top of page
Search

နိုင်မှာလားဆရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 21, 2021
  • 1 min read

ဒီမေးခွန်းဟာ အာဏာသိမ်းပြီးကတည်းက လူတိုင်းမေးကြပါတယ်။ ယခုလိုအခြေအနေမှာ CDM ဝန်ထမ်းကလည်း သိလိုသလို ၅၀၅ နဲ့ တရားစွဲခံထားရသူများ အိမ်ကနေ အဝေးကို ထွက်ပြေးနေရသူများကလဲ သိလိုမှာပါ။

ဒီလိုမေးခွန်းကို ဒုတိယကမ္ဘာစစ်အတွင်းကလဲ မေးခဲ့ကြပါတယ်။ ဒီနေရာမှာ စာရေးသူအနေနဲ့ အဖြစ်နိုင်ဆုံးကိုသာပြောလေ့ရှိပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ရှုထောင့်ကနေ နိုင် မနိုင်လေ့လာကြည့်ရအောင်။


နိုင်ငံရေး

NUG ရဲ့ ကိုယ်စားလှယ်ဟာ ကုလမှာ ထိုင်နေပါပြီ။ အာဆီယံကလဲ မအလကို အသိအမှတ်မပြုပါ။ အနောက်နိုင်ငံအများစုကလဲ မအလကို အသိအမှတ်မပြုဘဲ NUG ကိုသာ အသိအမှတ်ပြုလာဖို့က များနေပါတယ်။ သမ္မတထွက်ချက်အပြီးမှာ မအလအာဏာသိမ်းတာဟာ နိုင်ငံတော်ပုန်ကန်တာဖြစ်လို့ အာဆီယံက မအလကို ထောက်ခံဖို့မမြင်ပါ။ အဓိကကတော့ ပြည်သူက NUG ကို ထောက်ခံတာပါ။ ဒါ့ကြောင့် နိုင်ငံရေးမှာ ပြည်သူကထောက်ခံတဲ့NUG က နိုင်နေပါတယ်။


စီးပွားရေး

တိုင်းပြည်ကိုအုပ်ချုပ်ရင် တိုင်းပြည်စီးပွားရေးကောင်းအောင် လုပ်ပေးရပါတယ်။ မအလဟာ တိုင်းပြည်ကို မွဲအောင်သာ လုပ်နေတာပါ။ အလုပ်လက်မဲ့များအောင်သာ လုပ်နေပါတယ်။ ဒါက သူ့ရဲ့အသုံးမကျတဲ့ မူဝါဒတွေကြောင့် ဖြစ်နေတာပါ။ မအလထင်တာက လူတွေငတ်ရင် သူ့ကိုကပ်မယ် နိုင်ငံရေးစိတ်မဝင်စားဘူးဆိုတဲ့ သီအိုရီကို အခြေခံပါတယ်။ ဒါပေမယ့် လူတွေက ငါတို့ငတ်တာ အလုပ်လက်မဲ့ဖြစ်တာဟာ မအလကြောင့်ဆိုပြီး ငတ်လေအသေခံတော်လှန်လေ ဖြစ်လာနေပါတယ်။


