top of page
Search

ပြောင်းလဲသွားသော ကမ္ဘာကြီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 6, 2020
  • 1 min read

အမေရိကန်ဟာ ပနားမားမှာ သူ့ CIA ကတင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Manuel Noriega နော်တေးဂါးကိုဖြုတ်ချဖို့ ၁၉၈၉ ဒီဇင်ဘာ ၂၀ မှာ ပနားမာကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၁ မှာက အီရတ်က ကူဝိတ်ကို ကျူးကျော်လို့ မောင်းထုတ်ခဲ့သလို ဆဒမ်က ကဒ်လူမျိုးတွေကို မသတ်နိုင်အောင် လေယဉ်မပျံရနယ်မြေ No Fly Zone ကို ၂၀၀၃ အထိ လုပ်ခဲ့ပါတယ်။


ထို့အတူပါဘဲ ကလင်တန်လက်ထက်မှာ ဟေတီက အာဏာသိမ်းခေါင်းဆောင်ကို သွားဖမ်းပြီး ဒီမိုသမ္မတ Jean-Bertrand Aristide ကို အာဏာပြန်ပေးခဲ့ပါတယ်။ နောက် အားလုံးသိတဲ့ ကိုဆိုဗိုမှာ ဝင်ကိုင်တာပါ။ ၂၀၀၁ ခုနှစ် အာဖဂန်က ဘင်လာဒင်ကို မဖမ်းပေးလို့ အမေရိကန်က ဝင်တိုက်ခဲ့တာအားလုံးသိမှာပါ။ အီရတ်က ဆဒမ်ဟူစိန်ကိုလဲ ဖြုတ်ချင်တော့ ဝင်တိုက်ခဲ့ရပါတယ်။

အဲ့ဒီလိုတိုက်ချိန်မှာ ကုလသဘောတူညီချက်လိုခဲ့ပြီး လစ်ဗျားနောက်ပိုင်းမှာ ကုလက သဘောတူညီချက်ရဖို့ ခက်လာခဲ့ပါတယ်။


အမေရိကန်ရဲ့ ဥပဒေက အာဏာရထားတဲ့ခေါင်းဆောင်ကို စစ်ခေါင်းဆောင်ဖြစ်ပါစေ လုပ်ကြံလို့မရဘဲ စစ်ကြေညာပြီးသာ ဝင်တိုက်ရလို့ အကုန်အကျ များခဲ့ပါတယ်။ လစ်ဗျားကိစ္စမှာတော့ အပေါ်ကနေဗုံးကြဲပေးရုံနဲ့ အဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမယ့်လဲ လေကြောင်းက ပစ်ကူပေးတာဟာ ပိုက်ဆံအများကြီး ကုန်ခဲ့ပါတယ်။

ယခုနောက်ပိုင်း ဆီးရီးယားနဲ့ အီရန်ဖြစ်စဉ်တွေမှာ အမေရိကန်ရဲ့ဗျူဟာက ပြောင်းလာခဲ့ပါတယ်။သူက မောင်းသူမဲ့လေယဉ် ဒရုံးတွေကို သုံးလာတာပါ။ အီရန်မှာက ဘုန်းကြီးချုပ်ဟာ အုပ်ချုပ်မှုကောင်စီ Guardian Council ရဲ့ တစ်ဝက်ကို ခန့်ခွင့်ရှိပြီး ကျန်တစ်ဝက်(၆ ယောက်)က လွှတ်တော်ကရွေးပါတယ်။ ဘုန်းကြီးချုပ်က သမ္မတအထက်မှာရှိပြီး တပ်ဟာ ဘုန်းကြီးချုပ်အောက်မှာရှိပါတယ်။ အီရန်အထူးတပ်က ဗိုလ်ချုပ်ကြီး ဆူလမာနီဟာ သူ့တိုင်းပြည်ထဲမှာရော သူ့နားကတိုင်းပြည်တွေမှာပါ ပြဿနာဖြစ်အောင်မွှေပါတယ်။ အမေရိကန်က ထရမ့်လက်ထက်မှာ ဒရုံးနဲ့ ပစ်သတ်လိုက်တာမှာ သေသွားခဲ့ပါတယ်။ အမေရိကန်က အီရန်ကို ဝင်သိမ်းစရာ မလိုခဲ့ပါ။

ယခင်က အာဖဂန်မှာ MQ-1 Predator ဒရုံးသုံးပြီး အမေရိကန်က ပစ်လေ့ရှိပါတယ်။ ယခုနောက်ပိုင်းဒရုံးတွေကတော့ ဘင်္ဂလားပင်လယ်ကနေ နေပြည်တော် အကွာအဝေးကို အေးဆေးစွာ ပျံသန်းနိုင်ပြီးဒီမိုအစိုးရကိုအာခံတဲ့ အကြမ်းဖက်သမား သူပုန်တပ်တွေခေါင်းဆောင်တွေကို ဆူလမာနီလို ပစ်နိုင်လာတာ တွေ့ရပါတယ်။ နည်းပညာကလဲ တိုးတက်လာခဲ့ပါတယ်။ အမေရိကန်နည်းတူ ဒရုံးအမျိုးအစားကတရုတ်နိုင်ငံမှာလဲ ရှိပါတယ်။ ဒီအတိုင်းတော့ ဘယ်သူမှ လာမကယ်ပါဘူး။ လိုအပ်ရင်တော့ ဒီနည်းဟာပြည်သူမနာဘဲ အဆင်ပြေမယ့်နည်းပါလို့ ပြောပါရစေ။

ပြောင်းလဲလာတဲ့ ကမ္ဘာကြီးအကြောင်း ရေးပြတာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page