top of page
Search
Writer's pictureMyat Tun Oo

နေပြည်တော် DASSK မြေကွက်ကိစ္စ ဖွတ်တွေဘယ်သူ့ထံက သတင်းရလဲ


အားလုံး ၂၀၂၀ ဇွန်လ ၁၀ ရက်ပိုင်းကို မှတ်မိမယ်ထင်ပါတယ်။ DASSK၊ သမ္မတနဲ့ ထိပ်ပိုင်းလူကြီးတွေကို မြေကွက်ယူတယ်ဆိုပြီး ဖွတ်အသိုင်းအဝိုင်းနဲ့ Facebook အုပ်စုတွေမှာ မြေပုံနှင့်တကွ တက်လာအပြီး ကျော်စွာတို့လို တပ်လော်ဘီအကောင့်တွေက ရေးကြတာတွေ့ရပါတယ်။ သတင်းမှာ မြေကွက်အကျယ်ကိုတော့ လိုတာထက် ပိုထားတာတွေ့ခဲ့ရပါတယ်။ အဘတ မီဒီယာများကလဲ သူ့ထက်ငါ ရေးကြပါတယ်။ စာရေးသူတို့ကလဲ ကာကွယ်ကြပေါ့။ နောက်ပိုင်းမှာ သမ္မတရုံးက သတင်းစာရှင်းလင်းပွဲမှာ ရှင်းရတဲ့အထိပါ။ DASSK မြေကွက်အကြောင်းကိုမေးဖို့ စိတ်ဝင်စားတဲ့ မီဒီယာများဟာရေငုပ်သင်္ဘောကို အိန္ဒိယက လက်ဆောင်ပေးတယ်ဆိုတာကိုတော့ မမေးရဲတာ တွေ့ရပါတယ်။ ဒါဟာကောလဟာလမဟုတ်ဘဲ အိန္ဒိယသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားပါ။

ဒါဆိုရင် အဆိုပါမြေကိစ္စကို နေပြည်တော်မှာ ဘယ်လိုသတင်းပေါက်ခဲ့လဲ? ဒီသတင်းပေါက်ကြားမှုဟာနေပြည်တော်ဒုမြို့တော်ဝန် ရန်ကုန်ဝန်ကြီးချုပ်လောင်း ဦးရဲနဲ့ ဘယ်လိုဆက်စပ်နေလဲ? အသေးစိတ်ကိုစာရေးသူရဲ့ အောက်ပါ စာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။



ကောလဟာလနဲ့ သတင်းရင်းမြစ်ကို လေ့လာရာမှာ ထွက်လာတဲ့နေရာဟာ အသေးစိတ်မြေပုံနဲ့ဆိုတာတွေ့ရပါတယ်။ မြေကွက်ကိုသာ ပုံကြီးချဲ့လိုက်တာပါ။ ပထမဆုံးက DASSK က ဒီလိုအရာတွေကို မလိုချင်ပါ။ သူမဟာ ကိုယ်ကျိုးအတွက်မက်လေ့မရှိသူပါ။ ဒါပေမယ့် သူမအနားက ထွေအုပ်ဝန်ကြီးကတော့ ဒီလိုမြေကွက်တွေကို ကြိုက်ပါတယ်။ သူတို့သာ မြေကွက်ယူရင် မကောင်းလို့ DASSK ပါယူပြီး နောက်ပိုင်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပြန်လှူနိုင်ကြောင်းပြောပြီး ယူဖို့ တိုက်တွန်းပါတယ်။မြေကွက်ဖော်တာက နေပြည်တော်ကောင်စီပါ။ ပုံမှန်မှာဆိုရင် သတင်းရင်းမြစ်ဟာ အောက်ခြေဌာနတစ်ခုဟာ အကုန်လုံးကို မသိနိုင်ပါ။ ဥပမာ ဝန်ကြီးတစ်ပါးအတွက် မြေကွက်ဖော်ရင် တစ်ယာက်အတွက်သာ သိမှာပါ။ သတင်းရင်းမြစ်ဟာ အထက်ကလူဆိုရင်တော့ အကုန်လုံးကို သိနိုင်ပါတယ်။

