top of page
Search

ပလက်ဝမြို့ ကျတော့မလား

Writer: Myat Tun Oo
Myat Tun Oo
Mar 3, 2020
1 min read

ဒီသတင်းကို ဧရာဝတီကတင်ထားတာ သုံးပတ်ကျော်လောက်ရှိပါပြီ။ ခေတ်သစ်ကလဲ တစ်ခါမှာဓာတ်ခဲထောက်ခံသူ ဒေသခံနဲ့ အင်တာဗျူးပြီး ဓာတ်ခဲက ဗမာစျေးသည်အမျိုးသမီးကို မသတ်ဖူးဆိုတာကို ဗျူးပြီးတင်သွားခဲ့ပါတယ်။ ထားလိုက်ပါ။

ယခုမနေ့ကတော့ ဧရာဝတီသတင်းဌာနက ဓာတ်ခဲက ဗိုလ်ကြီးဆိုသူနဲ့ရိုက်ထားတဲ့ အင်တာဗျူးကို တင်လိုက်ပါတယ်။ ဒီအင်တာဗျူးမှာ ထိုလူက ဓာတ်ခဲ ယူနီဖောင်းဝတ်ထားပေမယ့် သူ့ရဲ့ဗိုလ်ကြီးအဆင့်ကိုသူ့ပုခုံးပေါ်မှာ မတင်ထားပါ။ နောက် အဲ့ဒီရိုက်ကွင်းက ရွာထဲမှာပါ။ အခြားသူများကာအရပ်ဝတ်သာဝတ်ထားပါတယ်။ အချို့က ချာလ်စီးဝတ်စုံပါ။ ဒါကြောင့် သူတို့ဟာ အရပ်သားနဲ့ ရောနေတယ်ဆိုတဲ့တပ်ရဲ့ပြောစကားကို မှန်ကန်ကြောင်း သွယ်ဝှက်ပြသွားတာပါ။

အင်တာဗျူးဖြေဆိုသူကတော့ တကယ့်ကို တော်တယ် professional ကျတယ်လို့ပြောရမှာပါ။ တပ်ကပြောခွင့်ရတွေတောင် အတုယူသင့်ပါတယ်။ ပြည်သူသာအမိ ဘာညာ လုပ်သွားတာပါ။

ပလက်ဝကိစ္စကို ပြန်ဆက်ရအောင်။ ဓာတ်ခဲက တိုက်လာတာက မနှစ်က ၂၀၁၉ ဇန်နဝါရီ ၄ ရက်ထဲကပါ။ ဘယ်မြို့ ဘယ်ရွာမှ မသိမ်းနိုင်သေးပါ။ ၂၀၂၀ ထဲရောက်လာလို့ မြို့တစ်ခုခု သိမ်းပြနိုင်ဖို့ကအရေးကြီးပါတယ်။ အဘတို့ကလဲ အစပိုင်းမှာ ဓာတ်ခဲကိုအထင်သေးသလိုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကြည်း၊ ရေ၊ လေ ချနေပါပြီ။ ယခင်က ရေးခဲ့သလိုပါဘဲ။ ပုံမှန်ခြုံခိုတိုက်ရင် တပ်ကအသေအပျောက်များပေမယ့် တပ်စခန်းကို ဝိုင်းတိုက်တာမျိုးမှာ ဟိုကခံချပြီး လေကြောင်းကပစ်ရင်ဓာတ်ခဲ အသေအပျောက်များပါတယ်။

ပလက်ဝကို ဓာတ်ခဲကသိမ်းနိုင်သလားဆိုတော့ ပလက်ဝရဲ့ လူဦးရေဖွဲ့စည်းမှုအရ သိမ်းဖို့မလွယ်ပါ။မင်းပြားတို့ မြောက်ဦးတို့ဆိုရင်တော့ လက်ခံပါတယ်။ ဒီနေရာမှာ လက်ရှိတပ်ကို ကောင်းတာ တစ်ခုပြောပါမယ်။ စာရေးသူတို့တပ်ဟာ ဖိလစ်ပိုင်တို့၊ အမေရိကန်ရှိတဲ့ အီရတ်တို့မှာလိုတော့ မြို့တွေ မကျသွားအောင်ခံထားနိုင်ခဲ့ပါတယ်။

ပါသွားလဲ စာရေးသူအနေနဲ့က အစိုးရအရှုံးမရှိဘဲ လက်ရှိခြေဥအရ လုံခြုံရေးတာဝန်ယူထားသူသာတာဝန်ခံပြီးနှုတ်ထွက်သွားရမှာပါ။ နောက်ဓာတ်ခဲဟာ မြို့ကိုသိမ်းပြီးရင် ထိန်းထားဖို့ ခံချရမှာမိုလို့ သူယခုတပ်စခန်းတွေကို ဝင်တိုက်လို့သေတာထက် ပိုသေပါမယ်။ နောက်သူသိမ်းတဲ့မြို့ကို သူကျွေးထားရပါမယ်။

ယခင်ရေးခဲ့သလိုပါဘဲ။ ပလက်ဝကိုတော့ ဓာတ်ခဲသိမ်းဖို့ မဖြစ်နိုင်ပါ။ သိမ်းရင်လဲ တာဝန်ရှိသူသာထွက်ရမှာမို့ ဘာမှမပူပါ။ တိုက်ပွဲတွေကတော့ ၂၀၂၀ ထဲ ဆက်ဖြစ်နေမှာပါ။ သူတို့စစ်ပန်းရင်သို့မဟုတ် အိပ်မက်က လန့်နိုးရင် ရပ်သွားပါလိမ့်မယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page