top of page
Search
  • Writer's pictureMyat Tun Oo

နေပြည်တော်မှ လောင်စာဆီ လုံခြုံရေးအထူးဆွေးနွေးပွဲအကြောင်း


ယခင် NUG က Hit List ဆိုတဲ့ စာရင်းအတုကို နေပြည်တော်မှာ မအလက NUG ပုံရိပ်ကျအောင်လုပ်ဖို့ လမ်းညွှန်ချက်ချအပြီး ပြည်ထဲရေး၊ စရဖနဲ့ ဝဏ္ဍမောင်လွင်တို့ စည်းဝေးပြီးအင်စာရင်းကို လုပ်ခဲ့တာပါ။ အင်စာရင်းမှာ လူမှားပြီး မတော်တဆ သတ်မိမှာစိုးလို့ မအလနဲ့စိုးဝင်းကို ချန်ထားခဲ့ရာက စာရင်းက အင်ကြီးမှန်း သိပ်သိသာသွားခဲ့တာပါ။ အဲဒီတုန်းက ကြိုသိပေမယ့် နိုင်ငံခြားသံအမတ်တွေ စဉ်းစားနိုင်မယ်ထင်လို့ ကြိုမတင်ခဲ့ပါ။ ယခုကတော့ မအလရဲ့ အောက်ခြေက လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲပါ။ ဒီအကြောင်းရေးပြတာက NUG နဲ့ PDF သိသင့်တယ်ထင်လို့ပါ။

ဆွေးနွေးတဲ့ အကြောင်းအရာက လောင်စာဆီ လုံခြုံရေးပါ။ ဆီသိုလှောင်ကန်တွေက ကွီးဖြိုးဆောက်ဖို့ကြံခဲ့ပေမယ့် မလုပ်လိုက်နိုင်ပါ။ ပထမဆုံးက နိုင်ငံခြားက မပို့ရင်၊ ဒါမှမဟုတ် ရေနံတင်လာတဲ့ သင်္ဘောကို ဝိုင်းတိုက်ရင် ဘာလုပ်မလဲဆိုတာ ဆွေးနွေးပါတယ်။ ဒါကလောလောဆယ်မှာ PDF ထံ ဘက်ပြောင်းတဲ့ စစ်သင်္ဘောမရှိသေးလို့ ဖြစ်နိုင်ချေနည်းတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အမေရိကန်ကလဲ ဖြတ်တိုက်မယ့်သဘောမရှိသေးလို့ သုံးသပ်ပါတယ်။

အဓိကဆွေးနွေးတာက ပြည်တွင်းလောင်စာဆီ ပို့ဆောင်မှုပါ။ လက်ရှိမအလတပ်ဟာ အင်တာနက်အတွက် မြေအောက်ကြိုးတွေ နေပြည်တော်ကို သွယ်တန်းထားပါတယ်။ ဒါ့ကြောင့်အမေရိကန်က လေကြောင်းက တိုက်ရင်တောင် နေရာအတိအကျသိမှ ပျက်မှာပါ။ PDF ကလဲ နေရာအတိအကျနဲ့ မီးရှို့ရင်တော့ ပျက်နိုင်ပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးဟာအခြားနည်းနဲ့လဲ ဆက်သွယ်နိုင်ပါတယ်။

နိုင်ငံတစ်ခုမှာ အရေးပါတာက လောင်စာဆီပါ။ ကား၊လေယဉ်၊ ရထား၊ မီးရထား၊ သင်္ဘောမောင်းဖို့ ဆီလိုပါတယ်။ ကုန်စည်ပို့ဆောင်ဖို့ ဆီလိုပါတယ်။ မအလတပ်ထဲမှာ ဆွေးနွေးတာကလဲ ဒီကိစ္စပါ။