ဒီနေရာမှာ နေပြည်တော် ဒုမြို့တော်ဝန်ဟာ နှင်းဆီပါတီဥက္ကဌလို အောင်မြင်တာတင်မက နောက်တူတာလေးတွေလဲ ရှိပါတယ်။ သူ့မှာ ကိုယ်ရေးအရာရှိက လေးယောက်ရှိပါတယ်။ လက်ရှိ ရန်ကုန်ကဘဏ္ဍာရေးဝန်ကြီးနေရာအတွက် PSO က ဒေါ်သိမ့်နန္ဒာအောင်ဖြစ်ပြီး၊ သူ့အိမ်ကားမောင်းသူနဲ့ အိမ်ကိစ္စPSO ကတော့ ဦးဇော်ဖိုးပါ။ နေပြည်တော်စည်ပင်ဘဏ် ဥက္ကဌရာထူးအတွက် PSO ကတော့ ဦးရဲမင်းထွန်းပါ။ နေပြည်တော် ဒုမြို့တော်ဝန်ရာထူးအတွက် PSO ကတော့ ဦးဝင်းကျော်ပါ။ သူ PSO အရေအတွက်က အလုပ်များတဲ့ DASSK နဲ့ တပ်ချုပ်ထက် ပိုများတာ တွေ့ရပါတယ်။ ယခုကျော်မြင့်ကိုစစ်ချိန်မှာ သတင်းတပ်ဖွဲ့အတွက် ခက်တာက ကျော်မြင့်ရဲ့ PSO တွေဟာ တစ်ယောက်လုပ်ငန်း တစ်ယောက်မသိတာပါ။ ယခု ဦးရဲခန့်ထားတဲ့ ဦးဝင်းကျော်ဟာ တပ်ကြပ်ကြီးစာရေးရာထူးနဲ့ ယခင်သမ္မတရုံးမှာလုပ်ခဲ့တဲ့ ယခုကြံ့ဖွတ်ရုံးအဖွဲ့မှူး အောင်ပိုင်မင်းနဲ့က လည်ပင်းပေါင်းကြီးဖက်တွေပါ။ အရက်အတူသောက်ပြီး အလွန်ရင်းနှီးသူတွေပါ။ အောင်ပိုင်မင်းနဲ့သူဟာ သမ္မတဦးထင်ကျော်အတက်မှာအလုပ်ထွက်ခဲ့သူတွေပါ။ တပ်ကြပ်ကြီးစာရေး ဦးဝင်းကျော်ဟာ ဦးရဲမင်းဦးရဲ့ PSO အနေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မြေကွက်ဖော်တဲ့ကိစ္စကို အကုန်လုံးအတိအကျ သိနိုင်သူပါ။ သူက အဆိုပါသတင်းကို ဖွတ်နဲ့မီဒီယာထံ ပေးတယ်ဆိုတဲ့ တိုက်ရိုက်အထောက်အထားမရှိပေမယ့် သွယ်ဝှက်သက်သေ(circumstantial evidence) ကတော့ ထင်ရှားနေပါတယ်။ အဆိုပါသတင်းကို အောင်ပိုင်မင်းရဲ့နေပြည်တော်ဆုံမှတ်အုပ်စုဝင်နဲ့ တပ်အကောင့်တွေက စဖွတာပါ။ ဦးရဲမင်းဦးအနေနဲ့ မိမိ PSO ဟာNLD အစိုးရမကောင်းပြောသူ သမ္မတဦးသိန်းစိန်ကိုလိုလားသူ ဖွတ်သူငယ်ချင်းအရင်းဆိုတာ မသိတာလား? ဒါမှမဟုတ် သိလျက်နဲ့ နန္ဒာလှမြင့်ရဲ့ ထောက်ခံမှုနဲ့ ခန့်ခဲ့တာလားဆိုတာကတော့ သူသာသိမှာပါ။

အဆိုပါသတင်းထွက်ချိန်မှာ မီဒီယာတွေနဲ့ အလွန်ရင်းနှီးပြီး တာဝန်ရှိသူ ရဲရဲက ထွက်မရှင်းတာကလဲထူးဆန်းနေပြန်ပါတယ်။ အနေအထိုင်တတ်တယ်လို့ ချီးကျူးရင်လဲ ရပါတယ်။

နိုင်ငံရေးသမားတွေဆိုတာက မှားလို့မရပါဘူး။ ဖွတ်တွေနဲ့ ကင်းအောင်နေနိုင်လေ ကောင်းလေပါ။စာရေးသူသတင်းက မမှန်ဘူးထင်ရင် သူရော ဝင်းကျော်ရော ထွက်ရှင်းလို့ရပါတယ်။

