top of page
Search

နေဇင်လတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အရေးယူနိုင်လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 5, 2019
  • 1 min read

နေဇင်လတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အရေးယူနိုင်လား

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဘင်္ဂါလီတစ်ယောက်က လူမျိုးရေးပြောပြီး သူတို့ကို နိုင်ငံသားမပေးလို့ဘဲ ဗမာနိုင်ငံပျောက်မလိုပြောပါတယ်။ သူက နိုင်ငံခြားမှာနေသူပါ။ ဒါကို တပ်အကောင့်တုတွေက ရှယ်ပါတယ်။ သူတို့နှစ်ဖွဲ့က ဆန့်ကျင်ဖက်လို့ ထင်ရပေမယ့် လက်ရှိအစိုးရကို ပြုတ်စေချင်တာတော့ တူပုံပါ။ ဒါမျိုးကို လူမျိုးရေးနဲ့ အမုန်းစကားဆိုပြီး ဒီမိုတွေရေးရင် ဖြုတ်ချလေ့ရှိတဲ့ Facebook ကြီးက မဖြုတ်ချတာတွေ့ရပါတယ်။

မနေ့ကတော့ ယခင်ဘစိန်ရဲ့ သမ္မတအကြံပေး နေဇင်လတ်က ဘင်္ဂါလီခိုးသယ်တာကို YBS လို့နာမည်သုံးပြီး NLD အစိုးရနဲ့ ပြည်သူကို လူမျိုးရေး ရန်တိုက်ပေးသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ YBS ထဲမှာ တပ်ဦးပိုင်ကပိုင်တဲ့ YBS ဘတ်စကားတွေလဲ ရှိပါတယ်။

ဒီနေရာမှာ တပ်ကဦးပိုင်နဲ့ နီးစပ်တဲ့ YBS က ဘင်္ဂါလီခိုးသွင်းလား ဘယ်သူ့ကားက သွင်းတာလဲသတင်းအတုလား မသိပေမယ့် နေဇင်လတ်ကတော့ အစိုးရကို အပုတ်ချတာရေးပြီးသလို နေဇင်လတ်နဲ့ အာဘော်တူစွာဘဲ တပ်ကထောင်ထားတဲ့ TheeSaychin လို ဆိုက်ဝါးနဲ့ အခြားအကောင့်တုတွေကကောလဟာလ စလုပ်ပါတယ်။

နေဇင်လတ်ရဲ့လုပ်ရပ်ဟာ NLD အစိုးရနဲ့ပြည်သူကို ရန်တိုက်ပေးရုံမက လူမျိုးရေးမုန်းတီးမှုကို ဖန်တီးတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ တပ်ကိုမကိုင်နိုင်သေးရင်တောင် သူ့အောက်စွဲ နေဇင်လတ်ကိုတော့၅၀၅ လေးနဲ့ ကိုင်သင့်ပါတယ်။ ကိုယ်ကမကိုင်ရင် သူက ကိုယ့်ကို သတင်းတုတွေ ဆိုက်ဝါးတွေနဲ့ ကိုင်သွားပါလိမ့်မယ်။

ယခုအချိန်မှာ အာဏာသိမ်းတာကိုတော့ ကြောက်စရာမလိုတော့ပါ။ သူသိမ်းလို့ရှိရင် ICJ နဲ့ ICC က သူတို့ကို ပြန်ဖမ်းသွားမှာပါ။ ဒါကအဆိုးထဲက အကောင်းပါ။ ICC နဲ့ ICJ မလာခင် ပြည်သူတွေကအနည်းဆုံးရန်ကုန်က တပ်စခန်းတွေကို ပြည်သူလိုလားတဲ့ တပ်အချို့နဲ့ ဝင်သိမ်းမှာပါ။ ၁၉၆၂ ဟာရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ ယခုမြောက်လေးကောင်နဲ့တောင် တိုင်ပတ်နေပါပြီ။ ရန်ကုန်ကပြည်သူတွေတပ်ရင်းတစ်ခုလောက်နဲ့ပေါင်း နိုင်ငံခြားလေတပ်က ရန်ကုန်ကို လေယဉ်မပျံရသတ်မှတ်ပြီး ဒီမို ဝကခတစ်ယောက်က သံရုံးထဲကနေ အစိုးရကြေညာပြီး နိုင်ငံခြားတပ်ကို တရားဝင်ခေါ်ရင် ပွဲပြီးပါတယ်။

ပြည်သူက ပုန်ကန်လို့ တိုင်းပြည်ပြိုကွဲရင် အဘမြေးမလေးတွေသာ နေစရာမဲ့ စစ်ပြေးဒုက္ခသည် ဖြစ်သွားမှာပါ။ ပြည်သူတွေက သန်းခေါင်ထက် ညဉ့်မနက်တော့ပါ။

ကိုင်စရာရှိတာကို အစိုးရက ရဲရဲရင့်ရင့်သာ ကိုင်လိုက်ပါ။ ယခုဟာက နေဇင်လတ်လို ဥပဒေချိုးဖောက်သူကို အစိုးရကို အကြည်ညိုပျက်အောင်လုပ်သူကို အရေးယူဖို့ပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Htin Linn
Htin Linn
Dec 06, 2019

အရေးယူရပါမည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page