top of page
Search

ပါဂျောင်လို မဖြစ်ရအောင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 20, 2022
  • 1 min read

တော်လှန်ရေးမှာ တန်ပြန်ထောက်လှမ်းရေးဆိုတာရှိပါတယ်။ မြင်သာအောင် ဥပမာပေးရင် နန္ဒာလှမြင့်က ဖွတ်ပါ။ သူ့ကိုဖွတ်မှန်းလူတိုင်းသိပါတယ်။ ဦးရဲထွဋ်ကလဲ ဖွတ်ပါ။ ဖွတ်မဟုတ်တော့ရင်တောင် သူကဒီမိုစကားပြောရင် အားလုံးသံသယရှိကြမှာပါ။ ဒါကရှင်းပါတယ်။စစ်တပ်ထည့်ခဲ့တဲ့ ပါတီထဲက တန်ပြန်ထောက်လှမ်းရေးဟာ ယခုအချိန်မှာ သက်သက်ခိုင်၊ခင်မောင်ဆွေ၊ ကျော်ဇေယျနဲ့ သိန်းညွန့်တို့ဆိုတာ လူတိုင်းသိရှိပြီး လက်ခံကြမှာပါ။ ဒီလူတွေဟာ အစက စစ်အစိုးရမကောင်းကြောင်းပြောနိုင်ပေမယ့် နောက်ပိုင်းမှာ ဒီမိုမဟုတ်ကြောင်းထင်ရှားလာခဲ့ပါတယ်။ ဒါက နိုင်ငံရေးတန်ပြန်ဒလန်တွေပါ။ တိုင်းရင်းသားပါတီတွေကိုလဲစစ်တပ်ရော တိုင်းရင်းသားတပ်ကပါ ထည့်ခဲ့ကြပါတယ်။ ဒီအကြောင်းက နောက်မှရေးပါ့မယ်။

စာရေးသူ PDF အကြောင်းရေးရင် PDF တွေဟာ NUG အမိန့်နာခံမှုအောက်ရှိရမယ်ဆိုတာ အမြဲရေးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒေသခံ PDF တွေက လက်နက်ကိုင်ရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ နောက်ပိုင်းမှာ ပြဿနာရှိလာနိုင်လို့ပါ။ ဒါကြောင့် KIA က သူ့နယ်ထဲမှာ PDF ကို သူ့အမိန့်အောက်မှာ ထားခဲ့တာပါ။ အချို့ ပြဿနာဆိုတာက ခေါင်းဆောင်တွေကြောင့်ဖြစ်တာမဟုတ်ပါ။ ခေါင်းဆောင်တွေက သူ့အမြင်နဲ့သူ မှန်နေတတ်ပါတယ်။ ဒါပေမယ့် အောက်ခြေကတပ်သားတွေက အကြောင်းကြောင်းကြောင့် တုန့်ပြန်ရာမှာ သူ့လူကိုယ့်လူပါလာရင်အထင်မှားလာတတ်ပါတယ်။ ပါဂျောင်ကိစ္စကိုကြည့်ရင် ဘယ်သူကမှ ဒလန်လို့ မှားစွပ်စွဲပြီးထသတ်တာမဟုတ်ပါ။ ခင်ညွန့်ကတကယ်လွှတ်တဲ့ ဒလန်တွေရဲ့ သတင်းပေါက်ကြားမှုကိုစုံစမ်းရာကနေ လူငယ်သဘာဝ လက်လွန်သွားတာပါ။ စာရေးသူက မိုးသီးရြ့ညပုရိတ်သတ်မဟုတ်ပါ။ အဖြစ်အပျက်ကို ပြောပြတာပါ။ ဒါကဘာကိုပြသလဲဆိုရင် တကယ့်တန်ပြန်ထောက်လှန်းရေးဌာနကလုပ်တဲ့ စစ်ဆင်ရေးကအောင်မြင်သွားပြီး ကျန်ကျောင်းသားအချင်းချင်း အထင်လွဲတာ သတ်တာတွေ ဖြစ်သွားတာပါ။ မအလတပ်က လာတိုက်ရင် ဒီလောက်မအောင်မြင်နိုင် မသတ်နိုင်ပါ။

