top of page
Search

နေပြည်တော်မှာ ပိုးဘယ်လိုကူးနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 29, 2020
  • 1 min read

မြန်မာတစ်ပြည်လုံးဖြစ်နေချိန်မှာ နေပြည်တော်က အဆင်ပြေခဲ့ပါတယ်။ ရန်ကုန်က အဖြစ်အများဆုံးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းရန်ကုန်မှာ ရောဂါပိုးကူးနှုန်းကျလာလို့ ကိုဗစ်စင်တာတွေ စပိတ်လာနေရပြီးကိုဗစ်တိုက်ပွဲမှာ အနိုင်ရလာခဲ့ပါတယ်။ ဒါပေမယ့် အနောက်တိုင်းမှာ ပိုးသစ်တွေ တွေ့နေရပါတယ်။ အဲဒါဟာ မြန်မာပြည်မှာ ဖြစ်ပြီးသားပိုးလား အသစ်လားတော့ညစာရေးသူ မသိသေးပါ။

အဆိုပါအချိန်မှာ သာဝဟာ မြန်မာပြည်တစ်လွှားကို လျှောက်သွားနေခဲ့ပါတယ်။ ချင်း၊ ကချင်၊ ရှမ်း၊ရန်ကုန်တို့ပါ။ သူသွားရင် နယ်ခံတပ်တွေကို စိတ်မချလို့ နေပြည်တော်က သူ့သက်တော်စောင့်တပ်တင်မဟုတ်ဘဲ အခြားတပ်ရင်းများကလဲ လုံခြုံရေးလိုက်ယူပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ် ၁၈ ဒီဇင်ဘာ ရန်ကုန်မှာ ပိုးတွေ့မှု စကျချိန်မှာ နေပြည်တော်က ကက(ကြည်း) တိုက်ခန်းတွေမှာ ပိုးစတွေ့ပါတယ်။ အရာရှိတွေကိုလဲ အိမ်မပြန်ခိုင်းဘဲ ရုံးထဲမှာ ကွာတားစချလိုက်ပါတယ်။

ပုံမှန်နေပြည်တော်အဝင်မှာ တပ်၊ ရဲနဲ့ ကျန်းဦးစီးက စစ်ပါတယ်။ ကျန်းဦးစီးက သေချာစစ်ပါတယ်။ ဒါပေမယ့် ရေနီတပ်သင်တန်းကျောင်းက ထွက်လာသူတွေကိုတော့ တပ်ထဲကဆိုပြီး စစ်လေ့မရှိပါ။ အချို့ဟာ အဲ့ဒီထဲကိုဝင်ပြီးမှ ပြန်ထွက်သွားပြီး နေပြည်တော်ထဲဝင်ရင်တော့ အစစ်ခံရတာ လွတ်သွားလေ့ရှိပါတယ်။

ဒါ့ကြောင့် အဘရဲ့ အဝေးလုံခြုံရေးအဖွဲ့က ပိုးသယ်လာခဲ့ရင်နဲ့ ရေနီတပ်သင်တန်းအထဲက ထွက်လာခဲ့ရင် နေပြည်တော်ကို ကူးလာနိုင်ပါတယ်။ ဒါ့ကြောင့် တပ်ထဲက ထွက်လာလဲ သေချာစစ်ကြပါလို့ ပြောပါရစေ။

သာဝအထဲမှာ ကူးတာကတော့ အရေးမကြီးပါ။

News Credit: 7 Day TV

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page