top of page
Search

ပိုက်ဆံတွေ ဘယ်ရောက်သွားလဲမေးသူသို့?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 3, 2021
  • 2 min read


ဖက်ဆစ်တပ်ကို တော်လှန်ဖို့ဆိုရင် နိုင်ငံခြားက လက်နက်အကူအညီ ဒါမှမဟုတ် မိမိလူမျိုးထံက ငွေကြေးလိုပါတယ်။ IRA {Irish Republican Army) လို့ခေါ်တဲ့ အင်္ဂလိပ်ကို ခံချခဲ့တဲ့အိုင်ယာလန်တပ်မတော်ကို ဖြစ်မြောက်အောင် လက်နက်ထောက်ပံ့ခဲ့တာက အမေရိကန်ရောက် အိုင်ရစ်လူမျိုးတွေပါ။ ထိုအချိန် ၁၉၈၀ လောက်က လူတွေစားသောက်စားရိတ်မပါလက်နက်ဖိုးတင် အမေရိကန်ဒေါ်လာ တစ်လကို လေးသန်းလောက် ကုန်ပါတယ်။ ဒါကစာရေးသူတို့တွေအတွက် ဝေးနေပါတယ်။ ယခုအချိန် မအလအောက်က လွတ်လပ်စပြုတဲ့ ရခိုင့်တပ်မတော် AA ကိုတောင် ပြည်ပရောက် သူ့လူမျိုးတွေက အဓိကထောက်ပံ့ပြီးနောက်ပိုင်းမှ သူတို့ဝင်ငွေ စရှာနိုင်လာတာပါ။ သူက မအလကို ခံချဖို့ ၁၀ နှစ်အချိန်ယူခဲ့ရပါတယ်။

ယခု တော်လှန်ရေးကို ပြန်ဆက်ပါ့မယ်။ စာရေးသူတို့ ပြည်သူတွေက ပိုက်ဆံတွေလှူကြပါတယ်။ အချို့ကလဲ ရိုးသားစွာ ဘယ်ရောက်သွားသလဲ မေးသူရှိပါတယ်။ အချို့က အဘခွေးသူတောင်းစားတွေဖြစ်ပြီး ပိုက်ဆံကို ဒလန်သဘောနဲ့ ဝင်လှူပြီး နောက်ပိုင်း သွေးခွဲတဲ့အနေနဲ့လုပ်တာပါ။ စရဖနဲ့ နိုင်ငံခြားရောက် မအလမွေးထားတဲ့ ခွေးတွေ စစ်သံတွေက အဆိုပါအလုပ်ကို လုပ်ပါတယ်။ ထားထက်ထက် ပိုက်ဆံကောက်ရင်လဲ ဝင်လှူသလိုလုပ် ပြီးရင်မရသလို ဘာလိုလိုနဲ့ သူမကို သိက္ခာချဖို့လုပ်သလို ပန်ဆယ်လိုပိုက်ဆံကောက်ရင်လဲ ဝင်လှူသလိုလုပ်ပြီး အဆိုပါအတိုင်း လူတွေအယုံအကြည်ပျက်အောက် လုပ်ပါတယ်။ ဖက်ဆစ်ခွေးတွေက အငြိမ်းအဖွဲ့တောင် ဝင်ပြီးလုပ်ပါတယ်။ ဒီခွေးသတောင်းစားတွေက မအလခိုးတာကိုမဟောင်ရဲပါ။ ဒီမိုတွေကိုသာ အချင်းချင်းအထင်လွဲအောင်လုပ်တာပါ။ ဒီဖော်မြူလာကမြန်မာလူမျိုးတွေရဲ့ အားနည်းချက်မှန်း သူတို့သိပါတယ်။ နေဝင်းမှသည် ခင်ညွန့်တိုင်အောင်အဆိုပါဖော်မြူလာနဲ့ အတိုက်အခံတွေကို ဖြိုခဲ့တာပါ။ ဥပမာ နေဝင်းက တိုင်းပြည်ပိုက်ဆံနဲ့ နိုင်ငံခြားမှာ မြင်းလောင်း ဖာချနေပေမယ့် သူ့ထောက်လှမ်းရေးက ဦးနုအဖွဲ့က ပိုက်ဆံတွေဘာသုံးတယ် ဘာညာဆိုပြီး လူတွေ အထင်မှားအောင် လုပ်တာပါ။ ယခုဒီမိုမှာက အလွန်ပုံရိပ်ကြီးတဲ့ ကိုမင်းကိုနိုင်၊ ဆရာဇော်ဝေစိုးနဲ့ ဒေါက်တာဆာဆာတို့ ပါနေလို့ သူတို့ရဲ့ သွေးခွဲမှုက မအောင်မြင်သေးတာပါ။