စစ်ရေး

တော်လှန်ရေးမစခင်မှာ မအလဘောမများ သီအိုရီက သူ့ကိုလက်နက်ကိုင်တိုက်ရင် မနိုင်နိုင်ဘူးပေါ့။ သူက နှစ် ၄၀အတွေ့အကြုံရှိတယ် ဘာညာပေါ့။ ယခု ကယားမှသည် စစ်ကိုင်းအထိ လေ့လာကြည့်ရင် ဧပြီလကသာ လက်နက်စကိုင်သူကို ရဟတ်ယဉ်တွေ ကွန်မန်ဒိုတွေနဲ့ တိုက်နေရတာကိုက မအလတပ် အခြေအနေ မကောင်းတာကို ပြနေပါတယ်။ စစ်ပွဲသဘောအရ PDF တွေဟာ တိုက်တာများလေ အတွေ့အကြုံများလေ ဖြစ်လာပြီး မိုင်းတွေဟာလဲ စစ်ပွဲတစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာမှာပါ။ လက်နက်နဲ့ ဗျူဟာကလဲ ကြာလေကောင်းလေ ဖြစ်လာမှာပါ။ ဒီနေရာမှာနေပြည်တော်ကို တက်သိမ်းမလားဆိုရင် လောလောဆယ် မဖြစ်နိုင်သေးပေမယ့် NUG မှာ လွတ်မြောက်နယ်မြေတွေ ရှိလာမှာပါ။ ဒါဟာ ရှေ့နှစ် မေလလောက်မှာ ရုပ်လုံးပေါ်လာမှာပါ။ ဒါကို အားမရဘူးဆိုရင် ၂၀၂၁ ဖေဖော်ဝါရီ၁ ရက်က တပ်မရှိတဲ့ အရပ်သားအစိုးရဟာ ၂၀၂၂ ဖေဖော်ဝါရီမှာ သိန်းဂဏန်းရှိ တပ်ကို ပိုင်ဆိုင်လာတာဟာတိုးတက်မှုဖြစ်ပြီး မအလအတွက်က သူမအုပ်ချုပ်နိုင်သမျှနယ်ဟာ ဆုံးရှုံးမှုပါ။


ဒီတိုက်ပွဲကို စာရေးသူတို့က မရှည်ကြာစေချင်သလိူ တရုတ်နိုင်ငံနဲ့ အာဆီယံကလဲ ကြာစေချင်မှာ မဟုတ်ပါ။မအလ ဘာမှအောင်မြင်အောင် မလုပ်နိုင်ရင် စစ်ရေးချိန်ခွင်လျှာ ပြောင်းသွားအောင် အဆိုပါနိုင်ငံတွေက PDF ကိုထောက်ပံ့မှာပါ။

ဒီနေရာမှာ ပြည်သူတွေ စဉ်းစားရမှာက မအလကို ဖြုတ်ချဖို့ နိုင်ဖို့ဟာ DASSK အတွက်မဟုတ် NLD အတွက်မဟုတ် NUG အတွက်မဟုတ်ဘဲ ငါလွတ်လပ်ဖို့အတွက်ဆိုတာကို ခေါင်းထဲမှာ ထည့်ထားဖို့ပါ။ ဆိုဗီယက်၊ ပြင်သစ်နဲ့ အင်္ဂလိပ်တွေဘအသေခံပြီး နာဇီကို ပြန်တိုက်ခဲ့တာက သူတို့လွတ်မြောက်ရေးအတွက်ပါ။ ငါတို့ ဘယ်လိုနိုင်ငံမျိုးမှာနေချင်သလဲ မြောက်ကိုရီးယားလို နိုင်ငံမှာ နေချင်သလား ဒါမှမဟုတ် အမေရိကန်လို နိုင်ငံမျိုးမှာ နေလိုသလားဆိုတာ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။ နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

5 Comments


Myint Soe Oo
Myint Soe Oo
Oct 21, 2021

ဦးမြတ်!!ဆောင်းပါးပါ မေးခွန်း၏ အဖြေကို မိမိ သိမီသမျှဖြင့် တင်ပြအပ်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
Oct 21, 2021

လူမျိုး ဘာသာ အသားရောင်မခွဲခြား၊ လူသားမှန်သမျှထံတွင် ကိန်းဝပ်အပ်သော**ယုံကြည်မှု/နာမ်စွမ်းရည်တစ်မျိုး**အပေါ်တွင် ရာနှုန်းပြည့် မူတည်ပါသည်။ယုံကြည်မှုနှင့်အတူ ခံယူချက်(သန္နိဌာန်)တို့သည် ပူးတွဲကပ်ပါမြဲ။

