top of page
Search

နိုင်မှာလားဆရာ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 14, 2022
  • 1 min read

ဒီမေးခွန်းက လူတိုင်းသိလိုတဲ့ မေးခွန်းပါ။ ခဏခဏမေးလို့ ခဏခဏ ဖြေရပါတယ်။ မအလတပ်ကအင်အားကြီးတယ် စစ်လက်နက်ပစ္စည်းတွေပိုင်ထားတယ် လေယာဉ်ပျံတွေရှိတယ် ယခုလဲ ရုရှားကနောက်ဆုံးပေါ်လက်နက်တွေ ပိုင်ဆိုင်ထားလို့ လေကြောင်းရန် ကာကွယ်တာမရှိရင် နိုင်ပါ့မလားလို့ မေးသူများရှိပါတယ်။

ပထမဆုံး သမိုင်းကိုလေ့လာကြည့်ပါ။ ဆိုဗီယက်က အာဖဂန်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ သိမ်းတာ မကြာပေမယ့် ဟိုက ခံချချိန်မှာ အသေများပြီး ဆုတ်ပေးခဲ့ရပါတယ်။ ဗီယက်နမ်မှာလဲ အမေရိကန်ကို ခံချရာမှာ အမေရိကန်နဲ့ ပြင်သစ်က ရဟတ်ယာဉ်များစွာသုံး လေယာဉ်များစွာသုံးတိုက်ပေမယ့်အသေများပြီး ဆုတ်ပေးခဲ့ရပါတယ်။ အမေရိကန်တပ် ဆိုမားလီးယားမှာ ဝင်တိုက်ဖို့လုပ်ရာမှာလဲရဟတ်ယာဉ်အပစ်ခံရပြီး ပြဿနာမျိုးစုံ တက်သွားခဲ့ပါတယ်။

ယခုနှစ်ပိုင်းမှာ အမေရိကန်ဟာ အာဖဂန်မှာ အသေများလာလို့  ဆုတ်ပေးခဲ့ရပါတယ်။ အမေရိကန်ထက် လေကြောင်းအင်အားကောင်းတာ ကမ္ဘာပေါ်မှာ မရှိပါ။ ထို့အတူ ယီမင်မှာလဲ ဆော်ဒီနဲ့ မဟာမိတ်တွေက လေကြောင်းသုံးပြီးတိုက်ခိုက်ပေမယ့် ဟူတီသူပုန်တွေကို မနိုင်ခဲ့ပါ။ ဒါက ၁၉၆၀ မှသည်၂၀၂၂ အထိ သမိုင်းသင်ခန်းစာတွေပါ။

ဒါတွေနဲ့ မလုံလောက်သူများလဲရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းမှာဘဲ မအလရဲ့ဆရာ လေယာဉ်များစွာပိုင်သူ ပူတင်ရဲ့ စစ်ဗျူဟာမှူးက တီဗီပေါ်ကနေ (Kherson)ခါဆန်မြို့ကနေ ဆုတ်ရမယ်လို့ ကြေညာပြီး ဆုတ်သွားခဲ့ရပါပြီ။ ဒီနေရာမှာ ရုရှားက အားကြီးပြီး ယူကရိန်းကို အနောက်အုပ်စုက ကူကြတာအားလုံးသိမှာပါ။ ယခု ရုရှားဆုတ်ချိန်မှာ ယူကရိန်းကို အပစ်ရပ်ပြီး ရုရှားနဲ့ဆွေးနွေးဖို့ သွယ်ဝှက်ဖိအားစပေးနေပါပြီ။ ယူကရိန်းက ငြင်းနေပေမယ့် သူ့စစ်လက်နက်ဟာ အနောက်ကို အားကိုးထားရလို့ဘယ်လောက်ငြင်းနိုင်မလဲတော့ မသိပါ။

ဒီနေရာမှာ စာရေးသူတို့ နိုင်မယ်ဆိုတာ ပထမက မြန်မာ့သမိုင်းကို အခြေခံထားပြီး ယခုခံချနေတယ့်မြို့တွေက ပထမနိုင်ငံတော်မှသည် စတုတ္တနိုင်ငံတော်အထိ တည်သူတွေလာတဲ့နေရာဖြစ်လို့ပါ။ နောက်အဓိကကျတာက လူအားလုံးက မအလကို မထောက်ခံလို့ပါ။ တတိယက မအလရဲ့ မူဝါဒအရကို ကျဆုံးဖို့များနေတာပါ။ ယခုရက်ပိုင်း သတင်းတွေမှာတွေ့ရသလို မအလတပ်ဟာ ပိုပြီးအတိုက်ခံလာနေရတာတွေ့နေရပါပြီ။ အချို့ဒေသတွေမှာက ရဲစခန်းတွေကိုပါ။ စာဖတ်သူများ မှတ်မိခဲ့ရင် AA ကလဲရဲစခန်းက စတိုက်ခဲ့ပြီး ယခုနယ်စပ်စခန်းတွေကို စသိမ်းနေပါပြီ။ စစ်ဆိုတာက သူသေကိုယ်သေတော့ရှိမှာပါ။ မိမိဘက်က ဆုံးရှုံးတာရှိလဲ အားအဖြစ်ပြောင်းပြီး ဆက်တိုက်ဖို့ပါ။

အားလုံးကို ပြန်ခြုံကြည့်ရင် မအလဟာ လက်နက်အင်အားကြီးနေသေးပေမယ့် စာရေးသူတို့လူအင်အားများပြီး စည်းလုံးမှု၊ အမိန့်နာခံမှု၊ သတင်းလုံခြုံမှုနဲ့ အဖွဲ့မကွဲ ညီညွတ်စွာနဲ့ NUG အောက်ကလှူကြ တိုက်ကြရင် နိုင်ကိုနိုင်မှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page