အချို့က ငါတို့ကလှူနေတယ် တပ်မဟာ (—)က ကလေးတွေက မရသေးဘူး၊ မန္တလေးကPDF တွေက မရသေးဘူး ဘာညာပြောလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ရှင်းပြပါ့မယ်။ NUG မှာPDF စစ်တိုင်းတွေရှိပါတယ်။ အဆိုပါစစ်တိုင်းတွေကနေ သူ့တပ်မတော်သားတွေကိုသင်တန်းပေး၊ ထမင်းကျွေး၊ ယူနီဖောင်းပေး၊ လက်နက်တပ်ဆင်ပေးရပါတယ်။ အချို့စားရိတ်က တစ်ခါသာကုန်ပေမယ့် အခြားအသုံးစားရိတ်က လစဉ်ကုန်ပါတယ်။ ဥပမာယူနီဖောင်းက သုံးစုံဆိုရင် တစ်နှစ်နေလို့ ပြန်မဝယ်ရနိုင်ပါ။ AK 47 တစ်လက်က တပ်သားတစ်ယောက်အတွက် ဝယ်ပြီးရင် ထပ်ဝယ်စရာ မလိုနိုင်ပါ။ ဒါပေမယ့် ကျည်ဆန်က စစ်ပွဲတိုက်ရင် လေ့ကျင့်ရင် (recurring cost) လစဉ်ကုန်နိုင်ပါတယ်။ ထို့အတူပါဘဲ ပြည်တွင်းကPDF ခေါင်းဆောင်မှာ ဂြိုလ်တုဖုန်း (satellite phone) ရှိတယ်ဆိုပါစို့။ အဆိုပါဖုန်းက ဒေါ်လာ၅၀၀ နဲ့ ရနိုင်ပေမယ့် လစဉ်ဖုန်းပြောခ အင်တာနက်ခက တစ်လ ဒေါ်လာ ၅၀ လောက် ကုန်ကျနိုင်ပါတယ်။ MPT နဲ့ Mytel သုံးလို့မရပါ။ AA လဲ ဂြိုလ်တုဖုန်းသုံးပါတယ်။ ဒါက ကုန်ကျငွေကို မြင်သာအောင် ဥပမာပြတာပါ။

ဒီနေရာမှာ အချို့ကလေးများက မိမိအစီအစဉ်နဲ့ စစ်ပညာလာသင်တာရှိပါတယ်။ NUG အောက် မဝင်ရသေးသူများပါ။ အချို့က မန္တလေးကနေ NUG သစ္စာခံတယ် PDF လို့ ပြောတာရှိပါတယ်။ သူတို့က ဒေသခံ ကာကွယ်ရေးတပ်တွေဖြစ်ပြီး NUG က စနစ်တကျသင်ပြီးလွှတ်လိုက်တာ မဟုတ်ပါ။ သူတို့က NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မှအကူအညီရမှာပါ။ ဒါမျိုးတွေက နိုင်ငံခြားကလူကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းရင် နိုင်ငံခြားကလူက အထင်မှားတာလဲ ရှိနိုင်ပါတယ်။

တကယ်မြန်မာပြည်မှာက ဖက်ဆစ်မအလကို တိုက်လိုသူတွေက အများကြီးပါ။ လိုနေတာကလက်နက်ပါ။ လက်နက်ဝယ်ဖို့က ပိုက်ဆံလိုပါတယ်။ အချို့က CDM ကိုလဲ ထောက်ပံ့နေရတာပါ။ ကိုဗစ်ဖြစ်ချိန်မှာ မိမိအမျိုးအတွက် အောက်ဆီဂျင်ပြန်ထောက်ပံ့ရသူများလဲရှိပါတယ်။ စာရေးသူရဲ့ တူဆိုရင် CDM ရော PDF ပါ ထောက်ပံ့နေတယ်ဆိုပါတယ်။

အကျဉ်းချုပ်ရရင် စစ်ပွဲနိုင်ဖို့ ဖက်ဆစ်တော်လှန်ရေးလုပ်ဖို့က လက်နက်လိုပြီး လက်နက်ဝယ်ဖို့က ပိုက်ဆံလိုပါတယ်။ တရုတ်၊ အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယ၊ အာဆီယံမမျှော်ဘဲ မိမိ PDF အတွက် ရခိုင်လူမျိုးများလို အိုင်းရစ်လူမျိုးများလို အသံမထွက်ဘဲ ငွေလှူပေးကြပါ။ မိမိကသံသယရှိလို့ မလှူလိုရင်လဲ လုံးဝမလှူပါနဲ့။ မအလကို မဖြုတ်ဘဲ အောက်ဆီဂျင်သာလှူရင်တော့ မြန်မာပြည်ကြီးမှာ နောင်နှစ် ၅၀ အောက်ဆီဂျင်လိုပြဿနာတွေနဲ့ လှူလောက်မှာမဟုတ်ပါ။ NUG အစိုးရမှာ စာရင်းစစ်ရှိပါတယ်။ သူက စစ်ပါလိမ့်မယ်။ သူတို့က စည်းစနစ်နဲ့ လုပ်နေတာပါ။ သံသယရှိရင် မအလကို စာရင်းအရင်ရှင်းခိုင်းကြည့်ပါ။ မအလစာရင်းရှင်းခိုင်းရဲရင် သင့်ကိုလဲ ဒီမိုရရင် စာရင်းရှင်းပြပါ့မယ်။ တော်လှန်ရေးမှာ တော်လှန်ရေးလိုလုပ်ပြီး လှူချင်မှလှူပါ။ နဲနဲလှူပြီးတော့ များများ အာမခြောင်ပါနဲ့။ တော်လှန်ရေးမှာ စာရင်းစစ်အဖွဲ့နဲ့အလုပ်လုပ်နေတာ NUG ပါ။ မအလလို စာရင်းလိမ်အဖွဲ့နဲ့ အလုပ်လုပ်နေတာ မဟုတ်ပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
04 août 2021

