top of page
Search

နိုင်လွတ်လုံနဲ့ ပြည်ထဲရေး

Writer: Myat Tun OoMyat Tun Oo

စာရေးသူတို့တိုင်းပြည်မှာက ယခင်စစ်အစိုးရလက်ထက်က မသင်္ကာသူကိုမိရင် နှိပ်စက်လိုက်တာနဲ့ ဟိုကတကယ်သိတယ်ဆိုရင် သတင်းရပါတယ်။ တကယ်မသိရင်လဲ ဝန်ခံပေါ့။ အရေးကြီးတာက လူကြီးကို အဖမ်းပြတာ။ နောက်ဧည့်စာရင်းစစ်ဆိုပြီး လူတွေကိုဖမ်းတာ။ ဒီလိုစနစ်ရှိပေမယ့်လဲ တွင်း ၂ဗိုလ်ချုပ်တင်ဦးဟာ လုပ်ကြံမှုတွေ ခဏခဏ ခံခဲ့ရပါတယ်။

မနေ့က ပြည်ထဲရေးဒုဝန်ကြီးက ဘိန်းသမားကို မဖမ်းနိုင်တာဟာ နိုင်လွတ်လုံကြောင့်ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒါမျိုးက အဘတို့လိုင်းပေါ်မှာ ပြောနေတာ ကြာပါပြီ။ တချိန်ထဲမှာ ဘိန်းသမားနောက်ကို နိုင်လွတ်လုံကြောင့် မလိုက်နိုင်ပြောပေမယ့် NLD အမတ်နောက်ကိုတော့ တနင်္လာရီမှာ လိုက်ခဲ့ပါတယ်။ဒါက ဒုဝန်ကြီးရဲ့အဖြေ ရှေ့နောက်စကား မညီတာကို ပြတာပါ။

ဒုတိယအချက်က ဒုဝန်ကြီးပြောချက်အရဆို ဘရွှေ၊ ဘစိန်လက်ထက်က မိနေပြီး ၂၀၁၆ နောက်ပိုင်းမှာမမိသလို ပြည်သူတွေကို ဂျင်းထည့်တာပါ။ ဟို ယခင်ကလဲ မမိခဲ့သလို ယခုလဲ မမိပါ။ ဒါကြာင့် နိုင်လွတ်လုံနဲ့ မဆိုင်ပါ။


တတိယအချက်က စာရေးသူတို့သွားနေတာက ဒီမိုနိုင်ငံပါ။ လွှတ်တော်က ဥပဒေပြဌာန်းရင်လက်နက်ကိုင်အဖွဲ့တွေက လိုက်နာရပါတယ်။ ငါတို့က ဒါကြောင့်ဘာလုပ်လို့မရ ဘာညာစောဒကတက်လို့မရပါ။ ဥပမာ အမေရိကန်မှာ ဆော်ဒီက သင်တန်းလာတက်တဲ့ စစ်သားတစ်ယောက်က အကြမ်းဖက်မှု ကျူးလွန်ခဲ့ပါတယ်။ သူ့ရဲ့ iphone ကို အမေရိကန်ထောက်လှမ်းရေးက ဝင်ရှာလိုပေမယ့် Apple ကုမ္ပဏီက သူနာမည်ပျက်မှာစိုးလို့ ထိုအကြမ်းဖက်သမားရဲ့ password ကိုမပေးပါ။ ဒါနဲ့ အမေရိကန်ဖယ်ဒရယ်ထောက်လှမ်းရေး FBI က သူ့တို့ဖာသာ စုံစမ်းခဲ့ရပါတယ်။ အဲ့ဒီလို ဖုန်းကိုဖွင့်လို့ရတဲ့software ကို ပိုက်ဆံပေးဝယ်ခဲ့ပါတယ်။


ဒီမိုကရေစီစနစ်ဆိုတာ စည်းကမ်းကို လိုက်နာရပါတယ်။ လူတွေကို လေးစားရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားအစိုးရကို ဆင်ခြေပေးလို့မရပါ။


ဒီဒုဝန်ကြီးဟာ လက်ရှိအစိုးရနဲ့မိုလို့ ကံကောင်းသွားတာပါ။ သမ္မတအနေနဲ့ ဒီလိုလူကို ဒုဝန်ကြီးအဖြစ်က ထုတ်လိုက်သည်ဆိုရင်တော့ ပိုမင်္ဂလာရှိမှာပါ။


News Source: Myanmar Now, Sky News

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page