top of page
Search

နှင်းဆီမှသည် အဘဆီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 1, 2020
  • 1 min read

နှင်းဆီပါတီက ကျော်မြင့်ဟာ Myanmar Now က ဖော်ထုတ်အပြီးမှာ ပြည်ထဲရေးက မဖမ်းမနေ ဖမ်းရတဲ့အဖြစ်ကို ရောက်သွားခဲ့ပါတယ်။ ဒီနေရာမှာ မေးခွန်းက ပြည်ထဲရေးက ဘယ်အထိလိုက်မလဲဆိုတာပါ။

ပထမဆုံးက သူတိုင်းပြည်ထဲကို ဘယ်လိုပြန်ဝင်လာနိုင်လဲဆိုတာပါ။ ပုံမှန်ဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်က ပြည်ထဲရေးက သဘောတူမှ ထုတ်ပေးလို့ရတာပါ။ ဥပမာ DASSK ရဲ့အမျိုးစင်ပြိုင်အစိုးရက ဦးစိန်ဝင်းပြန်ဝင်ဖို့တောင် အစိုးရအဖွဲ့အစည်းအဝေးမှာတင် ပြီးမှ ခွင့်ပြု၊ အဲဒါပြီးမှပြန်ဝင်လို့ရပါတယ်။ သူတောင်ဘယ်လောက်ကြာလဲဆိုတာ အားလုံးသိမှာပါ။ သူက နိုင်ငံရေးအမှုပါ။


ဘစိန်လက်ထက် ပြန်ဝင်လာတဲ့ ဒီနှင်းဆီကျော်မြင့်ဟာ လိမ်လည်မှု၊ ထောင်ဖောက်ပြေးမှုတွေ ရှိခဲ့ပါတယ်။ နောက် အမေရိကန်ကို သတင်းပေးတဲ့ နိုင်ငံတော်သစ္စာဖောက်မှုပါ။ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရင် ဘစိန်အစိုးရလက်ထက်မှာ အစိုးရအဖွဲ့အစည်းအဝေးမှတ်တမ်း cabinet record ရှိရပါမယ်။မရှိဘဲ နုတ်မိန့်ဆိုရင် တရားမဝင်ပါ။ ဒါက ပထမအချက်ပါ။ ဒါပေမယ့် ထောက်ဖောက်ပြေးတာကိုလွတ်ငြိမ်းချမ်းသာ လုပ်လို့မရပါ။ နောက်ပြီး ငွေလိမ်လည်ခဲ့တာကိုလဲ ရာဇဝတ်မှုအရ လွတ်ငြိမ်းချမ်းသာနိုင်ပေမယ့် ငွေကိုတရားမမှုနဲ့ ပြန်ဆပ်ရမှာပါ။ ဒါတွေအားလုံး မလုပ်ခဲ့ပါ။ တရားဥပဒေ မစိုးမိုးတာကို ပြခဲ့တာပေါ့။


ဒီထက်အရေးကြီးတာက သူယခုနေတဲ့ ပန်းလှိုင်ကအိမ်၊ မှော်ဘီကခြံ၊ ကုမ္ပဏီတွေကို ဘယ်ကပိုက်ဆံနဲ့ဆောက်လဲဆိုတာပါ။ ငွေဖြူလား ငွေမဲလားပါ။ ဘိိန်းဆိုရင် ငွေမဲဖြစ်သလို ပြည်ပက ထောက်ပံ့ရင်လဲငွေမဲဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိနိုင်ပါတယ်။

ပြည်ထဲရေးက ဘယ်အထိ စုံစမ်းပေးမလဲဆိုတာတော့ မသိပါ။ ဒါပေမယ့် ရွေးကော်က ပြည်ထဲရေးကိုသမ္မတထံစာပို့ပြီး နှင်းဆီပါတီထောင်ထားတာတွေဟာ ငွေဖြူလား၊ ငွေမဲလားဆိုတာ စစ်ခိုင်းပါ။နောက် ကျော်မြင့်ပိုင်တဲ့ ပစ္စည်းတွေဟာ ပြည်သူများထံကလိမ်ထားတာပါ။ ဒါကြောင့် ငွေဆုံးသူများဟာ စုပေါင်းရှေ့နေနဲ့ သူ့ကို တရားစွဲပြီး ပြန်တောင်းရပါမယ်။ သူရော ဧရာမြေက သက်ဦးရော ထောင်မကျခဲ့ပါ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပြီး ကြွေးရှင်တွေထံပြန်ပေးမှ တရားဥပဒေစိုးမိုးလာပြီးနောက်လိမ်မယ့် ရိုက်စားတွေကိုလဲ တားနိုင်မှာပါ။