ဦးမြတ်!!! ရေစီးတခါ ရေသာတလှည့်၊ သစ်ငုတ် မြင့်တုံ မြက်မြင့်တုံ။ အလှည့်အပြောင်း အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း ကွန်ယက်သတင်းများအရ သိရှိလာရပါသည်။

PDF မှသည် PAF အသွင်ဆောင်လာပါပြီ။

Defence changs into ATTACK.

သတင်းများအရ သမိုင်းအုပ်ကြီးရုံး ပေါက်ကွဲမှုသည် လက်လုပ်မိုင်း မဟုတ်တော့ပဲ စစ်ပွဲသုံးလက်ပစ်ဗုံးဖြစ်လာကြောင်း သိရှိရပါသည်။တနည်း လက်နက်အင်အား အဆင့်မြင့်လာကြောင်း ဖော်ပြနေပါသည်။

မတူပီမှာ အပွင့်နှင့် အခက် ကြွေကျရခြင်းမှာ~

၄နှစ်အတွေ့ကြုံနှင့် လပိုင်းအတွေ့ကြုံ မည်ကသာသည်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။လက်နက်အင်အား တူညီခဲ့လျှင်တောင်မှ စိတ်ဓါတ်နှင့် ခံယူချက် PDF က ပိုထက်မြက်နေကြောင်းသိသာပါသည်။

နောက်ပိုင်းအုပ်ကြီးတို့ ဇွပ်ဇွပ်အဆင့်မှ ဖောင်းဒိုင်းအဆင့် မြင့်ခဲ့သလို တချို့အုပ်ကြီးများ အဆင့်မြင့်မြင့် အတို နှင့် ရာထူး တိုးပေးခံနေရကြောင်း သတင်းများအရ သိလာရပါသည်။

သို့ပါ၍ သူတို့ ပူပန်စ ပြုလာပါပြီ။ သို့ပါ၍ PDFနိှမ်နင်းရေး အရှိန်ဟုန်မြင့် ဆောင်ရွက်လာသည်ဟု ယူဆမိပါသည်။

မနေ့က ဓါတ်ပုံတစ်ပုံမှာ အရှင်ဖမ်းမိသော စကစ တပ်သားနှစ်ယောက်၊ သူတို့ဘေးက PDFများကိုင်ထားသောလက်နက်နှင့် ဝတ်ဆင်သော ဝတ်စုံယူနီဖောင်းသည် ပိုအဆင့်မြင့်နေကြောင်း ဓါတ်ပုံမှ ဖော်ပြလာပါသည်။

PDF လူငယ်များအားသာချက်မှာ~လူတောင့်လျှင် ပြီးရော၊ အရမ်းကာရော တွေ့ကရာ လူ့ပေါက်ပန်းများမဟုတ်ပါ။ အနိမ့်ဆုံး အခြေခံပညာအဆင့်(အနိမ့်ဆုံးနော်)ဖြစ်နေကြပါသည်။ အရိပ်ပြလျင် အကောင်ထင် ၊ တထွာပြ တလံ မြင်နိုင်စွမ်းသူ အများစု ပါဝင်ကြပါသည်။အဘယ့်ကြောင့်နည်း။

အဖြေမှာ မိုးကြိုးမုန်တိုင်းအဖွဲ့မှ သူတို့ထံ လှူဒါန်းမှုကို လက်မခံပဲ၊ အခြားသော လိုအပ်သည့် အဖွဲ့များကို လှူဒါန်းရန်နှင့် သူတို့အဖွဲ့သည် စားဝတ်နေ ပြည့်စုံသူ အတန်းပညာတစ်ခုထိ တတ်မြောက်ပြီးသူများဖြစ်၍ လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါကြောင့် ထုတ်ပြန်အသိပေးမှုကို ဖတ်ရှုလိုက်ရပါသည်။

သို့ပါ၍ PDF လက်ရုံးရည် နှလုံးရည် သာလွန်မှုသည် ငြင်းကွယ်မရ ဖြစ်လာပါပြီ။

သို့ပါ၍ PDF အင်အားချိနဲ့စေရန်…


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page