top of page
Search

ပညာရှင်ကို အာဏာကုန်ပေးရင် ဘာဖြစ်သွားလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 5, 2020
  • 1 min read

စာဖတ်သူအချို့က ပညာရှင်ကို ဝန်ကြီးခန့်ဖို့ အကြီးဆုံးရာထူးပေးဖို့ ပြောလေ့ရှိပါတယ်။ စာရေးသူကဒီမိုနိုင်ငံတွေရဲ့ ဥပမာကို မူတည်ပြီး နိုင်ငံရေးသမားသာ ဝန်ကြီးဖြစ်သင့်ကြောင်းပြောလေ့ရှိပါတယ်။


စာရေးသူတို့ တိုင်းပြည်မှာ စစ်ရေးပညာဟာလဲ ပညာတစ်မျိုးပါ။ သူ့ပညာအရ ပညာရှင်က တပ်ချုပ်ဖြစ်တယ်ပေါ့။ တပ်ချုပ်ဟာ တကယ်က ညွှန်ချုပ်အဆင့်သာပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ ခြေဥအရတပ်ချုပ်(စစ်ပညာရှင် ညွှန်ချုပ်)ကို ဝန်ကြီးအဆင့်ထက်တောင် ကျော်လွန်ပြီး နေရာပေးထားတာ တွေ့ရပါတယ်။ အဲ့ဒီလို စစ်ပညာရှင်ကို စစ်တပ်မှာ နေရာပေးလိုက်လို့ စစ်တပ်ကြီးက ပိုကောင်းသွားပြီးပြည်သူတွေက ချစ်သွားသလား? တိုင်းပြည်မှာ ငြိမ်းချမ်းသွားလား? သူပုန်တွေက မြို့ထဲကို ဝင်မဖမ်းရဲတော့ဘူးလား? ပညာရှင်ကို လိုအပ်တာထက် နေရာပိုပေးလိုက်ချိန်မှာ စစ်တပ်ဟာ တပ်အလုပ်မလုပ်ဘဲကျန်တာအကုန်လုပ်တဲ့ ပညာရှင်ဖြစ်သွားတာ တွေ့ရပါတယ်။


နိုင်ငံခြားမှာလဲ လိုင်စင်ထုတ်ပေးရတဲ့ ဆေးပညာကောင်စီ၊ အင်ဂျင်နီယာကောင်စီ၊ စာရင်းကောင်စီ၊သတင်းကောင်စီတွေရဲ့ ဥက္ကဌတွေကိုတောင် နိုင်ငံရေးသမားသာ ခန့်ပါတယ်။ အတွင်းရေးမှူး (သို့) CEO ကိုတော့ ပညာရှင်ခန့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ ကြီးကြပ်နိုင်အောင်ပါ။political oversight ပေါ့။ ဘာ့ကြောင့် နိုင်ငံရေးအရ ကြီးကြပ်ရလဲ? ဥပမာ ဆရာဝန်တစ်ယောက်ကဆေးမှာထိုးလို့ လူနာသေတယ်ဆိုပါစို့။ အဆိုပါဆရာဝန်ကြီးက ပါမောက္ခ၊ ဆေးကောင်စီမှာ သူ့သူငယ်ချင်းပါမောက္ခက အတွင်းရေးမှူး မဟုတ်ဘဲ ဆေးကောင်စီဥက္ကဌကလဲ သူ့သူငယ်ချင်း ဆေးပညာပါမောက္ခသာဆိုရင် နားလည်ပေးပြီး အပေးအယူ ဖြစ်သွားနိုင်လို့ပါ။ အကယ်၍ သူ့သူငယ်ချင်းက အမှန်အတိုင်းဆုံးဖြတ်ခဲ့ရင်တောင် ဆရာဝန်လုပ်တာကို ဆရာဝန်က ဆုံးဖြတ်လို့ အဂတိကင်းလားမေးစရာရှိလာနိုင်လို့ပါ။


