top of page
Search

ပန်းသီးများစွာပေါ်လာမှာပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 14, 2021
  • 1 min read

မအလ အာဏာသိမ်းချိန်က မအလဟာ DASSK နဲ့ NLD CEC အားလုံးနဲ့ DASSK ကို ဆက်ခံနိုင်သူအားလုံးကို ဖမ်းထိန်းလိုက်ရင် သူအာဏာသိမ်းတာ အောင်မြင်မယ်လို့ တွက်ခဲ့ပုံပါ။ယခင်က အာဏာသိမ်းဖို့ ပြင်ဆင်ရင် ဖြစ်နိုင်တဲ့ ဖြစ်စဉ်က ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေလွတ်ခဲ့ရင် ခံချခဲ့ရင်ဆိုတာပါ။ ဒီဟာက NLD ဝကခတွေက အဖမ်းခံခဲ့လို့ မအလအတွက်အလွန်လွယ်သွားခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးလေးရက်မှာ ယုံကြည်မှုတွေမြင့်တက်ပြီးဝန်ကြီးချုပ်တွေကိုတောင် အကျယ်ချုပ်ပြန်ပြောင်းခဲ့ပါသေးတယ်။ ဒါပေမယ့်ဒန်အိုးတီးရာမှသည် CDM နဲ့ ဆန္ဒပြပွဲတွေ ပေါ်လာချိန်မှာ ပြည်သူတွေက သူ့ကို လက်မခံတာ သေချာသွားခဲ့ပါပြီ။ သူအာဏာသိမ်းတာကို သဘောမကျရင်တောင် မတားခဲ့တဲ့ ဘရွှေလဲ အဆိုပါအချိန်မှာသဘောပေါက်မှာပါ။

မအလဟာ ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွင်းပြီး ပြည်သူတွေကိုကြမ်းပြရင် သူ့ကိုဆန့်ကျင်တာ ရပ်သွားမယ်လို့ တွက်ခဲ့ပုံပါ။ ဒါပေမယ့် သူ့လုပ်ရပ်ဟာတန်ပြန်အကျိုးသက်ရောက်မှုသာ ရှိခဲ့ပါတယ်။ ဥပမာ CDM ဆရာဝန်တွေကိုဖမ်းတယ်အချို့က အညံ့ခံအလုပ်ပြန်ဝင်ပေမယ့် စိတ်ခိုင်သူတွေက အပြီးထွက်ပြေးသွားခဲ့ပါတယ်။ပညာရေးက ထင်တာထက် အားအလွန်ကောင်းပြီး ကျောင်းမှာ ဆရာ ဆရာမမရှိအထိ ဖြစ်သွားခဲ့ပါတယ်။

မအလသိသင့်တာက ယခုထောင်ထဲရောက်နေတဲ့ ပိုင်တံခွန်တို့ ပိုပိုတို့ဟာ ယခင် NLD ကားရိုက်နေသူ အမာခံမဟုတ်ပါ။ သူတို့ဟာ ပန်းသီးလို သာမန်ပြည်သူတွေပါ။ နောက်ဆန္ဒပြခဲ့သူလက်ရှိဆန္ဒပြနေသူများဟာ ယခင် NLD အုပ်ချုပ်ချိန်က ဘာမှနိုင်ငံရေးမှာ ဝင်ပါသူများမဟုတ်ပါ။ သူတို့ဟာလဲ ပန်းသီးလိုဘဲ မတရားတာကို လက်မခံနိုင်လို့ လမ်းပေါ်ထွက်လာကြသူတွေပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ PDF မှာ သင်တန်းတက်နေသူ အများစုဟာ NLD ပါတီဝင်မဟုတ်ပါ။ အချို့က သူတို့ရဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေကို ဖက်ဆစ်မအလတပ်က အကြမ်းဖက်သတ်တာ မြင်တွေ့ခဲ့ပြီး မအလနဲ့ သူ့မိသားစုကို လက်စားချေပြီး စနစ်ကိုပြင်ဖို့ PDF ထဲ ဝင်လာသူများပါ။ သူတို့မှာ ခံယူချက် နားကျည်းချက်တွေရှိနေကြပါတယ်။သူတို့လုပ်တာ NLD ပါတီ အာဏာရဖို့မဟုတ်ဘဲ ပန်းသီးလို မအလရဲ့ မတရားအုပ်ချုပ်မှုကိုလက်မခံနိုင်လို့ပါ။

မအလရဲ့ ဖက်ဆစ်တပ်ဟာ မိမိတပ်အတိုက်ခံရရင် မိမိအသုံးမကျတာကို မပြုပြင်ဘဲ မိုင်းဆွဲခံရတဲ့ ရွာနားတွေကို ဝင်ပစ်လေ့ မီးရှို့လေ့ရှိပါတယ်။ သူက ယခင်ဖက်ဆစ်စနစ်အတိုင်း သူပစ်ရင် ရွာသားတွေကကြောက်ပြီး နောက်မလုပ်ရဲဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူ့တပ်ကလုပ်လိုက်တိုင်း ပန်းသီးအသစ်တွေ ထွက်လာပါတယ်။ ယခင်က PDF ထဲ မပါခဲ့တဲ့ ရွာသားဟာ သူ့အိမ်ကို မအလတပ်က မီးရှို့ချိန်မှာ သူလဲ ပန်းသီးဖြစ်သွားပြီး မအလကို တော်လှန်ဖို့လုပ်ပါတော့တယ်။ ယခုလက်နက်အပြည့်အစုံမရှိလို့သာ မအလတပ် သက်သာနေတာဖြစ်ပြီးခေတ်မှီလက်နက်ရလို့ကတော့ သူတို့စိတ်ဓာတ်နဲ့ မြို့ကြီးတွေကို တက်သိမ်းနိုင်မှာပါ။

