top of page
Search

နှင်းဆီကျော်မြင့်အမှု ဘယ်အထိလိုက်နိုင်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 15, 2020
  • 1 min read

မနေ့က ကိုဇော်ဌေးက ကျော်မြင့်အမှုကို ဒုရဲချုပ်ကဦးဆောင်ပြီး စစ်နေတယ်လို့ ကြေညာသွားပါတယ်။သူပိုက်ဆံတွေကို ငွေမဲနဲ့ သွင်းလာတာကိုလဲ တွေ့တယ်လို့ ပြောထားပါတယ်။ အခြားဟာတွေကတော့စုံစမ်းဆဲဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒီနေရာမှာ ဘယ်အထိ ဒုရဲချုပ်က လိုက်မလဲ လိုက်ရဲမလဲဆိုတာကစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ယခုလို နိုင်ငံဖြတ်ကျော်တဲ့ ရာဇဝတ်မှုမဟုတ်ဘဲ V ကိစ္စတောင်ဒုရဲချုပ်ကြီးတွေက ဒစ်လည်နေခဲ့တာမိုလို့ပါ။

ပထမဆုံးက ဦးကိုနီအမှုကို ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ဦးစီးပြီးလိုက်ခဲ့တာပါ။ အစပိုင်းမှာ ဟုတ်မလိုနဲ့ နောက်ဆုံးမှာ Myanmar Now က ကိုဆွေဝင်း ဖော်ထုတ်သလောက်သာ မိခဲ့တာပါ။ ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးကိုတော့ ယခုလို တရားခံအစစ်မမိအောင် စုံစမ်းနိုင်လို့ တပ်ဘက်ကို ပြန်ခေါ်ပြီးရာထူးတောင်တိုးပေးခဲ့ပါတယ်။

မြန်မာပြည်မှာ ဘာလို့ယခုလို ဖြစ်နေတာလဲ? ပုံမှန်မှာဆိုရင်တော့ ယခုလိုကိစ္စဟာ နိုင်ငံ့ဝန်ထမ်း civil servant ဖြစ်တဲ့ ရဲကစစ်လို့ မှန်သလိုပါ။ ဒါပေမယ့် ပြဿနာက အဆိုပါရဲဟာ နိုင်ငံခြားကရဲလို FBI လိုကြားနေအဖွဲ့မဟုတ်ဘဲ အဘလက်အောက်ခံဖြစ်နေတာပါ။ ဒါကြောင့် ဒုရဲချုပ်ဟာ အဘလိုက်ခိုင်းသလောက်သာ လိုက်မှာပါ။ ကျော်မြင့်က တရုတ်ပြည်ကဝင်လာတာဆိုလဲ တရုတ်ပြည်ကဆိုပြီး ပြီးသွားမှာပါ။ Myanmar Now က လေယဉ်နဲ့ဝင်လာတာဆိုရင်တော့ သူကပြန်စစ်ပါမယ်။


ဒါဆို ၂၀၂၀ ရွေးကောက်ပွဲအပြီး ဘယ်လိုပြင်ရမလဲ? NLD က ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေကို ဝေဖန်သူအချို့က သူတို့မလုပ်တတ်ဘဲ DASSK သာ တတ်တာဆိုပြီး ပြောလေ့ရှိပါတယ်။ ဥပမာ PPP ကဒေါက်ခိုင်နဲ့ ဖွတ်တွေကလဲ ပြောလေ့ရှိပါတယ်။ စာရေးသူက ပြဿနာဟာ NLD က ဝန်ကြီးတွေဝန်ကြီးချုပ်တွေမဟုတ်ဘဲ အောက်ခြေက အဘခန့်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ပြဿနာပါလို့ ပြောပါရစေ။ဥပမာ နိုင်ငံခြားရေးဟာ DASSK အောက်မှာပါ။ ဒါပေမယ့် သူ့အောက်မှာ ခန့်ခဲ့တဲ့ ဝန်ထမ်းအများစုဟာယခင်ခေတ်က အဘနဲ့ပြေလည်မှ နိုင်ငံခြားရေးရုံးမှာ အလုပ်ရကြသူများပါ။ ဒါကြောင့်အချို့နေရာမှာပြောင်းလဲလာပေမယ့် ပြဿနာတွေ ရှိနေတာပါ။ ဒါကအခြားဝန်ကြီးဌာနတွေ၊ ပြည်နယ်တိုင်းတွေမှာလဲဖြစ်နေတာပါ။ ဒါက ဥပမာအနေနဲ့ပါ။

ပြင်ရမှာက NLD ဟာ ယခုလို စုံစမ်းစစ်ဆေးရေးတွေကို သမ္မတကနေ သမ္မတရုံးဝန်ကြီးတွေကို ဥက္ကဌအနေနဲ့ ဦးဆောင်စေပြီး ဒုရဲချုပ်ကို သူ့အောက်မှာ အတွင်းရေးမှူးထားကာ စုံစမ်းစစ်ဆေးရမှာပါ။အဆိုပါဝန်ကြီးဟာ နိုင်ငံရေးအရ ဦးဆောင်မှုပေးရုံပါ။ သူကနေ လုံခြုံရေးအကြံပေးအဖွဲ့ထံကအကြံဉာဏ်တောင်းပြီး စုံစမ်းစစ်ဆေးရင် မိပါတယ်။ ဥပမာ ကျော်မြင့်ရဲ့ နိုင်ငံသားဟာ တရားဝင်လားဆိုတာကနေ စရပါမယ်။ ထောက်လှမ်းရေးကထောက်ခံလို့ရတယ်ဆိုတာဟာ တရားမဝင်ပါ။ နောက်သူဝင်တာ နယ်စပ်ကတကယ်လား? သမ္မတရုံးဝန်ကြီး ဘစိုးသိန်းနဲ့ ဘအောင်မင်းတို့နဲ့ ဘာအပေးအယူရှိခဲ့သလဲ? အဲ့ဒီအချိန်က ပြည်ထဲရေးနဲ့ ဘာအပေးအယူရှိခဲ့သလဲ? သူ့အိမ်ထဲမှာ လက်နက်ရှိလား? ဝှက်ထားလား? သူဟာ အမေရိကန်ရဲ့ သူလျှိုလား? ကနေဒါနဲ့ တရုတ်ရဲ့ တန်ပြန်သူလျှိုလားဆိုတဲ့မေးခွန်းတွေအများကြီးပါ။