ထို့အတူပါဘဲ လိုင်စင်ရ နာမည်ကြီး အင်ဂျင်နီယာကြီးက အိမ်ဆောက်ရာမှာ ဒီဇိုင်းမှားဆွဲလို့ သူဆောက်ခဲ့တဲ့ အိမ်ကြီးက ပြိုသွားခဲ့ရင် သူ့သူငယ်ချင်းက အင်ဂျင်နီယာကောင်စီမှာ အတွင်းရေးမှူးမဟုတ်ဘဲ ဥက္ကဌဖြစ်နေရာင် နားလည်မှုပေးနိုင်ပါတယ်။ သူက အမှန်အတိုင်းဆုံးဖြတ်ခဲ့ရင်တောင်အင်ဂျင်နီယာသူငယ်ချင်းလုပ်တာကို နောက်အင်ဂျင်နီယာက ဆုံးဖြတ်လို့ အဂတိနဲ့ တာဝန်ယူမှု ပွင့်လင်းမြင်သာမှုက ပြဿနာရှိလာနိုင်ပါတယ်။

ဥက္ကဌကို နိုင်ငံရေးသမား (သို့) ပြည်သူကို ကိုယ်စားပြုသူ ဥပဒေပညာရှင်ကို ခန့်ထားရင်တော့ သူကတရားမျှတအောင် လုပ်နိုင်ပါတယ်။


ယခုစာရေးသူတို့ တိုင်းပြည်ကို ပြန်ကြည့်ပါ။ စစ်ပညာရှင် ညွှန်ချုပ်အဆင့် တပ်ချုပ်ကို အကုန်စီမံခွင့်ပေးထားလို့ တပ်ဟာ ဥပဒေအထက်မှာရှိသလို ဖြစ်နေခဲ့ပြီး ပြဿနာတွေပေါ် ICJ ရောက်ပြီး တိုင်းပြည်ကိုလဲ ဒုက္ခမျိုးစုံပေးနေတာပါ။


ဒါကိုစာဖတ်သူများမြင်အောင် ကိုဗစ်နဲ့ ပြန်ပြောပြပါ့မယ်။ ကိုဗစ်အချိန်မှာ ဆရာဝန်ကသာ တပ်ချုပ်လိုလုပ်ချင်တာလုပ်လို့ရရင် lockdown lockdown lockdown ဆိုပြီး စီးပွါးရေးဘာဖြစ်ဖြစ် လူတွေငတ်သေသေ Lockdown လုပ်မှာပါ။ သူ့အမြင်နဲ့ကြည့်ရင် မှန်ပါတယ်။ ထို့အတူပါဘဲ စီးပွါးရေးပညာရှင်ကို တပ်ချုပ်လို လုပ်ချင်တာ ပေးလုပ်လိုက်ရင် သူကလဲ ဘယ်သူကိုဗစ်ဖြစ်ဖြစ် သေသေ အကုန်ဖွင့် အကုန်ဖွင့်အကုန်ဖွင့် လုပ်မှာပါ။ သူကလဲ သူ့စီးပွါးရေးသာ ကြည့်မှာပါ။ ဒီနှစ်ခုကြားကို နိုင်ငံရေးသမား ပြည်သူ့ကိုယ်စားလှယ်က ပြည်သူ့ကိုယ်စား ညှိပေးရတာပါ။


အကျဉ်းချုပ်ရရင် ပညာရှင်ကို နေရာပေးရမှာ အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ သူတို့ကို NLD အနေနဲ့ လစာနဲ့ အခွင့်အရေးပေးပြီး အကြံပေးခန့်ရပါမယ်။ ဒါမှမဟုတ် ဒုဝန်ကြီးပေါ့။ ဒါပေမယ့် ဘယ်ပညာရှင်မဆို နိုင်ငံရေးသမားအောက်မှာ ရှိရပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

4 Comments


Albert Wint
Albert Wint
Dec 06, 2020

နိုင်ငံရေးသမားဟာ ပေါ်လစီ မိတ်ကာ ပါ ဒါသည် လက်ဝဲလမ်းစဥ် လက်ယာလမ်းစဥ်ရဲ့နိုင်ငံရေးပန်းတိုင်သို့ရှေရှူသွားရန် မီးရထားစက်ခေါင်းပါ

