ေႏြးေထြးေသာဘစိန္
ယခုအစိုးရတက္လာခ်ိန္မွာအခ်ိဳ႕ေသာဘုန္းႀကီးမ်ား၊တိုင္းရင္းသားမ်ား၊စီးပြားေရးသမားမ်ား၊ျပည္ပမွျပန္ဝင္လာသူမ်ား၊လက္နက္ကိုင္မ်ားကေႏြးေႏြးေထြးေထြးမခံစားရဘူးလို႔ေျပာပါတယ္။ဘာေၾကာင့္ဒီလိုျဖစ္ရတာလဲေလ့လာၾကည့္ရေအာင္။
ဘုန္းႀကီးအခ်ိဳ႕နဲ႔စရေအာင္။ဘစိန္ဟာလူထုတင္တဲ့အစိုးရမဟုတ္ပါဘူး။သူ႔ကိုလူေတြအမ်ားစုကမခ်စ္ပါ။သူ႔မွာတရားဝင္မႈ(legitimacy) မရွိပါ။ဒါေၾကာင့္သူဟာလူအမ်ားစုကိုးကြယ္တဲ့ဘုန္းႀကီးေတြကိုအားကိုးရပါတယ္။အဲ့ဒီအထဲကဘုန္းႀကီးအခ်ိဳ႕ဟာလဲသူ႔ကိုလူေတြႀကိဳက္တယ္ဆိုၿပီးသာသနာထက္ပိုၿပီးႏိုင္ငံေရးမွာပါလိုသူေတြရွိပါတယ္။ျမန္မာျပည္ကိုသူတို႔ျပစ္တင္႐ႈတ္ခ်တဲ့မူစလင္ရွီးယားဘုန္းႀကီးေတြကအုပ္ခ်ဳပ္တဲ့အီရန္လိုလိုက္လုပ္လိုသူေတြရွိပါတယ္။စဥ္းစားၾကည့္ပါ။ဒီဘုန္းႀကီးေတြဟာလူမႀကိဳက္တဲ့အာဏာရွင္ေတြကိုသာခ်ယ္လွယ္ႏိုင္ၿပီးလူႀကိဳက္မ်ားတဲ့ဒီမိုအစိုးရဆိုရင္သူတို႔ဟာႏိုင္ငံေရးမွာဝင္ပါလို႔ရေတာ့မွာမဟုတ္ပါ။ဒါေၾကာင့္ဘစိန္ကသူတို႔အတြက္ပိုၿပီးေႏြးေထြးပါတယ္။ဒါေၾကာင့္သူတို႔ကဘစိန္ကိုသာအာဏာရေစလိုပါတယ္။ဒီေနရာမွာမာမူအစြန္းေရာက္ေတြ၊မာမူအခ်ိဳ႕ကမ႓ာေပၚကႏိုင္ငံတိုင္းမွာသူတို႔ရဲ႕အိမ္ရွင္ႏိုင္ငံေတြနဲ႔ျပႆနာျဖစ္တာကိုလက္ခံပါတယ္။ဒါေပမယ့္သူတို႔ကိုဆန္႔က်င္တာဟာလူေတြအလုပ္ျဖစ္ၿပီးဘုန္းႀကီးနဲ႔မဆိုင္ပါ။
ဒုတိယကတိုင္းရင္းသားပါတီအခ်ိဳ႕ပါ။သူတို႔ဟာလဲဘစိန္လက္ထက္မွာသူတို႔သားသမီးေတြကုမၸဏီေထာင္ၿပီးရပ္ရြာဖြံ့ၿဖိဳးမႈလုပ္ငန္းေတြကိုသူတို႔သားသမီးေတြကကန္ထ႐ိုက္ရလို႔ခ်မ္းသာလာပါတယ္။ဒါေၾကာင့္ဘစိန္ကအင္မတန္ေႏြးေထြးပါတယ္။သူတို႔ဟာစစ္သားဗမာစစ္စစ္ကိုမိမိျပည္နယ္မွာဝကခခန္႔ရင္ေတာင္ဘာမွမေျပာပါ။အဘကလိုသမွ်ကိုဝကခရာထူးကလြဲရင္ျဖည့္ဆည္းေပးပါတယ္။ေငြလိုလား၊ေျမလိုလား၊ပေရာခ်က္လိုလားေပါ့။ဒါမ်ိဳးေတြကဒီမိုအစိုးရလက္ထက္မွာမရွိလို႔ေႏြးေထြးမႈမခံစားရပါ။ထို႔အတူတိုင္းရင္းသားလက္နက္ကိုင္မ်ားဟာလဲယခင္ကဆိုလိုင္စင္မဲ့ကားေတြတင္သြင္းႏိုင္သလိုအခြင့္ထူးခံကုမၸဏီေတြ၊ပေရာဂ်က္ေတြကိုအဘထံကရႏိုင္ပါတယ္။ဒီမိုအစိုးရလက္ထက္မွာကဥပေဒအတိုင္းလုပ္ခိုင္းလို႔အဆင္မေျပပါ။
