲ့မအလစကားကို အလေးထားယုံစရာမရှိပါ။ ဘာလို့များအလေးထားယုံနေတာလဲ သတင်းအဖြစ်လွှင့်နေတာလဲဆိုတာ သတင်းဌာနအချို့ကို နားမလည်နိုင်ပါ။ စာရေးသူက သတင်းကိုကြည့်ရာမှာ ခင်ရီအသတ်ခံရရင် PDF လုပ်တာလို့ စိတ်ထဲမှတ်မှာဖြစ်ပြီး နိုင်ငံရေးသမားနဲ့ သူ့မိသားစုအသတ်ခံရရင် မအလလို့သာ မှတ်ပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ အမြင်ကြည်ပါ။ NUG လဲ သိတ်စိတ်မလှုပ်ရှားပါနဲ့။ လုပ်စရာရှိတာလုပ်ပါ။ အချို့ကိစ္စတွေက တိုက်ပွဲမှာ ဘေးထွက်ဆိုးကျိုး collateral damage တော့ရှိမှာပါ။ ဒုတိယကမ္ဘာစစ်မှာ အပြစ်မဲ့ပြည်သူတွေသေခဲ့သလို အီရတ်၊ ဗီယက်နမ်၊ အာဖဂန်နဲ့ ယူကရိန်းမှာလဲ အပြစ်မဲ့ပြည်သူတွေ သေခဲ့ပါတယ်။ ဒါက ဘယ်တပ်(အမေရိကန်၊ရုရှား) တပ်ကတိုက်တိုက် ဘေးထွက်ဆိုးကျိုးရှိမှာပါ။ စာရေးသူတို့ ပြည်သူအားလုံးက ဒီမိုကရေစီအတွက်ပေးဆပ်ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page