Like

Myint Soe Oo
Myint Soe Oo
Dec 06, 2020

ဦးမြတ်!!! **အသုပ်စုံ**

ရှောက်သီးသုပ် ၊ ကြာဇံသုပ် ၊ တို့ဟူးသုပ် ၊ ခေါက်ဆွဲဆန်ပြားသုပ် ၊

သင်္ဘောသီးသုပ်========>>>>

အနယ်နယ်အရပ်ရပ်မှ ၊ အမျိုးမျိုးသော ဗီဇသတ္တိရှိ ပစ္စည်းများ ပါဝင်အောင် ဆောင်ကြဥ်းထားပါသည်။အသုပ်ဆိုင်၏ အဓိကရသာသည် #ချဥ်ငံစပ်#။စားမိလျှင်

ရှုးရှုးရှဲရှဲ မှတပါး အခြား မရနိုင်။

အငန်ဓါတ်(ငပိ ၊ ဆား ၊ ငံပြာရည်)

မပါမဖြစ်၊ အသုပ်တိုင်း ငန် တတ်ပါသည်။ တနည်း အငန် *ငတ်*သူတိုင်းကြိုက်ကြပါသည်။နိယမပါ။

**ခပ်တိုင်းငန်တဲ့ ပဲခူးဆား**ရယ်လို့တောင် တစ်မျိုးကြွားကာ ဂုဏ်ယူနေတတ်ကြပါသည်။ ငန်လွန်းတဲ့ အသုပ်အစားအစာတွေရဲ့နောက်ကွယ်မှာ သွေးတိုး နှလုံးစသော အသံတိတ်လူသတ်ရောဂါများပူးတွဲကပ်ပါလျက်။

တနည်း အသုပ်ဆိုသည်မှာ အရံဟင်း သဘောမျှသာ။ထမင်းဝိုင်းအလယ်မှာ အသားဟင်း ၊ ဟင်းရည်သောက်များနှင့် တွဲဖက်စားသောက်မှသာ တင့်တယ်အကျိုးဖြစ်ထွန်းပါသည်။

မျက်မှောက်ကာလ အ ခြေခံ လူတန်းစားအလွှာမှတော့ အသုပ်နှင့်သာ စားသုံးနေရပါသည်။ အသားဟင်း ၊ ပဲ ၊ ငါး စသည်တို့ မပါဝင်နိုင်။ သက်စောင့်ဓာတ်များချို့ယွင်းလာကြ၍ သန်မာထွားကြိုင်းပြီး ယဥ် ပျိုတဲ့ အနွယ်တွေ အရွယ်နှင့်မမျှ ချိနဲ့လာကြပါပြီ။

ဆင်းရဲလာကြပါပြီ။

အသုပ်စုံရောင်းသူ ကြီးတော်ကြီးကတော့ လက်ကောက်ဝတ် တံတောင်ဆစ် ၊ မျက်နှာအစ်အစ် ၊ အဆီယစ်ကာ ၊ တဲဟောင်းဘဝတန်းလျားကိုမေ့ ၊ တိုက်နန်းကြီးပေါ်မှာ ပျော်မွေ့နေလေပြီ။မရစဖူးအရထူးသည့် စည်းစိမ်ထူးများကြောင့်။ မာနခံ ၊မာန် ထန်လာ၏။

အရင် မူ နဲ့မတူတော့။ အရင်တုန်းက စားသုံးသူ အကြိုက်ဖြည့်ဆည်းပေးရမည်ဆိုသော မူ မရှိတော့။ စပ်တယ် ငန်တယ် ချဥ်တယ် ဝေဖန်ပြောဆိုခွင့်မရတော့။

ပြင်ခိုင်း၍လည်းမရ။ပြောလျှင်တော့ အသုပ် မှသည် အသုတ် စုံသည်ထိ ပိုစပ်အောင် သုတ် နှင်ပစ်မည်။ ပိုငန်အောင် သုတ်နှင် ။

ပို၍ ပို၍ ချဥ် အောင် သုတ်…


Like

Mr.Myo Min Hlaing
Mr.Myo Min Hlaing
Dec 06, 2020

လက်ခံလျက်ပါ

Like

Dr aks
Dr aks
Dec 06, 2020

🌝🌞တန်ဖိုးရှိလိုက်တာဆရာရယ်🌞👍

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page