top of page
Search

ပယ်စောက်ချိန်က စောချစ်သူကိုဘာပြောလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 31, 2024
  • 1 min read

ပယ်စောက်ချိန်ဟာ မအလရဲ့ လူအရင်းကြီးပါ။ သူတပ်ချုပ်ဖြစ်ရာထူရဖို့ အဓိကကျဆုံးရာထူးတိုးဖို့ ကိုးကန့်က ဇတ်ကောင်လူလို့ ပြောလို့ရပါတယ်။ သူတို့ကို ကိုးကန့်မကျခင် နေပြည်တော်ကို ခေါ်ထားခဲ့တယ်ဆိုတာ စာရေးသူရေးပြီးသားပါ။ သူဟာ ကိုးကန့်ဒေသခေါင်းဆောင် မြန်မာအစိုးရအောက် မြန်မာနိုင်ငံသားဆိုသူပါ။ ပြည်ခိုင်ဖြိုးပါတီဝင် အမတ်ဖြစ်ခဲ့သူပါ။ ပြောရရင် ပယ်စောက်ချိန်ဟာ စောချစ်သူထက် အများကြီးခိုင်ပါတယ်။ မြန်မာပြည်ဟာ တရုတ်ဩဇာခံနိုင်ငံမဟုတ်လို့ မြန်မာနိုင်ငံသားကို တရုတ်ထံအပ်စရာမလိုပါ။ ဥပမာ ICC က ဖမ်းဝရမ်းမထုတ်ဘဲ တရုတ်က မအလကိုဖမ်းဝရမ်းထုတ်ရင် မအလကို စစ်တပ်ကဖမ်းပြီး တရုတ်ထံအပ်မှာလား မဘသတရုတ်ဆန့်ကျင်ရေးဘုန်းကြီးတွေကို တရုတ်ကဖမ်းဝရမ်းထုတ်ရင် တရုတ်ထံအပ်မှာလားဆိုတဲ့ အချုပ်အခြာအာဏာမေးခွန်းက ရှိလာနေပါပြီ။ မအလဟာ စောချစ်သူကိုဖမ်းဖို့ စောချစ်သူနယ်ထဲက ကျားဖြန့်ကိုရှင်းပေးဖို့ တရုတ်နဲ့ထိုင်းရဲ့ ဖိအားပေးမှုတွေကို ပြင်းထန်စွာခံနေရပါတယ်။

မအလဟာ စောချစ်သူကိုနေပြည်တော်ခေါ်ပြီး ဖမ်းဆီးထိန်းသိမ်းဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် စောချစ်သူက ယခင်က တိုင်းစစ်ဌာနချုပ်ထဲမှာ NLD လက်ထက် မအလရဲ့တိုင်းမှူးက တပ်နဲ့စီးပွါးရေးကို ဖမ်းသလိုမျိုး ပိတ်ထားပြီး လက်မှတ်ထိုးခိုင်းတာ ခံခဲ့ရတဲ့ အတွေ့အကြုံရှိလို့ မအလခေါ်တာကို ငြင်းခဲ့ပါတယ်။ ယခုက မအလထံ စရဖနဲ့ စစ်ရုံးက စောချစ်သူကို ဘယ်လိုကိုင်တွယ်မလဲ အစီရင်ခံစာ ပို့ထားပါတယ်။ ဒုတပ်ချုပ်တင်ပြတာက မဖြစ်နိုင်ပါ။ ပထမက စောချစ်သူကို ကွက်ရှင်းဖို့ပါ။ ဒါက သူ့အနားကို စရဖကတဆင့် ကြားခံလူကနေ လုပ်ကြံတာပါ။ ပြီးရင် KNU/PDF ကို လွှဲချဖို့ပါ။ ဒါက စောချစ်သူကိုရှင်းပြီးလို့ တရုတ်နဲ့ထိုင်းကို မျက်နှာပျက်စရာမလိုသလို ကရင်အချင်းချင်းလဲ ရန်တိုက်ပေးနိုင်ပြီး စောချစ်သူအောက်ကတပ်တွေက မအလတပ်အောက် ဆက်ရှိနေမယ့် အကောင်းဆုံးနည်းလို့ မအလထံ ထောက်ခံတင်ပြထားပါတယ်။ ဒုတိယက စောချစ်သူရဲ့ နေအိမ်တွေ စောချစ်သူနေထိုင်ရာနေရာတွေကို စုံစမ်းပြီး လေတပ်က ပေါင် ၅၀၀ ဗုံးကြဲချဖို့ပါ။ ဒါက စောချစ်သူကိုရှင်းနိုင်ပေမယ့် သူ့ကိုမထိရင်လဲ ပြဿနာတက်နိုင်သလို သူ့ကိုထိရင်လဲ သူ့အောက်ကတပ်က ဘယ်လိုတုန့်ပြန်မလဲဆိုတာ မသေချာပါဘူး။ တတိယကတော့ စောချစ်သူကို သူတောင်းတာ လောလောဆယ်ပေးထားပြီး အချိန်တန်မှ သူ့လူထဲက အာဏာလိုချင်သူတွေကို မြှောက်ပေးဖို့ပါ။ ဒါကလဲ အဘအတွက်ပြဿနာပါ။ တရုတ်နဲ့ထိုင်းက စိတ်မရှည်နိုင်ပါ။

စောချစ်သူအနေနဲ့ စဉ်းစားရမှာက မအလဖမ်းတာခံမှာလား မိမိက ပြင်စရာရှိတာ လုပ်စရာရှိတာလုပ်ထားမလားဆိုတာပါ။ မဟုတ်ရင်တော့ စောချစ်သူထက်ခိုင်တဲ့ ပယ်စောက်ချိန်ကို မအလက ဘာလုပ်လိုက်လဲဆိုတာ စောချစ်သူမြင်ပြီး ဆုံးဖြတ်ချက်မှန်ပါစေ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page