ဘယ်အထိ လိုက်မလဲဆိုတာကတော့ ပြည်ထဲရေးအပေါ်မှာ မူတည်ပါတယ်။ တကယ်လိုက်ရင် ဘစိန်လက်ထက်က ဘဘအောင်မင်းတို့ ဘဘစိုးသိန်းတို့အထိပါ အမှုရောက်သွားနိုင်ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 02, 2020

ဦးမြတ် ! ပို့စ်တခု တက်လာပါသည်။ +ve လူနာ အမျိုးသမီးငယ်တယောက် ဆေးရုံက ဆင်းရမှာမို့ ငိုပါသည် တဲ့။အကြောင်းရင်း ၂ ချက် တွေ့လိုက်ရပါပြီ။အျမိုးသမီးငယ်သည် နယ်ကဖြစ်ပြီး အလှပြင်ဆိုင်မှာ နေထိုင်ကာ ဝမ်းစာရှာရသူတယောက်ပါ။

၁ ။ အလုပ်ရှင်က သူမကို ပြန်လက်မခံကြောင်း၊နယ်ကမို့ အခက်အခဲများ များစွာကြုံနေရကြောင်း။

၂ ။ယခင်က လှပရေးသာစိတ်ဝင်စားပြီး နိုင်ငံနှင့်အစိုးရအပေါ် လှည့် မကြည့်ဖြစ်ခဲ့။ ယခုကာလမှာမှ နိုင်ငံတော်နှင့် အစိုးရကျေးဇူး အထူးအံ့အားသင့်မိကြောင်း။

၁ အချက်က **ကိုယ့်ကို ထမင်းရှာဖွေကြွေးနေသူတယောက် ဒုက္ခရောက်နေတာကို (ကျေးဇူးမသိတဲ့အပြင်)လက်မခံ နှင်ထုတ် ငါတကော ကောသူကို**ဦးမြတ် လက်ခံမှာလား ? ရှုံချမှာလား ?

တနည်း လုပ်ဖော်ကိုင်ဖက် ရဲဖော်

ရဲဖက်ချင်း သစ္စာချို့ယွင်း သစ္စာဖောက်ခြင်းပါ။


¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿


ကိုယ့် တိုင်းပြည် ၊ ကိုယ့် လူမျိုး ၊ ဒုက္ခအထွေထွေ ပင်လယ်ဝေနေချိန်မှာ ဒုက္ခကို လျစ်လျုရှု၊ ငါတကောကော ငါ ကောင်းစားရေး ဦးတည်နေသူမှန်သမျှသည်လည်း (အမိနိုင်ငံက ပေး ၊ ကျွေး ထားမှုကို လျစ်လျုရှုသူများမို့) ကျေးဇူးကန်းသူများဖြစ်သည်ဟု ယုံကြည်အပ်ပါသည်။တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာဖောက်ရာလည်း ရောက်ပါသည်။

အရိပ်နေနေ အခက်ချိုးချိုး

***အသား ဖဲ့ ပေးစရာ၊ မလိုပါ***အရိပ်ရဲ့ ကျေးဇူး သိ ပြီး

ဝေဆာနေတဲ့အရိပ် မဆိတ်သုဥ်းအောင် အပင်ကြီးကို မခုတ်လှဲရန်သာလိုပါသည်။

အပင်တွေ ကုန်ခမ်းလို့ ၊ အရိပ်တွေ မလန်းတော့ တိုင်းနဲ့ပြည်သူ

ရဟန်းရှင် အပေါင်း အပူ အဆူမှန်သမျှ ခံ နေရပါသည်။

တူသောအကျိုး တန်ပြန် တိုးမည့်ဒါဏ် ခံရမည်မှာ မလွဲတော့ပါ။

မှတ်မှတ်ရရ မဲ့ကာ ရွဲ့ကာ ပြောသွားတဲ့ ပြည်ပနွယ်ဖွားတဦးရဲ့ပြောစကား အမှတ်ရဆဲပါ။ ငြိမ်း/ညီလာခံတိုးတက်မှုနှုံးက **ပက်ကျိသွား ၊ သွားနေတာ**

Like

Albert Wint
Albert Wint
Oct 01, 2020

အများကောင်းကျိုးကိုပျက်စီးအောင်ပြုသူများ ဒုစရိုက်သမားများ ၎င်းတို့ကိုအားပေးများနှိမ်နင်းခြင်းရှုံချခြင်း ဝိုင်းဝန်းပြစ်တင်ခြင်းသည်လောကကောင်းကျိုးပြုသူများဖြစ်၍ကျေးဇူးတင်၏ ဝမ်းသာ၏

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page