top of page
Search

နာမည်ကြီးဒီမိုများ လုံခြုံရေးသတိ

Writer: Myat Tun Oo
Myat Tun Oo
Feb 22, 2021
1 min read

နာမည်ကြီး cele များဟာ CDM ကို ဝိုင်းဝန်းပြီး ပံ့ပိုးပေးလို့ CDM ဟာ အောင်မြင်နေတယ်ဆိုတာ ငြင်းမရပါ။ ဟောင်ကောင်နဲ့ ထိုင်းမှာ ဆန္ဒပြတာသာ ရှိခဲ့ပြီး CDM မရှိခဲ့ပါ။ နောက် တရုတ်အစိုးရနဲ့ ထိုင်းအစိုးရဟာ မအလလောက် မဆိုးလို့ သူတို့ပြည်သူက ထွက်ပေါက်ရှိနေပါသေးတယ်။ ယခုကတော့မြန်မာပြည်မှာ CDM ဟာ အရှိန်အဟုန်နဲ့ အောင်မြင်နေပါတယ်။

ဒီနေရာမှာ နာမည်ကြီး အမတ်များ၊ cele များ၊ CDM ခေါင်းဆောင်များအနေနဲ့ မိမိအိမ်မှာမနေဘဲ ရှောင်နေကြပါ။ ဒါဆိုရင် သူတို့ဖမ်းရတာ ခက်သွားပါပြီ။ နယ်က CDM လုပ်တဲ့ ဆရာဝန်များလဲ ရန်ကုန်မှာသာ ရှောင်နေပါ။ ဒါက ပထမအချက်ပါ။

ဒုတိယက Facebook ပါ။ Facebook ကို VPN ခံသုံးပါ။ နောက် facebook ထဲက location services တွေကိုပိတ်ထားပါ။ Live မသုံးပါနဲ့။

တတိယက Google Android နဲ့ iPhone တွေမှာ location services တွေကို disable လုပ်ထားပါ။ Google map မှာလဲ မိမိနေရာကို မပြပါနဲ့။ location sharing ကို disable လုပ်ပါ။

နောက်အရေးကြီးဆုံးက ဖုန်းနံပတ်တွေပါ။ မိမိလက်ရှိသုံးတဲ့ ဖုန်းနံပတ်ကို Viber နဲ့ whatsapp မှာစာရင်းသွင်း register လုပ်ပြီးရင် အဲ့ဒီ SIM card ကို ဖုန်းထဲက ထုတ်လိုက်ပါ။ မိမိဖုန်းနံပတ်အဟောင်းကို ခေါ်လိုသူတွေကို Viber နဲ့ whatsapp ကနေသာ ခေါ်ခိုင်းပါ။ မိမိအိမ် (သို့) သူငယ်ချင်းကို ခေါ်လိုရင်မိမိဖုန်းနံပတ်အသစ်ကို မပေါ်အောင် withheld ID လုပ်ပြီးခေါ်ပါ။ iphone မှာ phone ရဲ့ show my caller Id မှာ အစိမ်းရောင်ကို မပေါ်အောင် နှိပ်လိုက်ပါ။ Android မှာလဲ phone setting ထဲမှာ ရှိပါတယ်။ မိမိရဲ့အရေးပေါ်ဖုန်းနံပတ်ကို မိမိ မိန်းမလောက်သာ ပေးထားပါ။ သူတို့ကိုလဲ လုံခြုံတဲ့နေရာမှာသာ ရေးမှတ်ခိုင်းထားပါ။

ဒီမိုတွေဟာ မကြောက်တတ်လို့ တိုက်ပွဲဝင်နေတာဖြစ်လို့ လေးစားပြီးသားပါ။ ဆယ်လီတွေကိုလဲလေးစားပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲက အချိန်ကြာနိုင်လို့ တစ်လ နှစ်လ ယခုလို လုံခြုံရေးကိုသတိထားစေချင်တာပါ။

နောက် CDM ကို ငွေလှူရာမှာ ဖြစ်နိုင်ရင် ပြည်သူမှ ပြည်သူသို့ တိုက်ရိုက်ပို့ပါ။ ဒါဆိုရင်ထောက်လှမ်းရေးက လိုက်ရခက်ပါတယ်။ မဟုတ်ရင် လူတစ်ယောက် အဖွဲ့တစ်ဖွဲ့ထဲကို လှမ်းပိတ်လိုက်ဖမ်းလိုက်ရင် ငွေတွေအများကြီး ပါသွားနိုင်လို့ပါ။ နောက်ပြီး အဆိုပါအဖွဲ့တွေလဲ whatsapp၊ Facebook messenger နဲ့ Viber တွေကို အဓိကထား သုံးကြပါ။


အောက်မှာ စစ်တပ်က ပြုစုထားတဲ့ လူဖမ်းနိုင်တဲ့ စာရင်းပါ။ ကြောက်ဖို့မဟုတ်ဘဲ ကြိုတင်ပြင်ဆင်နိုင်အောင်ပါ။ မအလဟာ သူကျဆုံးနိုင်လို့ အသေယုတ်မာနေပါတယ်။


အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page