top of page
Search

နိုင်ငံရေးသမား၊ ပညာရှင်၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုက ဘာတွေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 8, 2020
  • 1 min read

စာရေးသူတို့ တိုင်းပြည်မှာက ဘယ်သူ့ကိုမဆို ပညာရှင်ခန့်ပါဆိုပြီး တစ်ခါတလေ ပြောလေ့ရှိပါတယ်။NLD က ဝန်ကြီးအချို့ကိုဆိုရင်လဲ နောက်ဆိုရင် ပညာရှင်ရွေးပါ ဘာညာပေါ့။ စာရေးသူကတော့ ဒီလိုဥပမာနဲ့ စဉ်းစားပါတယ်။


ဥပမာ ဘုန်းကြီးဆိုပါစို့။ ငါးပါးသီလ၊ ရှစ်ပါးသီလတော့ အနည်းဆုံးလုံရပါမယ်။ ပြီးမှ ဘွဲ့တွေရတာ၊တရားဟောတော်တာ၊ တရားပြတော်တာတွေ လာရမှာပါ။ ရှစ်ပါးသီလမစောင့်ဘဲ တရားဟောကောင်းရုံဆိုရင် သင်ကိုးကွယ်မလား စဉ်းစားပါ။


နိုင်ငံရေးသမား ဝန်ကြီးတွေဟာလဲ မိမိပါတီကို သစ္စာစောင့်သိပြီး ငါးပါးသီလမြဲတဲ့ မခိုးသူဖြစ်ရပါမယ်။ ပြီးရင်တော့ အဟောအပြောကောင်းတဲ့ ပြည်သူကို စွဲဆောင်နိုင်တဲ့ နိုင်ငံရေးသမား စစ်စစ်ပေါ့။နိုင်ငံရေးသမား ရွေးကောက်ခံဟာ ပြည်သူကို မျက်နှာမူပြီး ဆုံးဖြတ်ရပါတယ်။ ယခုကိုဗစ်အချိန်မှာနိုင်ငံရေးသမားက အဆိုပါဆုံးဖြတ်ချက်တွေကို ပေးရတာပါ။ ဥပမာ Lockdown ကို ဖြေလျှော့မလားဆိုတာမျိုးပါ။ ကျန်းမာရေးဝန်ထမ်းက lockdown ဆက်လုပ်ရင် ပိုးကူတာရပ်မယ် ကျဆင်းမယ်လို့ တင်ပြမှာပါ။ ထို့အတူဘဲ စီးပွါးရေးပညာရှင်ကလဲ lockdown ဆက်လုပ်ရင် စီးပွါးရေးဘယ်လိုကျဆင်းမယ်ဘာညာတင်ပြမှာပါ။ သူတို့ဟာ ပညာရှင်တွေပါ။ ဒါပေမယ့် နိုင်ငံရးသမားက အဲ့ဒီနှစ်ခုကိုအဆိုးအကောင်း အကျိုးအကြောင်းဆင်ခြင်ပြီး ပြည်သူ့အသက်ကို ထိခိုက်မှုအနည်းဆုံး စီးပွါးရေးအရ ထိခိုက်မှုအနည်းဆုံးကိုဆုံးဖြတ်ရတာပါ။

ခေါင်းဆောင်မှုဆိုတာကလဲ ပြည်သူတွေကို ဦးဆောင်စည်းရုံးပြီး လုပ်ပြတာပါ။ ခေါင်းဆောင်ဆိုတာမှန်ကန်တာကို လုပ်သူလို့ဆိုပြီး မန်နေဂျာလို့ခေါ်တဲ့ စီမံခန့်ခွဲသူကတော့ လုပ်ငန်းကို မှန်အောင်လုပ်ပြသူပါ။ “Leaders are people who do the right thing; managers are people who do things right” လို့ပါမောက္ခ Professor Warren G. Bennis က ဆိုပါတယ်။

