top of page
Search

ပစ်မှတ်ပြောင်းပြီ ဒေါက်ဇော် ဒေါက်ညိုသတိ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 22, 2020
  • 1 min read

ယခင်က ဘထိန်က DASSK ပြီးရင် ပါတီကို ဦးဆောင်ပေးတယ်။ အဘသားတွေ၊ ဖွတ်တွေ၊ စရဖအကောင့်တွေ၊ အဘရဲ့ မွေးစားမီဒီယာတွေနဲ့ ဝိုင်းတိုက်တယ်။ ဘထိန်အနားယူသွားတယ်။ နောက်ကွီးဖြိုးကို အဆိုပါနည်းနဲ့တိုက်တယ်။ သူ့ကို ပြည်သူထောက်ခံမှုက မြင့်မားတော့ တိုက်ရခက်တယ်။ ကွီးကိုတိုက်တဲ့အကောင့်တွေကို စာရေးသူတို့လို ကိုယ့်ထမင်းကိုယ်စားပြီး ကွီးကိုထောက်ခံသူများကလဲ ကာကွယ်ပေးခဲ့ပါတယ်။ အခမသင့်ရင် အလုပ်ပြုတ်မှာနော်။ ဒီကြားက ထောက်ခံတာ။ နောက်ပိုင်း ဟန်မဆောင်နိုင်တော့ဘဲ ကွီးကို အယုံအကြည်မရှိအဆို တင်ရတဲ့အထိပေါ့။

ဒီကြားထဲကလဲ သူတို့မိုးကျတွေက ကွီးနဲ့ DASSK အကြား ပြဿနာတက်အောင်လဲ ကြိုးစားခဲ့ပါသေးတယ်။ မအောင်မြင်သေးဘူး။ ယခုကွီးက ရွေးကောက်ပွဲမှာ ကျန်းမာရေးအရ ဝင်မပြိုင်တော့လို့ ယခင်က ကွီးကိုပစ်ဖို့ထားထားတဲ့ အကောင့်တွေက အားသွားပြီ။


ယခုအချိန်မှာ ဒီအကောင့်တွေဟာ ဒေါက်ဇော်နဲ့ ဒေါက်ညိုတို့ထံ လာနေပါပြီ။ ထပ်သတိပေးပါတယ်။ပြီးခဲ့တဲ့ ၁၀ ရက်လောက်ထဲက ဒေါက်ညိုကို စတိုက်ခိုက်ပြီး ယခုဒေါက်ဇော်ကိုလာပါပြီ။ အားလုံးဟာမမှန်သတင်းပါ။ ဒီလိုမမှန်သတင်းတွေနဲ့ဘဲ လျှပ်စစ်ဝန်ကြီးတွေကို ဝင်ရှာသွားတာ မမေ့ပါနဲ့။


ဒေါက်ဇော်တို့ ဒေါက်ညိုတို့ကတော့ DASSK နဲ့ ရင်းနှီးသူများဖြစ်လို့ ဒီတိုက်ခိုက်မှုကို ကျော်လွှာ:နိုင်လိမ့်မယ်လို့ထင်ပါတယ်။ မနက်က ဒီသတင်းမတင်ခင်ကတောင် ဒီမို Cele တစ်ယောက်ကို ပြောပြလိုက်ပါသေးတယ်။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page