တပ်ထဲက ဖရဲသီးတွေဟာလဲ ယခင်ကလို ထွက်မပြေးတော့ဘဲ တပ်ထဲမှာ ဖောက်ခွဲလာတာဟာ မကွေးလေတပ်မှာ အလွန်အောင်မြင်တာ တွေ့ခဲ့ရပါတယ်။ လေယဉ်ထိချိန်မှာ လေကာချုပ် မောင်မောင်ကျော်ကိုယ်တိုင် မကွေးလာရတဲ့အထိ ဘယ်သူကလုပ်မှန်းမသိ အောင်မြင်လာတာပါ။

နိုင်ငံရေးသမားအနေနဲ့ဆိုရင် လက်ရှိ ဆရာဇော်ဝေစိုး၊ Dr Sasa၊ ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ဟာ အာဏာမသိမ်းခင်က နိုင်ငံရေးနဲ့ ဝေးဝေးမှာ နေခဲ့သူများပါ။ သူတို့လဲပန်းသီးလို ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်အတွက် လုပ်နေကြတာပါ။

တိုင်းပြည်မှာ ယခင်က နိုင်ငံရေးဆိုတာ ဘာမှန်းမသိသူများ NLD အပြင်ကလူများက မအလကို တိုက်ထုတ်ဖို့ ကြိုးစားတာ ဖက်ဆစ်စနစ် အဓမ္မဝါဒကိုတိုက်ဖို့ ကြိုးစားတာဟာ ပါတီနိုင်ငံရေးထက်ပိုပါတယ်။ သူတို့တွေရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်၊ စွန့်လွှတ်ချက်ကလဲ အလွန်မြင့်မားပါတယ်။ စာရေးသူအနေနဲ့ သူတို့တွေကြောင့် ပန်းသီးပေါင်းများစွာကြောင့် ဒိတော်လှန်ရေးဟာ ပိုပြီး အောင်မြင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 14, 2021

ဦးမြတ်!!! မပန်းသီးအပါဝင် ၄၄ ဖြစ်စဥ်သည် တငွေ့ငွေ့ဖြင့် အတွင်းလှိုက် လောင်ကျွမ်းနေသော ကြိမ်အထုံးပေါ်သို့ ဓါတ်ဆီ လောင်းချလိုက်သည့်ဖြစ်စဥ်နှင့် တူလာပါပြီ။ အဘယ်ကြောင့်နည်း???

~KNU တို့က စကစတပ်ကို တိုက်ခိုက်အပြွး ၄၄ ဖြစ်စဥ်အတွက် လက်စားချေခြင်းဟု စာမျက်နှာမှာ ကြေညာလာပါသည်။

~ပရိုဖိုင်ချိန်းသူ ဦးရေ သန်းဂဏန်းကျော်သွားပါသည်။ Reject Military!@!

~မင်းတပ်က ဆုကြေး ၅၀ ထုတ်အပြီး တစ်ဦးဝင်ရောက်လာသလို တောင်ငူနယ် ထောက်ပို့မှ တစ်ဦး သူတို့ရဲ့ မိခင်စခန်းများကို စွန့်ခွါခဲ့ပါပြီ။

~၁၃ အောဂတ် ၊ တောင်တွင်းကြီးစခန်း ဖောက်ခွဲ ခံခဲ့ရပါသည်။ ဗိဿနိုးနယ် pdf ဆိုသည့်အတွက် တောင်တွင်းအပြင် မြို့လုလင် ၊ မြို့သစ် ၊ နတ်မောက် ၊ ဆတ်သွား

တနယ်လုံးပါဝင်နိုင်သည်ဟု ယူဆ၍ရနိုင်ပါသည်။

~NUG ထီ ထိုးမယ်။ ပေါက်လျှင် တပြားမကျန် NUG ကိုပြန်လှုမယ် တင်ထားသောပို့စ်ကို like & love: reactလုပ်ထားတာ ယင်းပို့စ်တခုထဲတွင် ရာကျော်ဂဏန်းရှိပါသည်။

~သည်အကြောင်းရင်းများသည် ၄၄ လူငယ်များ များစွာရှိနေကြောင်း သိရပါသည်။

~အဆိုးဆုံးက မင်းကင်း!!!ခုချိန် ကိုမောင်မြင့်တစ်ယောက် အကာအကွယ်မပါပဲ ၊ မင်းကင်းနယ်ကို သွားဝံ့မည်မဟုတ်ပါ။

~ပုလဲ ကနီ မင်းကင်းစသည့်နယ်များမှာက သည်က လူတွေထက် အနှိပ်စက်ပိုခံရ၍

စကစ သွားရာ လမ်းကြောမှာ မိုင်းဆွဲခံရမှုတွေ စိပ်လာသည်ကိုထောက်ရှုခြင်းဖြင့် Reiect Military အင်အားစု တဖြည့်ဖြည်း တောင့်တင်းလာကြောင်း သိသာပါသည်။

ကြာလေလေ ခိုင်မြဲလေလေဆိုထားသကဲ့သို့ ထပ်မံတိုးပွား အင်အား ပိုမိုများပြားလာပေလိမ့်မည် ဟူ၍သာ။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page