top of page
Search

နိုင်ငံသားလား၊ တိုင်းရင်းသားလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 16, 2019
  • 1 min read

နိုင်ငံသားလား၊ တိုင်းရင်းသားလား?

စာရေးသူက ICJ အကြောင်းတင်ချိန်မှာ စာဖတ်သူတစ်ယောက်က ဘင်သမိုင်းကို လာရေးပြသွားပါတယ်။ စာရေးသူအနေနဲ့ သူတို့သမိုင်းကြောင်းကို သိပါတယ်။ ဒီနေရာမှာ နိုင်ငံခြားကအမြင်နဲ့ စာရေးသူတို့ ပြည်တွင်းအမြင်မတူတာကို ရှင်းပြလိုပါတယ်။

စာရေးသူတို့တိုင်းပြည်ထဲက ဘင်ကိုတိုင်းရင်းသား ဟုတ်မဟုတ် ငြင်းတဲ့နေရာမှာ ၁၉၈၂ နေဝင်းရဲ့နိုင်ငံသားဥပဒေအရ သူ့ကို တိုင်းရင်းသားလို့ လက်ခံခဲ့ရင် နိုင်ငံသား ပေးရမယ်ဆိုတဲ့ ဘက်ကပါ။စာရေးသူတို့ ပြည်တွင်းကလူတွေ အားလုံးနီးပါးသိပါတယ်။ ဘင်တွေလဲသိပါတယ်။ ဒါကိုနိုင်ငံခြားသားတွေက သတိမပြုမိကြပါဘူး။ ဒီလို ငကြောင်ဥပဒေက သူတို့တိုင်းပြည်မှာ မရှိလို့ပါ။ သူတို့တိုင်းပြည်မှာက သင့်ဖာသာ မိမိကိုယ်မိမိ ဘာလူမျိုးပြောပြော သူတို့ရဲ့ဥပဒေအရ တိုင်းရင်းသားဖြစ်ရုံနဲ့ နိုင်ငံသား ပေးမထားလို့ပါ။

ဒီနေရာမှာ တိုင်းရင်းသားအချို့က လူနည်းစုအခွင့်အရေးပြောဆိုတာရှိပါတယ်။ စာရေးသူတို့တိုင်းပြည်မှာက လူနည်းစုအခွင့်အရေးမပြောနဲ့ လူများစုရဲ့ အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေး(Human Rights) တောင် လူတိုင်းတပြေးညီမရသေးပါ။ ဘာကိုဥပမာပြမလဲဆိုရင် ကိုနေမျိုးဇင်တို့ကို မှုခင်းဖြစ်တဲ့ နေရာတိုင်းမှာ ရုံးထုတ်တာနဲ့ ဖြိုးကိုကိုတင့်ဆန်းကို အမှုဖြစ်တဲ့ နေရာတိုင်းမှာ ရုံးမထုတ်ဘဲ နေပြည်တော်မှာ ရုံးထုတ်တာက ကွာနေတာပါ။ ဖြိုးကိုကိုတင့်ဆန်းက လူ့အခွင့်အရေးအပြည့်အဝရပြီး ကိုနေမျိုးဇင်က မရတာကို ပြတာပါ။

ဒါဆို နိုင်ငံခြားမှာ နိုင်ငံသားဘယ်လိုပေးလဲ။ မိဘတစ်ပါးက နိုင်ငံသားဖြစ်ရပါတယ်။ အချို့တိုင်းပြည်က နှစ်ယောက်စလုံးပါ။ အချို့တိုင်းပြည်ကတော့ သူတို့နိုင်ငံထဲမှာ မွေးမှ သမ္မတပေးအရွေးခံပါတယ်။ဒါက အမေရိကန်ပါ။ အမေရိကန်က သူ့နိုင်ငံမှာမွေးရင် နိုင်ငံသားပေးတဲ့ စနစ်(birth right citizenship) ရှိသေးပေမယ့် ဥရောပနိုင်ငံအများစုက ဖျက်လိုက်ပါပြီ။ မိမိနိုင်ငံရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီးနိုင်ငံသားဥပဒေပြုတာ မှန်ပေမယ့် သူတို့ကစာတတ်တော့ ကမ္ဘာ့ဥပဒေနဲ့ညီအောင် လုပ်ထားပါတယ်။

