top of page
Search
နှလုံးရည်ပြည့်ဝသူ
Writer: Myat Tun OoMyat Tun Oo
နှလုံးရည်ပြည့်ဝသူ
စာရေးသူတို့တိုင်းပြည်ဟာစစ်အစိုးရအောက်မှာ၁၉၆၂ထဲကနေလာလို့ဘယ်အရာကိုမဆိုဘယ်လိုလက်တုံ့ပြန်နိုင်လဲဆိုတဲ့ရှုထောင့်ကနေကြည့်လေ့ရှိပါတယ်။ဥပမာမြို့တော်ဝန်ကဇေကြီးကိုပိတ်ထားတဲ့တံခါးပြန်ဖွင့်ခိုင်းချိန်လေသံပျော့ရင်ပြည်သူအချို့ကမကြိုက်ပါ။တံခါးပွင့်သွားပေမယ့်ဇေကြီးပြောတာခံခဲ့ရတယ်ပေါ့။ဒေါ်အောင်ဆန်းစုကြည်ကမေတ္တာနဲ့လုပ်နေပေမယ့်အချို့နေရာတွေမှာကိုင်စေချင်တာတွေရှိမှာပါ။ဒီနေရာမှာDASSK ရွေးချယ်ထားတဲ့ဝကခတွေထဲကဦးညီပုရဲ့အသက်ကိုပဓာနမထားဘဲတိုင်းပြည်အတွက်လုပ်ဆောင်မှုကိုလေ့လာရအောင်။
သူဟာရခိုင်တိုင်းရင်းသားဖြစ်ပြီးအကြမ်းမဖက်ဘဲအာဏာရှင်ကိုတော်လှန်ခဲ့သူပါ။သူထောင်ကျနေချိန်မှာကိုအေးမောင်ရခိုင်လူမျိုးတွေအတွက်အသံမထွက်ခဲ့ပါ။ANP ပါတီဟာစစ်ဗိုလ်ကိုရခိုင်ဝန်ကြီးချုပ်ခန့်ရာမှာမကန့်ကွက်ဘဲမိမိလူမျိုးကိုစခန့်ရာမှာတော့ကန့်ကွက်တိုက်ခိုက်ခဲ့ပါတယ်။ဝကခရာထူးဟာဘာမှတပ်ကိုအမိန့်ပေးလို့မရပါ။ဒါပေမယ့်ANP နဲ့ဓာတ်ခဲဟာသူ့ကိုအမြဲအပြစ်တင်ဖို့နည်းမျိုးစုံနဲ့ကြိုးစားခဲ့ပါတယ်။နောက်ပိုင်းမှာဓာတ်ခဲဟာဦးညီပုအသက်ကိုရန်ရှာလာပါတယ်။ဦးညီပုကိုအစပိုင်းမှာမတော်တဆမှု၊လူအုပ်နဲ့တိုက်ဖို့ကြိုးစားရာမှာမအောင်မြင်ဘဲနောက်ပိုင်းမှာမိုင်းစွဲပြီးလုပ်ကြံဖို့ကြိုးစားခဲ့ပါတယ်။ပထမမိုင်းစွဲရာမှာသူလွတ်သွားခဲ့ပါတယ်။သူကအဲ့ဒီလမ်းဘေးကမိုင်းစွဲတဲ့ရွာကိုဘာမှမတုံ့ပြန်ခဲ့ပါ။ANP ကလဲမိမိလူမျိုးဝကခကိုအကြမ်းဖက်သမားကလုပ်ကြံတာကိုဘာစာမှမထုတ်ခဲ့ပါ။သူကရွာသားကိုတပ်ကပစ်မှသာစာထုတ်ပါတယ်။ဒီလိုမျိုးတပ်ယဉ်တန်းကိုထပ်လုပ်ပါတယ်။ဒီအချိန်မှာတပ်ကရွာထဲကိုဝင်ရှင်းပါတယ်။လူသေပါတယ်။တပ်ကဓာတ်ခဲလူလို့ပြောပြီးသူတို့ကအရပ်သားလို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတပ်ယဉ်တန်းကိုမိုင်းစွဲအပြီးတောင်ဦးကျေးရွာထဲဝင်ရှာချိန်မှာဓာတ်ခဲတပ်ဖွဲ့ဝင်အမျိုးသမီးကိုအိမ်မှာစွဲမိုင်းတွေနဲ့မိခဲ့ပါတယ်။သူမကိုဖမ်းပြီးရဲစခန်းကိုခေါ်လာချိန်မှာဓာတ်ခဲကဖြတ်တိုက်လုခဲ့ပါတယ်။ဒါကဘာကိုပြလဲဆိုတော့ဓာတ်ခဲဟာရွာထဲမှာရွာသားအနေနဲ့နေမိုင်းထားပြီးမိုင်းစွဲတာကိုပြနေပါတယ်။တပ်ကပြန်ပစ်ရင်တော့ရွာသားထိတယ်အော်မယ်ပေါ့။
ဒီအချိန်မှာဘဲANP ဟာဝကခဦးညီပုကိုစစ်ဘေးရှောင်စခန်းတွေကိုမသွားဘူးဆိုပြီးနိုင်ငံရေးအရတိုက်ခိုက်ပါတယ်။ဦးညီပုယဉ်တန်းကိုလုံခြုံရေးပေးတာကရဲတပ်ဖွဲ့ပါ။တပ်ဟာယခုလိုအချိန်မှာတောင်သူ့ကိုလုံခြုံရေးမပေးပါ။ယခုသူကဒုက္ခသည်စခန်းကိုသွားဖို့ပြင်ပါတယ်။ဒါပေမယ့်ဓာတ်ခဲဟာသူ့ကိုမဟာမုနိဘုရားပေါ်မှာဗုံးထောင်လုပ်ကြံဖို့ကြိုးစားပြန်ပါတယ်။သူကကံကောင်းစွာဘဲပြည်သူကသတင်းပေးလို့လုပ်ကြံမှုကနေကံကောင်းစွာလွတ်သွားခဲ့ပါတယ်။သူ့ခရီးစဉ်ကိုတော့ဖျက်ခဲ့ရပါတယ်။
သူ့ကိုလုပ်ကြံတာကိုANP ဟာဘယ်အချိန်ကမှမရှုံ့ချခဲ့ပါဘူး။တပ်ကိုတိုက်တာဟာလက်နက်ကိုင်ချင်းမိုလို့ပေမယ့်မိမိလူမျိုးအချင်းချင်းအကြမ်းဖက်သတ်ဖြတ်ဖို့လုပ်တာကတော့အင်မတန်လူမဆန်တာပါ။ဒါပေမယ့်ဦးညီပုဟာအင်မတန်သည်းခံပြီးရန်ကိုရန်ချင်းမတုံ့နှင်းဘဲမေတ္တာနဲ့သာလုပ်ဆောင်တာတွေ့ရပါတယ်။တိုင်းပြည်မှာသူတို့လိုမေတ္တာနဲ့လုပ်ကိုင်သူများရင်တော့တိုင်းပြည်အောင်မြင်မှာပါ။
zawgyi version
နှလုံးရည်ပြည့်ဝသူ
Recent Posts
See All
ပြည်သူသာအဓိက
ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page