top of page
Search

ပျောက်ဆုံးသွားသော DNA

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 20, 2019
  • 1 min read

V အမှုကိစ္စက ယခုဆို အတော်သိလာပါပြီ။ အစကတော့ လက်ရှိစစ်နေဆဲအမှုကို မရေးလိုလို့လက်ရှောင်နေခဲ့ပါတယ်။

ဒီအမှုမှာ ခလေးကို အဓမ္မပြုကျင့်တယ်လို့ ပြောတယ်။ နောက်ပိုင်း ဆရာဝန်စစ်ချက်အရ သူမမိန်းမကိုယ်မှာ သုတ်ပိုးလိုအရည်တွေ့တယ်။

ဒါကို DNA စစ်လိုက်ရင် ဇတ်လမ်းက ပြတ်နေပါပြီ။ ဒါကလဲ အောင်ကြီးရဲ့သုတ်ရည်ကို စစ်စရာမလိုပါ။ ဆံပင်တို့ တံတွေးတို့ကနေ စစ်လို့ရပါတယ်။

ဟိုထိုင်းက မုဒိမ်းမှုက ဘိုမထံတွေ့တဲ့ DNA နဲ့ ဝင်း၊ ဇော်တို့နဲ့ သွားတူလို့ပါ။ ထို့အတူဘဲ ဟိုစွပ်စွဲခံရတဲ့ ခလေးနှစ်ယောက်ရဲ့ DNA ကိုလဲ စစ်လို့ရပါတယ်။

ပြဿနာက ဓာတ်ခွဲခန်းကနေ ရဲက မှန်ပြားပါယူသွားလို့ သူတို့သိမ်းထားတဲ့ သက်သေခံကဘယ်လောက်ခိုင်လုံသလဲ မေးစရာရှိလာပါတယ်။ ပြည်သူတွေက ရဲတွေကိုယုံလားဆိုတာက နောက်ပြဿနာတစ်ခုပါ။ မနေ့က သတင်းစာရှင်းလင်းပွဲမှာ DNA ကို စစ်လို့မရတော့ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါကဘာကိုပြသလဲဆိုတော့ စာရေးသူတို့တိုင်းပြည်ရဲ့ ရဲလုပ်ငန်းမှာ ပြုပြင်စရာတွေ အများကြီးရှိလာတာကို ပြနေတာပါ။ ပထမဆုံးက အခင်းဖြစ်နေရာ Crime Scene ကို မပျောက်ပျက်အောင် ဘာလုပ်ခဲ့သလဲဆိုတာပါ။ ခလေးက သူအဓမ္မပြုကျင့်ခံရတဲ့နေရာကို ပြခဲ့ရင် အဲ့ဒီနေရာကို လူတွေထပ်မဝင်နိုင်အောင် ပိတ်ထားရပါမယ်။ ဒါမှ DNA တွေ မရောသွားအောင်ပါ။ ဥပမာ ခလေးရဲ့ မိန်းမကိုယ်မှာမရှိရင်တောင် ပြစ်မှုကျူးလွန်သူရဲ့ DNA ဟာ နေရာမှာ ကျန်ခဲ့နိုင်ပါသေးတယ်။ နောက် ယခုလို သွေးတွေ၊ အခြားအရာတွေကို စစ်ရင် လက်အိတ်နဲ့ ကိုင်တွယ်ရပါတယ်။ ဒါကလဲ လုပ်ခဲ့ပုံမရပါဘူး။နောက်ဆုံးအဆင့်က စ စစ်ကထဲက DNA အထိ ပြည်သူ့ရဲတပ်ဖွဲ့က ပြင်ဆင်ထားသင့်ပါတယ်။ ဒါပေမယ့် ယခုလို နိုင်ငံကျော်အမှုဖြစ်မှ DNA စစ်ဖို့လုပ်ချိန်မှာ စစ်ဖို့ အလုံအလောက်မကျန်တော့တာဟာကိုင်တွယ်မှုညံ့ဖျင်းတာကို ပြပါတယ်။

နောက် V နာမည်ပြောသွားတာတွေက ရဲကျင့်ဝတ်ပိုင်းမှာ စောင့်ထိန်းမှုအားနည်းတာကို ပြသွားတာပါ။

ဒါပေမယ့် ဒီအမှုက ယခုအချိန်မှာ ပြည်သူတွေက ရဲတွေလုပ်တာကို ယုံပါ့မလားဆိုတာ မေးစရာရှိလာသလို ထွက်ရှင်းခိုင်းတာဟာလဲ ရဲစစ်စစ်တွေကိုသာ တွေ့ရပါတယ်။

သုံးသပ်ချက်ကတော့ မဆူဆူအောင်လုပ်နေပုံပါ။ ဒီအမှုကနေ ဘာကိုပြသလဲဆိုတော့ ရဲတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံဟာ မိုးကျတွေအတော်များနေလို့ အချိုးမကျတာတွေဖြစ်နေတာပါ။ ယခုလို ဒီမိုခေတ်မှာကယခင်ကလို ထိုးကျွေးရခက်လာသလို တရားခံအစစ်ကိုမိရင်တောင် အထောက်အထားခိုင်လုံမှ ရမယ်ဆိုတာပါ။

DNA စစ်တဲ့ခေတ်မှာ သုတ်ကောင်အနည်းအများကို စစ်နေတာဟာ တိုင်ပတ်နေသလို ဖြစ်နေပါတယ်။DNA က စစ်မရတော့ဘူးဆိုရင်တော့........

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page