ဒီနေရာမှာ သူတို့နိုင်ငံတွေရဲ့ ID card တွေမှာ ဘာသာလူမျိုးကို ရေးထားလေ့မရှိပါဘူး။ ဒါက ခွဲခြားဆက်ဆံတာကို မခံရအောင်ပါ။ သူတို့က လျှောက်လွာတွေရဲ့နောက်မှာတော့ ဖြည့်ခိုင်းလေ့ရှိပါတယ်။အနောက်တိုင်းမှာက ကြိုက်တဲ့လူမျိုးရေးလို့ရရုံမက ကျား၊မ၊ နောက်ကျားပြောင်းမ၊ မပြောင်း ကျားတွေတောင် (transgender)သူတို့ကြိုက်တာဖြည့်တဲ့ခေတ်ကို ဖြစ်နေကြတယ်လို့ သိသူများကပြောပြပါတယ်။

ဒီနေရာမှာ အဘက တိုင်းရင်းသားက နိုင်ငံသားထက်ဦးစားပေးဘာညာနဲ့ ပြောတာကြားလိုက်ပါတယ်။သူကနိုင်ငယတကာဥပဒေကို မသိလို့လျှောက်ပြောတာပါ။ အားလုံးဟာ နိုင်ငံသား (citizenship) က အမြင့်ဆုံးပါ။ သူပြောတာကို ပြန်အခြေခံရရင် ရခိုင်လူမျိုး ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်မှာမွေးရင် သူ့အမေအဖေကလဲ မြန်မာနိုင်ငံသား မဟုတ်ခဲ့ရင် အနောက်နိုင်ငံ ဥပဒေအရ နိုင်ငံသားပေးလို့မရပါ။ ဒါပေမယ့်အဲ့ဒါကို တိုင်းရင်းသားဆိုပြီး မြန်မာနိုင်ငံသားပေးမလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ထို့အတူကရင်ကလဲ ထိုင်းမှာ အဆိုပါဥပမာနဲ့ ဘာလုပ်မလဲဆိုတာက ပေါ်လာပါတယ်။

အမေရိကန်မှာ သင့်ဖာသာ တရုတ်ရေးရေး ဂြိုလ်သားလူမျိုးရေးရေး သူ့နိုင်ငံ ဥပဒေနဲ့ညီမှ နိုင်ငံသားပေးတာပါ။ သူတို့နိုင်ငံတွေရဲ့ နိုင်ငံသား ဥပဒေက တိုင်းရင်းသားကို အခြေမခံထားလို့ပါ။ အမေရိကန်မှာဆိုရင် ဥရောပကလာသူ၊ အာရှကလာသူ၊ အာဖရိကကလာသူ၊ ဌာနေတိုင်းရင်းသားတွေ၊ တောင်အမေရိကက လာသူတွေ တိုင်းရင်းသားပေါင်း ၁၃၅ ကျော်နိုင်ပါတယ်။ အားလုံးဟာ လူ့အခွင့်အရေးကိုပေးထားပါတယ်။ လူနည်းစုအခွင့်အရေးဆိုပြီး ထပ်မရှိပါ။

စာရေးသူတို့တိုင်းပြည်မှာက သွေးခွဲမှုတွေကို ဥပဒေထဲမှာပါ ထည့်ထားသလို ဖြစ်နေပါတယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာ ကမ္ဘာ့အမြင်နဲ့ သူ့ဒုတ်နဲ့ သူ့ပြန်ရိုက်ပြီး ရှင်းလို့ရပါတယ်။ လူတိုင်း လူ့အခွင့်အရေး အပြည့်အဝရတဲ့ နိုင်ငံဟာ အဆင်ပြေပါမယ်။ တိုင်းရင်းသားလား ဘယ်ဘာသာဝင်လဲ မေးစရာမလိုတော့ပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page