top of page
Search
  • Writer's pictureMyat Tun Oo

ပင်နယ်တီများအသွင်းခံနေရလားအဘ


ကိုဗစ်ဟာ ဆိုးကျိုးရော ကောင်းကျိုးအချို့ပါ ယူဆောင်လာပါတယ်။ အများစုက ဆိုးကျိုးပေါ့။ကောင်းတာက ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းတာတွေ လျော့နည်းသွားတာပါ။ ဒါကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဆန္ဒပြလုပ်ခဲ့တာ မအောင်မြင်ခဲ့ပေမယ့် ယခုကိုဗစ်အပြီးမှာကမ္ဘာ့မြို့ကြီးတွေရဲ့ လေထုဟာ ပိုသန့်သွားခဲ့ပါတယ်။

မြန်မာပြည်မှာကတော့ ကိုဗစ်ကြောင့် အတိုင်ပင်ခံ DASSK က လိုင်းပေါ်တက်လာပြီး Facebook ကနေပြည်သူနဲ့ စတွေ့လာတာပါ။ ဒါဟာ ဒေါက်ခိုင်စကားနဲ့ပြောရရင် သူတို့ PPP လို တစ်သင်းလုံးကန်စရာမလိုဘဲ ပင်နယ်တီကန်ခွင့် ရသွားတာပါ။ အဘကလဲ ပြစ်ဒဏ်ဘောတွေ လူကျွန်ဘောတွေ များခဲ့တာကိုး။ ဒါကြောင့် Facebook က အနီကတ်နဲ့ အထုတ်ခံခဲ့ရတာပါ။

ပြည်သူတွေဟာ သူမရဲ့ စီမံခန့်ခွဲ၊ ခေါင်းဆောင်မှုတွေကို မျက်မြင်ကိုယ်တွေ့ ကြားနာခံစားရပြီးဆုံးဖြတ်နိုင်လာကြပါတယ်။ သူမကို ယှဉ်ပြိုင်ဖို့က အဘ မအလကို Facebook က ပိတ်ထားလို့ အဘကတက်လာလို့မရပါ။ ဒါနဲ့ ကြံ့ဖွတ်ဥက္ကဌကြီးက လိုင်းပေါ်တက်ရာမှာလဲ စကားပြောတာကအစ ရိုင်းစိုင်းပြီး ကြည်ဥရောင်းတာကောင်းတယ်ဆိုတော့ ပွဲဖြစ်သွားခဲ့ရပါတယ်။ ဘရွှေမန်းလဲ စကားဝိုင်းလုပ်ပေမယ့် သာမန်ပြည်သူက အချိန်ပေးမကြည့်ပါ။ ပြည်သူဆိုတာက မိမိကြိုက်တဲ့ အဆိုတော်တို့ မင်းသားမင်းသမီးတို့သာ ဖုန်းဘေလ်အကုန်ခံကြည့်တာပါ။

ဒီနေ့မှာလဲ စားသောက်ဆိုင်လုပ်ငန်းသမားတွေနဲ့ စကားပြောပြီး သူမမှာ အတွေးအခေါ်သစ်တွေ အိုင်ဒီယာသစ်တွေ ရလာမှာပါ။ အဲ့ဒီကနေ တိုင်းပြည်အတွက်ပိုကောင်းအောင် လုပ်လာနိုင်မှာပါ။ ယခင်ကဆိုရင် ပြည်သူနဲ့တွေ့ဖို့က လုံခြုံရေးစီစဉ်ရဘာညာဆိုတော့ ကြာပါတယ်။ ယခုကတော့ တစ်ရက်ခြားတစ်ခါလုပ်နိုင်လို့ အများကြီး တိုင်းပြည်အတွက် တာသွားသလို ယခင်က ရန်သူရဲ့ ဩဇာခံ တတိယအင်အားစုဂျင်းများ ပုံဖော်လေ့ရှိတဲ့ DASSK ရဲ့ ပုံရိပ်ကိုလဲ အလုပ်နဲ့ ချေဖျက်ပြီးသား ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်း အဘတို့အော်နေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်ကလူတွေနဲ့ပါ DASSK က လိုင်းပေါ်ကတွေ့လာရင် အဘလှူထားတာတွေ ပလုံသွားပြီး အဘ ဘဝပျက်မှာပါ။

ယခုပုံစံအတိုင်းကတော့ ဒီနှစ်ထဲမှာ NLD က အဘတို့ကို ဂိုးပြတ်နိုင်မှာပါ။ အဘတို့ကလဲ မီးမွှေးမှာဖြစ်ပေမယ့် မီးက မိမိကိုယ် မိမိ ပြန်လောင်တတ်ပါတယ်။

Photo credit: Myanmar State Counsellor Office

9,279 views0 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page