သူဟာ အမေရိကန်က မှုးယစ်အဖွဲ့ထံသတင်းပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါဆိုရင်သူ့ကို ဟိုရိုက်တာသတင်းထောက်တွေကို တရားစွဲသလို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲရပါမယ်။ ဒါမျိုးတွေလုပ်စရာရှိပါတယ်။ ဒါမျိုးတွေက NLD ကလူကို သမ္မတရုံးဝန်ကြီးခန့်ပြီး အဖွဲ့ဥက္ကဌအနေနဲ့ ကိုင်လိုက်မှ ပေါ်မှာပါ။သမ္မတရုံးဝန်ကြီးဟာ NLD က နိုင်ငံရေးသမားဖြစ်ပြီး မိုးကျဝန်ကြီးဆိုရင်တော့ မရပါ။ မဟုတ်လို့ကတော့ ဒုရဲချုပ်ဟာ Myanmar Now က ဖော်သလောက်သာ ဖော်ထုတ်မှာပါလို့ ကြိုပြောထားပါရစေ။

Photo Credit: Myanmar Now

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 16, 2020

ဦးမြတ်! သတ္တဝါ တို့မည်သည် အတိတ်သံသရာတခွင် ကျင်လည်ခဲ့ရပြီး (တဦးနှင့် တဦး) မတော်စပ်ဘူးသည်မည်သည်မရှိ ၊ တနည်းနည်းဖြင့် တော်စပ် ပတ်သက်ခဲ့ကြဘူးသူချည်းဖြစ်ပါသည်။ ပြုခဲ့ဘူးသော အဟုန်ကြောင့် ယခုလို သံသရာဘုံတကွေ့ လူ့အဖြစ်နဲ့ပြန်လည် ဆုံတွေ့ခိုက်မှာ (သံယောဇဥ်မကင်း တဏှာချစ်ခြင်း အခြေတည်လာမှုကြောင့်)မမြင်ဘူးကြပေမယ့် အခင် ထူး ခဲ့ကြတာ ယုံလောက်ပြီ ထင်ပါရဲ့။

အတိတ်က ကောင်းမှုပြုခဲ့သူတွေဟာ(မိမိတို့ပြုခဲ့ပြီးသော ကံ အဟုန်၏ အကျိုးပေးအရ)ခုခါမှာ ကောင်းတဲ့သူအချင်းချင်းသာ ဖော်မွန်မိတ်သား ညီနောင်အလား ချစ်ခင်မှုနှင့် အချင်းချင်း ကြည်ဖြူကြပါသည်။

အလားတူ အတိတ်သံသရာတခွင်က မကောင်းမှုကို စိတ်တူကိုယ်တူ ပြုခဲ့ကြသူအပေါင်းတို့ဖြင့်အနေနှင့်လည်း(ယခုလို ဘုံတကွေ့မှာ ပြန်ဆုံခိုက်) ပြုခဲ့သော ကံ အဟုန် ၊ဗီဇသတ္တိအစွမ်းကြောင့် မကောင်းမှုပဲ ဆက်ပြု၍ မသူတော်ချင်း ပေါင်းဖော်လွေ့လွေ့ ပျော်မွေ့ကြတာ ဓမ္မနိယမပါ။

[[ ရှင်းအောင် ပဌာန်းပစ္စည်းတပါးရွေးချယ် ပူဇော်ပါရစေ]]

အာသေဝန ပစ္စယော =>ရှေးရှေးကပြုခဲ့ ဘူးသော (ကုသိုလ် ၊ အကုသိုလ်)တရားတို့သည် နောက်နောက်ဖြစ်ပေါ်စေသည့်(ကုသိုလ်တရားတို့ ထပ်မံဖြစ်ပေါ်အောင်)ထပ်ခါထပ်ခါပြုခြင်းဖြင့် အထောက်အကူပေး၏။

သနပ်ခါး လိမ်းသကဲ့သို့သာတည်း။

ပ အကြိမ် ၊ ဒု အကြိမ် မွှေးနံလေးရ ၊ တ အကြိမ် အနားထိအောင် မွှေ၊ စတု ပဥ ဆဌ သတ္တ>>>>>>

လိမ်းလေ မွှေးလေ ၊ များလွန်းလာတော့ အသားတွေတောင် အရောင်ပြောင်း။

အတိတ်က ကောင်းလို့ ခု ကောင်းပါသည်။ ခုကောင်းလို့ နောင် ကောင်းပါမည်။

အတိတ်က မကောင်းခဲ့လို့ ၊ ခု မကောင်းပြီ ၊ ခုမကောင်း သမို့ >>?


*****************************


ဦးမြတ် မနေ့က သိချင်တဲ့ စကားအဖြေ၊ သိစေဖို့ အကြောင်းဖန် ၊ ဆောင်းပါးက တဖန် ထပ်ညွှန်၊ အပြစ်တွေ အ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page