NLD က CEC တွေလဲ ဒီစာကို ဖတ်နေမယ်လို့ ထင်ပါတယ်။ ဒါကတော့ သိသမျှ သတင်းလေးပါ။

6,103 views1 comment

1 comentario


Myint Soe Oo
Myint Soe Oo
15 dic 2020

ဦးမြတ်! တစ်ကွက် ကာတွန်းဖြင့် တင်ပြပါရစေ။

ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ အကျင့်မကောင်းသော အဖွဲ့အစည်းတစ်ခုမှ လူကြီးတစ်ဥိီး သူ့အဖွဲ့ မအောင်မြင်၍ စိတ်ဓာတ်ကျကာ စိတ်၏ဖြေရာအဖြစ်(တရားရချင်၍ မဟုတ်) ဘုန်းကြီးဝတ်ချင်ကြောင်း လာလျောက်ရာ ကျောင်းထိုင်ဘုန်းကြီးက လက်မခံ။ တခြားကျောင်း သွားရောက်ဝတ်စေချင်ကြောင်းနှင့် ဘုန်းတော်ကြီး မိန့်သော စကားမှာ~±~မလုပ်ပါနဲ့ ဒကာရယ်!!!ကျုပ်ကျောင်းက ဦးဇင်းတွေ ကိုရင်တွေ ခင်ဗျားဓာတ်(မကောင်းသော စရိုက်များ)ကူးကုန်မှ အားလုံး အကျိုးနည်းကုန်ပါဦးမည်~±±ဟု မိန့်ကာ ပြန်လွှတ်လိုက်ပါသည်။သို့ပါ၍ ထင်မြင်ယူဆမိပါသည်။ မြန်မာစကားပုံတစ်ခု ဖြစ်ထွန်းလာဟန်ရှိပါသည်။

#မကောင်းကျောင်းပို့

အို ဖျင်း လာသောကြောင့် အသိုင်းအဝိုင်းမှ စွန့်ပယ်သော **မူ**ဖြစ်ပါသည်

~±အမှိုက်အရှုပ် အပုပ်မို့ ပုတ်ထုတ်လိုက်ခြင်းလေလား???????


<<<<<<<<<<<<|||>>>>>>>>>


ဘုရားရှင် လက်ထက်မှ ဖြစ်ပွားခဲ့သော ဖြစ်စဥ်တစ်ရပ်။

ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာသဖြင့် တိတ္ထိများ(အယူမှားပြီး ဘုရားရှင်၏ သြဝါဒမှန်သမျှ ကန့်လန့်တိုက် အတိုက်အခံပြုသူများ)

ဆွမ်းမှအစ လာဘ်လာဘ ရှားပါးစပြုလာပါသည်။ ပြည်သူအများက ဘုရားရှင်ကို ကြည်ညိုကြသောကြောင့် လှူဒါန်းမှုများ အထူးထူးပြုလာကြသောကြောင့် ပစ္စည်းလေးပါး ကြွယ်ဝပါသည်။

ထို့ကြောင့် တိတ္တိများသည်လည်း ဘုရားရှင်နည်းတူ ပစ္စည်းလေးပါးပေါ၊ ကြည်ညိုသူများပြန်လည်ခြံရံရန်အတွက် နည်းလမ်းရှာကြပါသည်။ ဘုရားရှင်၏ အကျင့် နည်းနာနိဿယများကို သွယ်ဝိုက်သောနည်းဖြင့် ခိုးယူရန်အတွက်#သုသိမ. အမည်ရှိ တပည့်တစ်ယောက်ကို စေလွှတ်၏။ **သုသိမ**သည် သူတို့(တိတ္တိ အဖွဲ့ထဲတွင်) အသက်အရွယ်ငယ်​​​ြပီ းဥပဓိရုပ်ကောင်းကာ ဉာဏ်အမြင်ထက်မြက်ပြီး(ခိုနည်းဟန်နည်းပရိယာယ်လည်း ကြွယ်ဝသူ)ကို တရားသူခိုးအဖြစ် စေလွှတ်ပါသည်။နည်းကုန်ရလျှင်

ထိုနည်းအတိုင်းကျင့်သုံး၊ ပြည်သူလူထု ကြည်ညိုမှု ပြန်လည်ရရန် ဆောင်ကြဥ်းမည်ဟူသောအကြံဖြင့်။

#သုသိမပေလောလား???????


**************************


အမှိုက်အပုပ် အရှုပ်မို့ ကိုယ့်ဝန်းကျင် သာယာဖို့အရေးကြီးသည်။ သူတစ်ပါး အိမ်ရှေ့ စွန့်ပစ်

တပါးသူအိမ်ရှေ့ ဖြစ်ချင်ရာဖြစ်။

ညစ်ကွက်နှင့် အဖြစ်အပျက်မှန်သမျှ တခြားအိမ်က ရှင်း။

#အမှိုက်ရှင်းဖို့

#စည်ပင်တာဝန်ပေလား


**************************


~~~??????????

~~~??????????

~~~??????????


အမှန်သစ္စာဖြင့်

Me gusta
bottom of page