top of page
Search
ပရမ်းပတာအဘ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2019
  • 1 min read
ပရမ်းပတာအဘ
အချို့အဘကိုရှာကျန်အထင်ကြီးသူများကအဘတို့ကဘယ်လိုတော်တယ်။ဘာပလန်စွဲတယ်ဘာညာပေါ့။အချို့ကလဲအဘလက်ထက်ကစီးပွားရေးကဘယ်လိုကောင်းတာ။တိုင်းပြည်ဘာဖြစ်ဖြစ်၁၉၈၈မှာကျောင်းတွေပိတ်ပြီးအုပ်ချုပ်သွားတာဟာဘယ်သူသေသေငါအာဏာရရင်ပြီးရောဆိုတဲ့အချိုးကိုချိုးသွားတာပါ။ဘာမှမတော်ပါဘူး။တိုင်းပြည်တိုးတက်မှုကိုမိမိအာဏာနဲ့လဲသွားတာပါ။ယခင်ကလဲတိုင်းပြည်ကိုကြွေးနစ်အောင်သံမဏိစက်ရုံလိုစီမံကိန်းတွေနဲ့ကြွေးယူသွားတာပါ။ဒီလိုပရမ်းပတာလုပ်သွားလို့ပြည်သူတွေယခုအချိန်အထိခါးစီးခံနေရတာပါ။ဒါကြောင့်ဘရွှေဖြစ်ဖြစ်ဘယ်အဘကိုမှတော်တယ်လို့မထင်ပါ။ကန်းကုန်အောင်မိုက်တယ်ပြောရင်တော့ရပါတယ်။
အဘဟာKCB ဥက္ကဌကိုအမှုရုတ်သိမ်းပေးတာ၊ဂျွမ်းဗလီကိုဂျွမ်းမပြန်အောင်သွားတာတွေကအစပိုင်းမှာဟုတ်သလိုလိုနဲ့ယခုရန်ကုန်မှာပါလိုက်လုပ်နေတော့ပရမ်းပတာပေါတောတောကြီးဖြစ်နေပါတယ်။
ပိုဆိုးတာကအဘလုပ်သမျှကိုကန့်လန့်တိုက်ပြီးလွှတ်တော်ထဲမှာအဘတပည့်တွေကပရမ်းပတာနဲ့၅၉(စ) ကိုဝကခတွေ၊ဝန်ကြီးတွေပါစစ်ဖို့လုပ်တာကပရမ်းပတာနဲ့အရူးကွက်လို့ထင်ပါတယ်။
ပြည်သူတွေအနေနဲ့စဉ်းစားရမှာကဒီမိုတိုက်ပွဲဟာမပြီးသေးပါ။ယခုလိုခြေဥပြင်တာမျိုးကိုNLD သာမဲအများစုမနိုင်ခဲ့ရင်ဘယ်လိုကာကွယ်မလဲဆိုတာရင်လေးစရာပါ။
ဒါကြောင့်မိုလို့ပြည်သူတွေကိုပြောချင်တာကပရမ်းပတာအဘရန်ကိုတားဆီးဖို့၂ဝ၂ဝမှာလဲNLD ကိုသာမဲပေးစို့လို့ပြောပါရစေ။
Zawgyi version
ပရမ်းပတာအဘ
Recent Posts
See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ
မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...
Комментарии
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page