top of page
Search

နှစ်သစ်ကူးမှာ ထူးလာသော တိုက်ပွဲများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 2, 2022
  • 1 min read

မအလဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်များကို ပညာပေးလိုလို့ လေးကေ့ကော်ကို ဝင်ပစ်ခဲ့ပါတယ်။ သူပြောချင်တာက မင်းတို့ PDF ကို လက်ခံထားရင် အပစ်ခံရမယ်ပေါ့။ သူကယခင်ကတောင် မာနယ်ပလောကို သိမ်းခဲ့တဲ့တပ် ဘာညာပေါ့။ ဒါပေမယ့် သူမေ့နေတာက သူမာနယ်ပလောသိမ်းချိန်မှာ KIA နဲ့ အပစ်ရပ်ထားခဲ့သလို စစ်ကိုင်းနဲ့ ကယားမှာလဲ ဘာတိုက်ပွဲမှ မရှိခဲ့ပါ။တကယ်က သူ့တပ်တွေ အသေများတာ အချိန်တိုအတွင်း တပ်ရင်းမှူးကျတာ၊ ဗျူဟာမှူးပိတ်မိနေတာတွေနဲ့သာ ပြဿနာတက်ခဲ့ပါတယ်။ ဒီနေရာမှာ မအလ မှန်းထားတာက လေးကေ့ကော်ကိုတိုက်ရင် အခြား KNU တပ်မဟာတွေက ငြိမ်နေမယ်လို့ထင်ခဲ့တာပါ။ သူကသွေးခွဲတော်တော့ သူ့ကိုယ်သူ အထင်ကြီးတာလဲ ပါမှာပါ။ လက်တွေ့မှာက PDF ကပါ ဝင်တိုက်လို့ သာမန်လေယဉ်နဲ့ဗုံးကြဲ၊ အမြောက်နဲ့ပစ်ပြီးခဲ့ရင်တောင် နယ်မြေစိုးမိုးဖို့က ကြည်းတပ်က တက်ရမှာပါ။ လေယဉ်နဲ့ပစ်၊ အမြောက်နဲ့ပစ်တာက သာမန်အရပ်သားတွေ နေရပ်စွန့်ခွါအောင် လုပ်ရလွယ်ပေမယ့် မြေပြင်ကတပ်ကို တိုက်ဖို့က သာလွန်အင်အားလိုပါတယ်။ ဒီအင်အားက မအလမှာ စစ်နိုင်လောက်အောင်မရှိပါ။

တချိန်ထဲမှာဘဲ ကယား KNDF က လွိုင်ကော်အထိ တိုက်ပွဲဖော်လာတာ တွေ့ရပါတယ်။ သူ့ရဲ့တပ်ရင်းတွေကို သွေးတိုးစမ်းတိုက်လာတာ တွေ့ရပါတယ်။ ကယားနဲ့ ကရင်ဘက်မှာက မအလတပ်က အပြင်အထွက်အတိုက်မခံရသေးဘဲ ရန်သူ့နယ်ထဲမှာမ အတိုက်ခံနေရတာပါ။ ယခုက ကယားမှာ သူ့တပ်ထဲအထိ ဟိုက လာတိုက်လာတာပါ။

ငြိမ်သွားတဲ့ ရန်ကုန်မှာလဲ ယခုတိုက်လာတာက ပိုပြီး ဗျူဟာမြောက်လာတာ တွေ့ရပါတယ်။ဥပမာ CCTV တွေကို စနစ်တကျ ဖယ်ထုတ်ပြီး လှုပ်ရှားလာတာမျိုး ဗီဒီယိုကို မလိုအပ်ရင် မတင်ဘဲ ရလာဒ်ဦးစားပေး လုပ်လာတာမျိုးပါ။

နှစ်ကူးမှာ စစ်ကိုင်းက ရေဦး၊ ဝက်လက်၊ အင်းတော်၊ ဘုတလင်၊ တန့်ဆည်နဲ့ ဆားလင်းကြီးတို့မှာမအလတပ် အတိုက်ခံခဲ့ရပါတယ်။ ထူးခြားတာက ဝက်လက်မှာ မအလတပ်ကို ထိပ်တိုက်စတွေ့တိုက်ခိုက်လာတာပါ။ မြေပုံပေါ်မှာ လေ့လာကြည့်ရင် မအလတပ် စစ်ကိုင်းမှာအုပ်ချုပ်လို့ရတာကမြို့ပေါ်မှာသာ ရှိပါတော့တယ်။ တစ်မြို့နဲ့တစ်မြို့ သွားလာရင်တောင် သူ့တိုင်းမှူးနဲ့ ဝန်ကြီးချုပ်ကကားနဲ့မသွားရဲတော့ပါ။ အချို့မြို့နယ်ထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းဟာ သူ့ခြံဝန်းထဲမှာသာ အမိန့်စာထုတ်နေရတာပါ။ ယခုဆို တန့်ဆည်မှာ အိမ်တွေလိုက်ချိတ်ပိတ်နေတဲ့ စစ်တပ်တောင် မိုင်းဆွဲခံနေရပါပြီ။

