top of page
Search
  • Writer's pictureMyat Tun Oo

နိုင်လား ရှုံးလား?


မနေ့က တပ်ထဲမှာပြောကြတယ်။ ဟွန်ဆန်မလာခင် လေးကေ့ကော်ပြန်သိမ်းပြီး ဟွန်ဆန်ပြန်ရင် ဒီမောဆိုနဲ့ရှားတော၊ ပြီးရင် ချင်းပြည်ပြန်သိမ်းမယ်ပေါ့။ သူတွက်တာက ကယားပြည်နယ်က လူ ၄ သိန်း၊ချင်းက လူဦးရေ ၅ သိန်းခွဲလောက်မိုလို့ သာလွန်အင်အားသုံးရင် နိုင်မယ်ပေါ့။ စစ်ကိုင်းက ၅ သန်းခွဲမိုလို့ သာလွန်အင်အားသုံးရခက်သလိုနယ်မြေကျယ်လို့ နောက်မှ ပိတ်တိုက်မယ်ပေါ့။ ဒါပေမယ့် လေးကေ့ကော်ကို ပြန်သိမ်းတာ အောင်ပွဲခံလို့ မပြီးသေးချိန်မှာ ကယားကတိုက်ပွဲတွေက ထင်သလောက်မလွဲဘဲ အကျအဆုံးများနေတာ တွေ့ရပါတယ်။ ဒီစာကိုရေးနေချိန်မှာ ကယားက လွိုင်ကော်အထိ PDF ကရောက်လာလို့ အရှက်တွေ ကွဲရပြန်ပါပြီ။ ဟိုက သိမ်းနိုင်တာ မနိုင်တာထား လွိုင်ကော်အထိ တက်တိုက်နိုင်တာက ၁၉၇၀ နောက်ပိုင်း ပထမဆုံးအချိန်ပါ။ PDF ကြောင့် နမခတိုင်းမှူး အဖယ်ခံရအပြီးမှာ နောက်တိုင်းမှူးတွေ လာပါအုံးမယ်။ မအလလဲ စစ်ရှုံးတဲ့တိုင်းမှူးတောင် ခုံရုံးဖွဲ့ မစစ်ခိုင်းရဲတော့ပါဘူး။ အခြေအနေက မအလဩဇာဟာ ကျလာတာတွေ့ရပါတယ်။ အချို့က မိမိအသေခံရတော့မယ်ဆိုရင် အာဏာဖီဆန်လာတတ်ကြပါတယ်။ ယခုတပ်ရင်းမှူးအဆင့်အထိ မြေပြင်မှာတွေ့လာနေရပါပြီ။ ပိုများလာဖို့က ပြည်သူညီဖို့သာလိုပါတယ်။

1,923 views2 comments
bottom of page