သူတို့ဆွေးနွေးရာမှာ နေပြည်တော်နဲ့ ရန်ကုန်မှာ လအနည်းငယ်စာ သိုလှောင်ထားတဲ့လောင်စာဆီရှိပေမယ့် အဆိုပါလောင်စာဆီတွေဟာ နေပြည်တော်နဲ့ သက်ဆိုင်ရာစစ်တိုင်းတွေကို စစ်ဆင်ရေးတွေ သာမန်ကိစ္စတွေအတွက် ပို့ဆောင်ရပါတယ်။ ဘရွှေမလုပ်ခဲ့တာကနေပြည်တော်-ရန်ကုန်ကို လောင်စာဆီပိုက်လိုင်း မြေအောက်က မသွယ်သွားခဲ့တာပါ။ ပုံမှန်လောင်စာဆီကို လေယဉ်နဲ့က အများကြီးသယ်မရပါ။ နောက်လောင်စာဆီဆိုတာကမတော်တဆ မီးပွါးကအစ ထပေါက်သွားတတ်လို့ လုံခြုံရေးအတော်ကောင်းမှ ပို့ဆောင်လို့ရတာပါ။ ဆွေးနွေးတာက ယခုအချိန်မှာ ပို့ဆောင်လို့ရနေတာက PDF နဲ့ NUG ရဲ့ စိတ်ကောင်းမှုအပေါ်မူတည်နေပြီး PDF က ဖျက်တိုက်ခဲ့ရင် ဘာလုပ်မလဲဆိုတာ ဆွေးနွေးကြတာပါ။ ဒီဆွေးနွေးပွဲက မအလတပ်ရဲ့ လောင်စာဆီအတွက် လုံခြုံရေးပေးနိုင်မှုကို သူတို့ဘယ်လောင်စိုးရိမ်နေလဲဆိုတာပြနေပါတယ်။ ဒီနေရာမှာ အချို့က လောင်စာဆီသယ်တဲ့ကားတွေကို တပ်အစောင့်နဲ့သွားဖို့ ဆွေးနွေးကြပါတယ်။ အချို့က ယဉ်တန်းနဲ့သွားမှ PDF ကပစ်ရင် ပြဿနာပိုကြီးသွားနိုင်ကြောင်း ကျည်တစ်စထိခဲ့ရင် ထပေါက်ပြီး အကုန်သေသွားနိုင်ကြောင်းဆွေးနွေးကြပါတယ်။ ဒီနေရာမှာ ရဲချုပ်သန်းနိုင်က ခရီးသယ်တင်ယဉ်တွေနဲ့တွဲပြီး လောင်စာဆီယဉ်တန်းကိုသွားဖို့ အကြံပြုပါတယ်။ ဓါမှမဟုတ် ဘုန်းကြီးကားနောက်က ကပ်မောင်းဖို့အကြံပြုပါတယ်။ PDF က ပြည်သူမထိခိုက်အောင် လုပ်တတ်လို့ သူက အခွင့်ကောင်းယူတာပါ။ ဒါကသူစစ်ကိုင်းမှာမအလတပ်လုပ်နေတဲ့ လူသားဒိုင်းကာသလို လုပ်နေတာကို ဆီသယ်ရာမှာသုံးဖို့ ဆွေးနွေးလာကြတာပါ။ နောက်သူတို့ ဆွေးနွေးတာက ဓာတ်ဆီကုမ္ပဏီတွေကို သူတို့က မအလတပ်နဲ့ မပတ်သက်ကြောင်း သူတို့ကိုတိုက်ရင် ပြည်သူတွေခံရမှာဆိုပြီး Neo Politics၊ Popular၊ Eleven နဲ့ ဘီဘီစီမြန်မာပိုင်းကနေ ဝါဒဖြန့်ဖို့ပါ။

ဒီဆွေးနွေးပွဲအကြောင်းကနေ သိလိုက်ရတာက မအလတပ်ရဲ့ လောင်စာဆီထောက်ပို့လမ်းကြောင်း လုံခြုံမှုမရှိတာကို ဖော်ပြနေတာပါ။ နောက်အချက်က မအလတပ်ဟာ သူ့လောင်စာဆီကို ပို့လို့ရအောင် လိုအပ်ရင် လူသားဒိုင်းကို အသုံးပြုဖို့ ပြင်ထားတာပါ။ ဘာလုပ်သင့်သလဲဆိုတာကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ စာရေးသူ ပြန်စဉ်းစားမိတော့ သူစိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပါ။ နေပြည်တော်ကို လောင်စာဆီမဝင်ရင်၊ သူ့တိုင်း တပ်မတွေကိုဆီမပို့နိုင်ရင် စစ်ကားတွေသွားရခက်မှာပါ။ နောက်ဆီသယ်ကားဆိုတာက မိုင်းကမတော်တဆထိရင် မီးလောင်ရာလေပင့်နဲ့ ပေါက်ကွဲမှုကြီးနိုင်လို့ သူတို့စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပါ။ ဒါကို NUG၊ PDF နဲ့ ပြည်သူတွေသိအောင် သတင်းအနေနဲ့သု တင်ပေးတာပါ။ ဘယ်သူ့ကို ဘာလုပ်ပါ ညာလုပ်ပါ မပြောလိုပါဘူး။ စကားပုံက “အင်္ဂလိပ်အခက် ဗမာ့အချက်”ဆိုတာ ကြားဖူးခဲ့ပါတယ်။ မအလအခက် PDF အချက်လုပ်နိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။

1,456 views0 comments

Comments


bottom of page