ဒါတင်မဟုတ်ဘဲ အချို့မြို့နယ်တွေမှာ PDF က ပြည်သူတွေကို ကူညီနေလို့ PDF ရဲ့ ပုံရိပ်က ပြည်သူ့တပ်မတော်ဖြစ်လာနေပြီး မအလတပ်က မီးရှို့၊ လူသတ်နေလို့ ဘင်လာဒင်ရဲ့ အကြမ်းဖက်အဖွဲ့နဲ့ ပိုတူလာနေပါတယ်။

စစ်ကိုင်းမှာ ယခုလို အတိုင်းအတာတစ်ခုအထိ လွတ်မြောက်လာတာဟာ အလကားရလာတာမဟုတ်ဘဲ သူတို့တွေ ပေးဆပ်ခဲ့လို့ပါ။ ပေးဆပ်နေရဆဲပါ။ ယခုအချိန် ကုလက အပစ်ရပ်ဆိုလို့ အပစ်ရပ်ရရင်တောင် စစ်ကိုင်းက နေရာအများစုဟာ ရခိုင်က AA နိုင်ထားသလို PDF အောက်ရောက်ပြီး လွတ်မြောက်သွားမှာပါ။ အရာရာတိုင်းဟာ ပေးဆပ်မှုတွေရှိပါတယ်။ ဒါကိုခဏခဏ ရေးပြပြောပြတာက အချို့က ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို အလကားရတယ်ထင်မှာစိုးလို့ပါ။

(မြေပုံ အနီရောင်က PDF စိုးမိုးထားသော နေရာများ၊ 🔥မ​နေ့နဲ့ ဒီနေ့ တိုက်ပွဲဖြစ်ရာ နေရာများ)

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 02, 2022

ဦးမြတ်!!! နှစ်သစ်ကူးမှာ ထူးသော တိုက်ပွဲများ ရှိသကဲ့သို့

နှစ်ကူးမှာ မူး မတ်မှန်း မသိ၊ ကျပ်မပြည့်သော ရူးကြွမြူးထနေသူများလည်း ရှိကြပါသည်။ ဆောင်းပါးနှင့် လျော်ညီလိုက်ဖက်မည်ထင်၍ တင်ပြအပ်ပါသည်။


ချောင်းသာ ငွေဆောင် ကမ်းခြေသို့ ဧည့်သည်အလာများပြီး ပုသိမ်-ရန်ကုန် ကားလမ်းပိတ် ( DVB သတင်း )

အိမ်စီးကားတွေနဲ့ မိသားစုလိုက် လာကြတာများတယ်။ လေအိတ်ကားကနည်းတယ်။ ၁၅စီး ၂၀ ကြားလောက်ပဲရှိမယ်

ဟု ဒေသခံ ကုန်တင်ယာဉ်မောင်း၏ ပြောဆိုမှုကို ကိုးကား ဖော်ပြထားပါသည်။ အများစုက အပမ်းဖြေရန်လာကြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

မည်မျှလောက် ပင်ပန်းနေလို့ အပမ်းဖြေရပါသနည်း။ ကိုယ် စိတ်နှစ်ပါးလုံး ပင်ပန်းပြီး စိတ်မှာ ဒါဏ်ရာအနာတရ ရသူတွေလောက် ပင်ပန်းနေပြီလား??????

နှမ်းခါး ကာပေါင်းကျ နတ်ချောင်း လိပ်ခြံ

>>>>>>စသည့် ကျေးရွာများမှ ရွာသူရွာသားတို့၏ ပင်ပန်းမှုနှင့် နှိုင်းယှဉ်ကြည့်စေလိုပါသည်။

နေအိမ် မီးရှို့ ခံရ။ အားထားရသော စပါး ပုံ မီးတိုက်ခံရ။

လယ်ထဲကနေ တလင်းပေါက် စပါး ရောက်ဖို့ လယ်သမားတိုင်း မည်မျှကြိုးစားခဲ့ရပါသနည်း? မေကုန် ဇွန်လဆန်းထဲက မျှော်လိုက်ရသည့် မိုး။ မိုးရွာလို့ ပျိုးသာအောင် မြေဩဇာ ကြဲပက်ရသည့် ဆင်းရဲမှု။ ရေမရလျှင် ရေရအောင် ကြံဆောင်ရသည့် ဒုက္ခ။ ရိတ်သိမ်းစဉ် ကျောပူသော ဒါဏ် မည်မျှပြင်းသည်ကို ဆိုင်သူသာ သိပါသည်။

စပါးပုံ ဖြစ်ခါမှ မီးပြာကျ၊ ဘာမှ ပြန်မရနိုင်သော ဘဝ။ ‌ချွေးတို့ဖြင့် ရင်း၍ကျွဲနွားများနှင့်ဖက်ကာ ရုန်းခဲ့ရသော ခွန်အား၊ငွေကြေး ၊ အချိန် ၊ မျှော်လင့်ချက်????

မည်မျှ ဆင်းရဲ ပင်ပန်းပါမည်နည်း။

နှမ်းခါးရွာဆိုလျှင် ၉ကြိမ်မြောက် အဖျက်ဆီး ခံခဲ့ရပါသည်။

ဝက်ရောင်းသူက ရောင်း

ပဲနှမ်းရောင်းသူက ရောင်း

ယမ်း ထောင်းဖို့။

အမဖြစ်သူက…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page