top of page
Search

နိုင်မြင်းဖြစ်ဖို့ အတုယူစို့

Writer: Myat Tun Oo
Myat Tun Oo
Aug 11, 2021
1 min read

မနေ့ညက တိုင်းပြည်အတွက် ၄၄ လမ်းထဲမှာ အသက်ပေးသွားတဲ့ သူရဲကောင်းငါးယောက်ကြောင့် ဒီမိုတိုက်ပွဲဟာ အရှိန်မြှင့်လာခဲ့ပါတယ်။ အများစုက ရပ်ကွက်ဒလန်မှသည် ဗျူဟာမှူးအထိသွေးကြေးကိုဆပ်ဖို့ ကတိပြုတာကိုလဲ တွေ့မြင်ကြားသိခဲ့ရပါတယ်။

စာရေးသူတို့ဟာ နိုငိငံတကာက အသိအမှတ်ပြုပြီး တိုင်းပြည်ကို ဖက်ဆစ်မအလလက်ထဲကကယ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ ပိုက်ကွန်ထဲမှာ ပိတ်မိနေရင် အားလုံးရုန်းထွက်မှ လွတ်မှာပါ။ သူများရုန်းထွက်တာ ထိုင်စောင့်နေပြီး ငါတို့ဘယ်နေ့ ပိုက်ကွန်ထဲက လွတ်မှာလဲ မေးမရပါ။

ဒီနေရာမှာ စာရေးသူတို့ နိုင်မြင်းဖြစ်အောင် ဘယ်လိုလုပ်မလဲ? စာရေးသူတို့ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ အာဆီယံရဲ့ စဉ်းစားပုံကို ပထမ လေ့လာကြည့်ရအောင်။ အများစုက တရုတ်နိုင်ငံကိုအာရုံစိုက်ပေမယ့် နိုင်ငံအားလုံးက အတူတူပါ။ မအလအာဏာသိမ်းတက်ခါစမှာ တရုတ်နဲ့ အာဆီယံက ၁၉၈၈ ကလို မအလက ထိန်းနိုင်ပြီး မြန်မာပြည်သူတွေဟာ စစ်တပ်ကပေးတဲ့ ဒီမိုကရေစီသာ ရမယ်လို့ထင်ခဲ့ပါတယ်။ သူတို့ရဲ့ အကျိုးစီးပွါးတွေကို စစ်တပ်က ကာကွယ်စောင့်ရှောက်ပေးမှာမိုလို့ သူတို့လုပ်သမျှဟာ မအလကို အသိအမှတ်ပြုနိုင်ရေးသာ ဦးတည်ခဲ့ပါတယ်။

ဒါပေမယ့် ပြည်သူတွေရဲ့ မအလအပေါ် ဆန့်ကျင်မှုဟာ ပမာဏကြီးမားကြောင်း ယခုအချိန်မှာ သူတို့သိလာခဲ့ပါပြီ။ ဒါ့ထက်အရေးကြီးတာက ဒီမိုတွေဟာ မအလကို လက်နက်ကိုင်တော်လှန်ဖို့ပြင်ဆင်နေပြီဆိုတာလဲ သူတို့သိလာနေပါပြီ။ ယခင်က ဖက်ဆစ်တပ်က နှိမ်နင်းနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ယခုအချိန်မှာ သံသယစဝင်လာနေပါပြီ။ ဒါ့ထက်ပိုဆိုးလာတာက အဆိုပါဒေသခံအဖွဲ့တွေဟာ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုကို အနှေးနဲ့အမြန် စိန်ခေါ်လာမှာဖြစ်သလို လက်ရှိမြန်မာပြည်ရဲ့အခြေအနေက မအလတက်နေသရွှေ့ သူတို့စီးပွါးလုပ်မရဘူးဆိုတာကို ပြလာနေပါတယ်။

ယခုလို သူတို့ရဲ့တွေးခေါ်မှု ပြောင်းလာရတာက NUG အစိုးရရဲ့ တရားဝင်မှုနဲ့ ဒေသခံ PDF တွေရဲ့လက်သံပြောင်မှုအချို့ကြောင့်ပါ။ ယခုအချိန်အထိတော့ စာရေးသူတို့မှာ တရုတ်နဲ့ အာဆီယံကချက်ခြင်းလာတွေ့ရမယ့် အခြေအနေ မရှိသေးပေမယ့် စစ်ရေးအရ အားသာလာတာနဲ့ သူတို့ရဲ့စဉ်းစားချက်လဲ ပြင်လာမှာပါ။

ယခုအချိန်မှာ ပြည်သူတိုင်းက NUG နဲ့ PDF ကို ထောက်ပံ့ပါ။ ဒလန်များကို ဖော်ထုတ်သတင်းပို့ပါ။ တပ်ထဲကလူများ ရန်ကုန်တိုင်းထဲက ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးထွန်းရဲ့ နေရပ်လိပ်စာ၊ မိန်းမ၊သားသမီးအမည်များ သူ့မိဘလိပ်စာများကို ပို့ပေးမယ်လို့ ယုံကြည်ပါတယ်။ ယခုအချိန်မှာဆွေးနွေးအဖြေရှာရေးက ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ နိုင်မြင်းဖြစ်လိုရင် အသက်ပေးသွားတဲ့ကလေးတွေရဲ့ စိတ်ဓာတ်ကို မွေးကြပါ။ အားလုံးအထဲမှာလုပ်ရတာ ခက်ပါတယ်။ ဒါပေမယ့်လဲဖြစ်အောင်လုပ်ကြရမှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 11, 2021

ဦးမြတ်!!! ကဗျာတိုပဲ ဖတ်ပါရန် မေတ္တာရပ်ပါသည်။

အပွင့် အခက်တွေ

အမြဲ ဝေ ၊ စိုပြေစေဖို့

ချနင်းရက်တာ

ရင်နာစရာ။

ရာထူးဆိုတာ ရူးတတ်တယ် တဲ့။

ရူးသူရဲ့ ရင်မှာ

အကြင်နာ မရှိ

မေတ္တာရေ ခမ်းခြောက်

တဘို့တည်း ဆန္ဒအောက်က

အတ္တမီးတောက်

တောက်လောင်နေသမျှ

ဝန်းကျင်မှာ မသာယာ

ပူလောင်ကျွမ်းရစ်

ကျန်ရစ်သူတွေရဲ့

အတွင်းဟဒယ အဆင်းမလှ

မီးလောင်ပြင်မှာ

ပြာတွေကဖြင့် ဗရဝ။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page