{{{ အဓိပတိ ပစ္စယော /အကြီးအမှုး အထွတ်အထိပ်ဖြစ်ခြင်း။

ဆန္ဒ ဓိပတိ၊ ဝိရိယ ဓိပတိ၊ စိတ္တာ ဓိပတိ၊ ဝိံမံသ ဓိပတိ။

နာမ်စွမ်းရည်များ အထွတ်တပ်လာသောအခါ မအောင်မြင်သော အမှုသည် မရှိရ။ အောင်မြင်ရ၏။ }}}


•••••••••••••••••••••••••••••••••••••••••••••


ယနေ့မျက်မှောက် တော်လှန်တွန်းကန်လှုပ်ရှားနေကြသော PDF & G Z အပေါင်းတို့၏ အတွင်းအဇ္ဈတ္တမှာ အထက်ဖော်ပြပါအရည်အချင်းများ ပြည့်စုံနေပြီဖြစ်ကြောင်း တိုက်ပွဲတစ်ရာ အောင်ပွဲအခါခါက သက်သေပြနေပါပြီ။နောင်ရိုးတိုက်ပွဲဝင် ဖောင်ဖျက်ထားသော စိတ်က အောင်မြင်မှုဆီသို့ သယ်ဆောင်ယူနေပါပြီ။

ဆန္ဒ ဝိရိယ စိတ်တို့နှင့်အတူ ဝီမသ(အတတ်ပညာ)ကလည်း မြင့်တက်လာခဲ့ပါပြီ။ မုဆိုးကို စိုင်က သင်ပေးခဲ့ခြင်းကြောင့်ပါ။

~ ဗုံးတွေ့လို့တဲ့။သူ့ထက်ငါ ပြူးပြူးပျာယာ ရှာသောအခါ ဘာမှမဟုတ်သည့် အစုတ်ထုပ်။သည်ဖြစ်စဉ်များဖြစ်ပွါးပြီးသည့်နောက် ဗုံး ပေါက်လို့တဲ့။ ရှင်းလင်းသူများ ဟိုရှာ သည်ငေးနေတုန်း နောက်တလုံးက အုန်းကနဲပေါက် တုံးလုံးလဲသည့် ဖြစ်ရပ်များ စာမျက်နှာများမှာ မကြာခဏ တွေ့လာရပါသည်။

~ရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြီးပြီအထင်နဲ့ အောင်ပွဲခံရန် ပြန်အလာ၊ ရွာကအထွက် လမ်းခုလတ်မှာ အသံအကြီးကြီး ကြားရပြီး ပြန်မလာနိုင်သည့် လမ်း လျှောက်လှမ်းသွားသူ ဦးရေကလည်း တနေ့တခြားတိုးပွါးနေကြောင်း စာမျက်နှာပေါ်မှာ သတင်းများက ပလူပျံမျှ။

လက်သည်ရှာမရ။ အညှိုးနဲ့ တိုးပြီးဆိုးလေ အသေအပျောက်များလာလေဖြစ်စဉ်သည် စစ်ကိုင်းက ပြဆိုနေပါသည်။

ဤမျှလောက်ဆိုလျှင် ရိပ်စားမိကောင်းပါပြီ။ အရိပ် ရလိုပါက သစ်ပင်စိုက်ပါ။ဆုတောင်းနေရုံမျှမရပါ။ မိတ်ကောင်းလိုချင်လျှင် ကိုယ်ကိုယ်တိုင် ရိုးသားပါ။

မိတ်ကောင်း ရှာ၍

အရိပ်ကောင်းမှာ နားခိုလျှင်

ချမ်းသာသုခ ပြည်စုံပါမည်။

ခုကာလ ပြည်သူတစ်ရပ်လုံး၏ မိတ်ကောင်းသည် PDF & G Z။ အရိပ်ကောင်းကိုလိုချင်လျှင် အရိပ်ရသောသစ်ပင် ဖွံ့ဖြိုးစည်ပင်စေရန်…


Like
Myat Tun Oo
Myat Tun Oo
Oct 21, 2021
Replying to

ယုံကြည်မှုသာ အဓိကပါ။

Like

Shwe Nyan
Shwe Nyan
Oct 21, 2021

PDFကိုချိုင်းနားတို့ထောက်ပံ့ရင်တော့အလှည့်အပြောင်းဖြစ်သွားမလား

Like
Myat Tun Oo
Myat Tun Oo
Oct 21, 2021
Replying to

ဘာမဆိုဖြစ်လာနိုင်ပါတယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page