top of page
Search

ပညာရှင်များက ပြောနေပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 14, 2021
  • 1 min read

၁၄/၂/၂၀၂၁

သူတို့က အဆုံးစွန်အထိ ယုတ်မာနေပြီ

ငါတို့ရဲ့ CDM ကို

အဆုံးစွန်အထိ တိုက်ကြတော့


ငတ်ပြီး သေချင်သေသွားပါစေ

အဆုံးစွန်အထိ တိုက်ကြတော့

လူမဆန်တဲ့ လူတွေရဲ့အောက်မှာ

ဒို့ ဘာအလုပ်မှ လုပ်စရာမလိုဘူး

ဒို့ လုပ်ပေးနေရင် လူတွေကို သတ်နေတာနဲ့ အတူတူပဲ

ဒို့ လုပ်ပေးနေရင် လူတွေကို ဒုက္ခပေးနေတာနဲ့ အတူတူပဲ

ဒို့ လုပ်ပေးနေရင် လူယုတ်မာအားပေးဖြစ်မယ်


အားလုံးပါဝင်ကြ

အားလုံး အဆုံးစွန်ထိ တိုက်ကြ။


ဆရာဇော်ဝေစိုး

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Feb 14, 2021

ဦးမြတ်!!!! လူ မဆန်သူ???

လူသားဆန် မြင့်မြတ်သူမှန်သမျှ

တပါးသူ ချမ်း​မြေ့စေလိုခြင်း!!မေတ္တာ

တပါးသူအား ကြင်နာသနားခြင်း!!! ကရုဏာ

တပါးသူ ချမ်းသာမှုကို ဝမ်းမြောက်ကြည်နူးခြင်း!!!မုဒိတာ

စသည့်ကောင်းမြတ်သည့်အရည်အချင်းများသည်(ဘာသာအယူ၊ အသားရောင် မခွဲခြား ၊ နေထိုင်ရာ ဒေသနှင့် မဆိုင်)သူတို့၏ ရင်တွင်းမှာ ကိန်းတည်ထားသောကြောင့် သူတို့နှင့် ဆက်ဆံပတ်သက်ရသော ဝန်းကျင်မှန်သမျှ ချမ်းသာငုခ ကိုယ်စီကိုယ်ငှ ရရှိခဲ့ရပါသည်။

အပြန်အလှန်အားဖြင့် လူမဆန်သူတို့၏ ဝန်းကျင်မှာ မငြိမ်းချမ်း၊ အစဥ်ဆူပွက် ၊ အပူသောကလွှမ်း၊ ငရဲခန်းအလား ခံစားရပါပြီ။

လူမဆန်သူများသည် အိပ် စား ကာမ. သုံးရပ်အရေး အဓိကဦးစားပေးခြင်းကြောင့် ငါတကောနှင့်အတူ မေတ္တာ ကရုဏာ ခမ်းခြောက် အတ္တမီးတောက်ကြောင့်

လူမဆန်သူနှင့်အတူ ဝန်းကျင် ညစ်နွမ်း ပင်ပန်းရပါသည်။

သင်ကြား၍ တတ်မြောက်လာရသော သညာ​ေခြေခံ ပညာသည် အမှားအမှန် မခွဲခြားနိုင်၍ လေယူရာတိမ်း အလွယ် ယိမ်း၍ အတ္တမီးတောက်အောက်မှာ လောင်ကျွမ်းအဆုံးသတ်သည်မှာ မဖောက်မပြန်အမှန်။

သို့ပါ၍ အမှား အမှန် ဝေဖန်စိစစ်သော အတတ် တတ်သည့် ပညာတတ်များသည် လူမဆန်သူများနှင့် လက်တွဲမူ နေထိုင်လိုခြင်း မပြုချင်ကြပါ။ ဘေးမသမ်းသော အေးချမ်းမှုကို ပညာတတ်တိုင်း အလိုရှိကြပါသည်။


အမှန်သစ္စာဖြင့်

Like

Albert Wint
Albert Wint
Feb 14, 2021

ပညာရှင်စကား ရှင်းလှပါ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page