ဒီနေရာမှာ မအလတပ်ရင်းတွေဟာ မြို့ခွဲပြီး သူ့အပိုင်ဒေသနဲ့ ထိုင်ထားပါတယ်။ တပ်ရင်းအချင်းချင်း ပြဿနာဖြစ်ရင် ဗျူဟာမှူးတွေ တိုင်းမှူးတွေက ရှင်းရပါတယ်။ နိုင်ငံခြားမှာလဲတပ်တွင်းပြဿနာဆိုရင် တပ်ထဲမှာ စစ်ခုံရုံးဖွဲ့စစ်ပါတယ်။ အရပ်သားအပေါ် ပြစ်မှုကျူးလွန်ရင်တော့ အရပ်ဖက်တရားစီရင်ရေးနဲ့ သွားပါတယ်။ သူတို့ကို တရားစွဲတဲ့ ရှေ့နေချုပ်တွေကရွေးကောက်ခံအစိုးရက ခန့်ပါတယ်။ ယခုတော်လှန်ရေးကာလမှာက တစ်နေရာထဲမှာ PDF ပေါင်းများစွာ ပေါ်လာတတ်ပါတယ်။ NUG ကို ဩဇာမခံတဲ့ PDF နဲ့ဖြစ်ရင် ရှင်းရတာက လွယ်နိုင်ပါတယ်။ NUG ကို ဩဇာခံသလို မခံသလိုဆိုရင် ဖြေရှင်းရတာ ခက်တတ်ပါတယ်။ ယခုစစ်ကိုင်းကိစ္စကို လေ့လာပြီးပါပြီ။ ဘယ်သူ့ဘက်မှ စာရေးသူ လိုက်မပြောလို မရေးလိုပါ။စာရေးသူအလုပ်လဲ မဟုတ်ပါ။ ဒါပေမယ့် ယခုအချိန်မှာ PDF တွေ မိသားစုရှိတဲ့ ရွာတွေကိုမီးရှို့ခံရတာ သူတို့အမျိုးရင်းတွေကို မအလတပ်က သတ်နေတာကြောင့် PDF တွေဟာစိတ်တိုဒေါသထွက်နေတတ်ပါတယ်။ လူ့သဘောအရ ဒလန်ကိုရှာတတ်ပါတယ်။ ဘယ်ကသတင်းပေါက်လဲ ရှာတတ်ပါတယ်။ ယခုအချိန်မှာ ရန်သူက ဒလန်လို့အထင်ခံရတဲ့ မိမိလူကိုမိမိက ဒလန်လို့မထင်တာလဲ ရှိတတ်ပါတယ်။ ဘာကြောင့်ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ဖက်စလုံးအနေနဲ့NUG ကို အသိအမှတ်ပြုရင် NUG စုံစမ်းစစ်ဆေးတာကို နာခံပါလို့ ပန်ကြားပါရစေ။ NUG စုံစမ်းတာက ကြာတတ်ပါတယ်။ စာရေးသူတို့ ဗမာလူမျိုးက စိတ်မြန်တတ်ပါတယ်။ ယခုအချိန်မှာ စုံစမ်းမှုကို သီးခံစောင့်ပါ။ တကယ့်ဒီမိုနိုင်ငံတွေ နယ်မြေစိုးမိုးတဲ့နေရာတွေမှာတောင် စုံစမ်းရင် ကြာတတ်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကို မိမိနဲ့ အမြင်မတူလဲ မိမိလိုချင်တာကို မဆုံးဖြတ်လဲ နားထောင်ပါ။ လိုက်နာပါ။ စစ်မြေပြင်မှာဖြစ်တဲ့ ပြဿနာကို အရပ်သားကာကွယ်ရေးဝန်ကြီးဌာနရဲ့အမိန့်ကို နာခံပြီး ဖြေရှင်းတဲ့ အစဉ်အလာကို ထူထောင်ပါလို့ ပြောကြားလိုပါတယ်။ လက်နက်ကိုင်သူတွေက ရွေးကောက်ခံအစိုးရရဲ့ အမိန့်ကို နာခံပြီး ပြဿနာကို ဖြေရှင်းကြပါ။ အရပ်သားဆုံးဖြတ်ချက်ကို လိုက်နာပါ။ စည်းလုံးခြင်းသည် ခွန်အားပါ။ပါဂျောင်လို ထပ်မဖြစ်ပါစေနဲ့။ ပြည်သူတွေအနေနဲ့လဲ NUG ရဲ့ PDF တွေအားကောင်းအောင်ငွေဆက်လှူကြပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

3 Comments


Nay Nann myint
Nay Nann myint
Mar 20, 2022

ပညာရေးနိမ့်ကျလို့လါး

စာရိတ္တ သင်ခန်းစာမကျေတာလါး

မိဘတွေရဲ့ချို့ယွင်းချက်လါး

အကြောင်းမ်ျုးစုံကြောင့်လါး

ရင်လေးလိုက်ထါနော်


ကိုယ်တွေက ရန်ဖြစ်နေတုံး

မအလ မအေပေးက ပိုက်ဆံရအောင်

‌ပြည်ပလေကြောင်းတွေ ဝင်ခွင့်ပေးဖို့့လုပ်နေပီ

ဒုက္ခ


Like

mgmyintk738
mgmyintk738
Mar 20, 2022

မဂ်လာပါနံနက်ခင်းပါ

Like

kmnyo2
Mar 20, 2022

ကျေးဇူး ပါဆရာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page