ႏိုင္ငံျခားကျပန္လာသူပညာရွင္အခ်ိဳ႕၊လူ႔အခြင့္အေရးလႈပ္ရွားသူအခ်ိဳ႕ဟာလဲဒီမိုအစိုးရလက္ထက္မွာအေနက်ပ္လာပါတယ္။DASSK နဲ႔သူမအဖြဲ႕ဟာပညာတတ္ေတြျဖစ္လို႔အဆိုပါႏိုင္ငံျခားျပန္မ်ားထံကအကူအညီကိုဘစိန္လိုမလိုေတာ့ပါ။ဘစိန္ကေတာ့သူတို႔ထံကအကူအညီလိုလို႔သူတို႔လိုသမွ်ေငြကိုေပးကမ္းခဲ့ပါတယ္။ဘစိန္ကသူတို႔ေတာင္းသမွ်ကိုအာဏာကလြဲရင္အကုန္ေပးပါတယ္။အခ်ိဳ႕ကေျခဥနဲ႔သာပါရဂူဘြဲ႕ယူထားလို႔DASSK ကေခၚမသံုးခ်ိန္မွာစားဝတ္ေနေရးကက်ပ္တည္းလာၿပီးဇရပ္စကားဝိုင္းေတြ၊ျမစ္ဆံုပြဲေတြနဲ႔ပိုက္ဆံရွာလာရပါတယ္။
သူတို႔တင္မဟုတ္ဘဲခ႐ိုနီမ်ားဟာလဲယခုအစိုးရကဘစိန္ေလာက္မေႏြးေထြးဘူးလို႔ထင္လာပါတယ္။သူတို႔ဟာဘစိန္လက္ထက္ရန္ကုန္မွာေရႊတိဂံုဘုရားကိုပိတ္ၿပီးအထပ္ျမႇင့္ေဆာက္ခ်င္ရင္ဝင္ေတြ႕လိုက္ရင္စည္းကမ္းကိုေျဖေလွ်ာ့ေပးလို႔အဆင္ေျပေပမယ့္ယခုအစိုးရလက္ထက္မွာကစည္းနဲ႔ကမ္းနဲ႔လုပ္ခိုင္းၿပီးယခင္ကလိုတိုးတိုးတိတ္တိတ္ကန္ထ႐ိုက္မရေတာ့ဘဲအမ်ားနည္းတူယွဥ္ၿပိဳင္ရလို႔ေႏြးေထြးမႈမရွိသလိုခံစားေနရပါတယ္။
ထို႔အတူပါဘဲအခ်ိဳ႕ဝန္ထမ္းမ်ားဟာလဲဘစိန္လက္ထက္မွာေတာင္းခ်င္တိုင္းေတာင္းႏိုင္ျပည္သူေတြကိုေဟာက္ခ်င္တိုင္းေဟာက္ႏိုင္ပါတယ္။အဘကိုသာဖားၿပီးအလိုက္သိဖို႔လိုတာပါ။ယခုဒီမိုအစိုးရလက္ထက္မွာကအဖားမခံဘဲေတာင္းသူကိုလိုက္ဖမ္းျပည္သူကိုအႏိုင္က်င့္ရင္ကိုင္ဆိုေတာ့ဘစိန္လက္ထက္ကေလာက္မေႏြးေထြးသလိုခံစားရပါတယ္။
ဘိန္းသယ္သူကလဲယခင္ကလိုပိုက္ဆံေပးသယ္ရတာမလြယ္ေတာ့လို႔မေႏြးေထြးသလိုခံစားေနရပါတယ္။
ဒါေၾကာင့္သူခိုးမ်ား၊ခ႐ိုနီမ်ားနဲ႔အာဏာ႐ူးသဃၤန္းဝတ္အခ်ိဳ႕အတြက္ကေတာ့ယခုအစိုးရဟာဘစိန္လက္ထက္ကေလာက္မေႏြးေထြးေတာ့တာအမွန္ပါ။
Unicode version
နွေးထွေးသောဘစိန်
ယခုအစိုးရတက်လာချိန်မှာအချို့သောဘုန်းကြီးများ၊တိုင်းရင်းသားများ၊စီးပွားရေးသမားများ၊ပြည်ပမှပြန်ဝင်လာသူများ၊လက်နက်ကိုင်များကနွေးနွေးထွေးထွေးမခံစားရဘူးလို့ပြောပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရတာလဲလေ့လာကြည့်ရအောင်။
ဘုန်းကြီးအချို့နဲ့စရအောင်။ဘစိန်ဟာလူထုတင်တဲ့အစိုးရမဟုတ်ပါဘူး။သူ့ကိုလူတွေအများစုကမချစ်ပါ။သူ့မှာတရားဝင်မှု(legitimacy) မရှိပါ။ဒါကြောင့်သူဟာလူအများစုကိုးကွယ်တဲ့ဘုန်းကြီးတွေကိုအားကိုးရပါတယ်။အဲ့ဒီအထဲကဘုန်းကြီးအချို့ဟာလဲသူ့ကိုလူတွေကြိုက်တယ်ဆိုပြီးသာသနာထက်ပိုပြီးနိုင်ငံရေးမှာပါလိုသူတွေရှိပါတယ်။မြန်မာပြည်ကိုသူတို့ပြစ်တင်ရှုတ်ချတဲ့မူစလင်ရှီးယားဘုန်းကြီးတွေကအုပ်ချုပ်တဲ့အီရန်လိုလိုက်လုပ်လိုသူတွေရှိပါတယ်။စဉ်းစားကြည့်ပါ။ဒီဘုန်းကြီးတွေဟာလူမကြိုက်တဲ့အာဏာရှင်တွေကိုသာချယ်လှယ်နိုင်ပြီးလူကြိုက်များတဲ့ဒီမိုအစိုးရဆိုရင်သူတို့ဟာနိုင်ငံရေးမှာဝင်ပါလို့ရတော့မှာမဟုတ်ပါ။ဒါကြောင့်ဘစိန်ကသူတို့အတွက်ပိုပြီးနွေးထွေးပါတယ်။ဒါကြောင့်သူတို့ကဘစိန်ကိုသာအာဏာရစေလိုပါတယ်။ဒီနေရာမှာမာမူအစွန်းရောက်တွေ၊မာမူအချို့ကမ႓ာပေါ်ကနိုင်ငံတိုင်းမှာသူတို့ရဲ့အိမ်ရှင်နိုင်ငံတွေနဲ့ပြဿနာဖြစ်တာကိုလက်ခံပါတယ်။ဒါပေမယ့်သူတို့ကိုဆန့်ကျင်တာဟာလူတွေအလုပ်ဖြစ်ပြီးဘုန်းကြီးနဲ့မဆိုင်ပါ။
ဒုတိယကတိုင်းရင်းသားပါတီအချို့ပါ။သူတို့ဟာလဲဘစိန်လက်ထက်မှာသူတို့သားသမီးတွေကုမ္ပဏီထောင်ပြီးရပ်ရွာဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုသူတို့သားသမီးတွေကကန်ထရိုက်ရလို့ချမ်းသာလာပါတယ်။ဒါကြောင့်ဘစိန်ကအင်မတန်နွေးထွေးပါတယ်။သူတို့ဟာစစ်သားဗမာစစ်စစ်ကိုမိမိပြည်နယ်မှာဝကခခန့်ရင်တောင်ဘာမှမပြောပါ။အဘကလိုသမျှကိုဝကခရာထူးကလွဲရင်ဖြည့်ဆည်းပေးပါတယ်။ငွေလိုလား၊မြေလိုလား၊ပရောချက်လိုလားပေါ့။ဒါမျိုးတွေကဒီမိုအစိုးရလက်ထက်မှာမရှိလို့နွေးထွေးမှုမခံစားရပါ။ထို့အတူတိုင်းရင်းသားလက်နက်ကိုင်များဟာလဲယခင်ကဆိုလိုင်စင်မဲ့ကားတွေတင်သွင်းနိုင်သလိုအခွင့်ထူးခံကုမ္ပဏီတွေ၊ပရောဂျက်တွေကိုအဘထံကရနိုင်ပါတယ်။ဒီမိုအစိုးရလက်ထက်မှာကဥပဒေအတိုင်းလုပ်ခိုင်းလို့အဆင်မပြေပါ။
နိုင်ငံခြားကပြန်လာသူပညာရှင်အချို့၊လူ့အခွင့်အရေးလှုပ်ရှားသူအချို့ဟာလဲဒီမိုအစိုးရလက်ထက်မှာအနေကျပ်လာပါတယ်။DASSK နဲ့သူမအဖွဲ့ဟာပညာတတ်တွေဖြစ်လို့အဆိုပါနိုင်ငံခြားပြန်များထံကအကူအညီကိုဘစိန်လိုမလိုတော့ပါ။ဘစိန်ကတော့သူတို့ထံကအကူအညီလိုလို့သူတို့လိုသမျှငွေကိုပေးကမ်းခဲ့ပါတယ်။ဘစိန်ကသူတို့တောင်းသမျှကိုအာဏာကလွဲရင်အကုန်ပေးပါတယ်။အချို့ကခြေဥနဲ့သာပါရဂူဘွဲ့ယူထားလို့DASSK ကခေါ်မသုံးချိန်မှာစားဝတ်နေရေးကကျပ်တည်းလာပြီးဇရပ်စကားဝိုင်းတွေ၊မြစ်ဆုံပွဲတွေနဲ့ပိုက်ဆံရှာလာရပါတယ်။
သူတို့တင်မဟုတ်ဘဲခရိုနီများဟာလဲယခုအစိုးရကဘစိန်လောက်မနွေးထွေးဘူးလို့ထင်လာပါတယ်။သူတို့ဟာဘစိန်လက်ထက်ရန်ကုန်မှာရွှေတိဂုံဘုရားကိုပိတ်ပြီးအထပ်မြှင့်ဆောက်ချင်ရင်ဝင်တွေ့လိုက်ရင်စည်းကမ်းကိုဖြေလျှော့ပေးလို့အဆင်ပြေပေမယ့်ယခုအစိုးရလက်ထက်မှာကစည်းနဲ့ကမ်းနဲ့လုပ်ခိုင်းပြီးယခင်ကလိုတိုးတိုးတိတ်တိတ်ကန်ထရိုက်မရတော့ဘဲအများနည်းတူယှဉ်ပြိုင်ရလို့နွေးထွေးမှုမရှိသလိုခံစားနေရပါတယ်။
ထို့အတူပါဘဲအချို့ဝန်ထမ်းများဟာလဲဘစိန်လက်ထက်မှာတောင်းချင်တိုင်းတောင်းနိုင်ပြည်သူတွေကိုဟောက်ချင်တိုင်းဟောက်နိုင်ပါတယ်။အဘကိုသာဖားပြီးအလိုက်သိဖို့လိုတာပါ။ယခုဒီမိုအစိုးရလက်ထက်မှာကအဖားမခံဘဲတောင်းသူကိုလိုက်ဖမ်းပြည်သူကိုအနိုင်ကျင့်ရင်ကိုင်ဆိုတော့ဘစိန်လက်ထက်ကလောက်မနွေးထွေးသလိုခံစားရပါတယ်။
ဘိန်းသယ်သူကလဲယခင်ကလိုပိုက်ဆံပေးသယ်ရတာမလွယ်တော့လို့မနွေးထွေးသလိုခံစားနေရပါတယ်။
ဒါကြောင့်သူခိုးများ၊ခရိုနီများနဲ့အာဏာရူးသင်္ဃန်းဝတ်အချို့အတွက်ကတော့ယခုအစိုးရဟာဘစိန်လက်ထက်ကလောက်မနွေးထွေးတော့တာအမှန်ပါ။
Comments