ဥပမာက ဒီနေရာမှာ ရေအားလျှပ်စစ်စက်ရုံဆောက်မယ်ဆိုပါစို့။ အဲ့ဒါကို ဒေသခံတွေလက်ခံအောင်အကျိုးအကြောင်းပြောပြစည်းရုံးတာက နိုင်ငံရေးသမား politician ဖြစ်ပြီး သူ့ရဲ့ခေါင်းဆောင်မှုကနိုင်ငံရေးခေါင်းဆောင်မှု political leadership ပါ။ ပြီးရင် ရေအားလျှပ်စစ်စက်ရုံကို အရည်အသွေးပြည့်မှီအောင် ဆောက်တာကာ ပညာရှင် professional တွေက စီမံခန့်ခွဲမှု manage လုပ်တာပါ။ မြန်မာပြည်မှာမှားသွားတာက တပ်ကမိုးကျများက ၁၉၆၂ ထဲက နိုင်ငံရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု (political leadership and management ) ကို မိမိတို့နဲ့မဆိုင်ဘဲ တက်လုပ်လိုက်လို့ပါ။ ဒီကြားထဲ ငါးပါးသီလမလုံတော့ ပိုဆိုးသွားတာပေါ့။ ယခုဒီမိုအစိုးရလက်ထက်မှာက နိုင်ငံရေးခေါင်းဆောင်မှု political leadership က ပြောင်းသွားပေမယ့် စီမံခန့်ခွဲမှု အပိုင်းက ပြောင်းသေးပါ။ အခွန်မူဝါဒပြောင်းပေမယ့်အခွန်ကောက်သူက မပြောင်းသေးပါ။

စာရေးသူတို့ရဲ့တိုင်းပြည်မှာ ခြေဥက ဖယ်ဒရယ်မဟုတ်သေးလို့ အဓိကကျတဲ့ ကျန်းမာရေးစနစ်ကိုဘယ်လိုစနစ်ထားမလဲ ဥပမာ စင်ကာပူလိုလား၊ မလေးရှားနဲ့ ထိုင်းလိုလား၊ အမေရိကန်လို အာမခံစနစ်လား၊ ဒါမှမဟုတ် အင်္ဂလန်လို အခွန်အများကြီးကောက်ပြီး အခမဲ့ကျန်းမာရေးစနစ်လား မဆွေးနွေးရသေးပါ။ ဒါတွေကို ဦးဆောင်ရမှာက နိုင်ငံရေးသမားပါ။

ဒီလိုနိုင်ငံရေးရာထူးတွေခန့်ရာမှာ ငါးပါးသီလလုံပြီး မခိုးတတ်တဲ့ ခရိုနီနဲ့ မပတ်သက်ခဲ့တဲ့ မိုးကျမဟုတ်တဲ့ နိုင်ငံရေးသမားစစ်စစ်ဖြစ်ဖို့လိုပါတယ်။

အပြောကောင်းရုံ ဘွဲ့ရရုံ facebook ပေါ်မှာ စာရေးကောင်းရုံနဲ့ ခန့်မိရင်တော့ ရှစ်ပါးသီလမလုံဘဲနာမည်ကြီးလာတဲ့ MRTV 4 ကိုယ်တော်လို ဖြစ်သွားနိုင်ပါတယ်။

ရန်ကုန်ဟာအရေးကြီးပါတယ်။ စာရေးသူကတော့ နိုင်ငံရေးသမားကို ဘုန်းကြီးလို ရှစ်ပါးသီလလုံပြီးမှအခြား အရည်အချင်းတွေကြည့်ပါမယ်လို့ ပြောပါရစေ။ ကျော်ဇေယျဟာ မိုးကျဖြစ်ပြီးနိုင်ငံရေးသမားကောင်းမဟုတ်သလို မန်နေဂျာကောင်းလဲ မဟုတ်ပါ။ သူကအခြောင်သမားပါ။ NLD အနေနဲ့ ဖြစ်နိုင်ရင် ထိုမိုးကျတွေကို ရာထူးကြီးကြီး မပေးမိပါစေနဲ့။

နိုင်ငံရေးသမားစစ်စစ်နဲ့ စီမံခန့်ခွဲတတ်သူ ပညာရှင်မန်နေဂျာကောင်းကောင်း ခန့်နိုင်ရင်တော့ ပွဲသိမ်းပါပြီ။


Photo credit: Origin Learning

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

3 Comments


Myat Tun Oo
Myat Tun Oo
Jun 08, 2020

Naynanmyint, ရေးရတာက နိုင်ငံရေးသမားကို နိုင်ငံရေးရာထူးမှာခန့်ပြီး ပညာရှင်ကို စံမံခန့်ခွဲမှုမကောင်းတဲ့နေရာတွေမှာ အစားထိုးခန့်ဖို့ပါ။

Like

Myint Soe Oo
Myint Soe Oo
Jun 08, 2020

ဦးမြတ် ! ခေါင်းဆောင်ကောင်း

နှင့် စီမံခန့်ခွဲမှုအတတ်ပညာ ။

မြေပြင် ပကတိအခြေအနေမှန်ပေါ် အခြေခံ၍ (ချစ်ခြင်း/ မုန်းခြင်း အစွန်းနှစ်ဘက်မှ လွတ်ကင်းစေပြီး) ဆိုင်ရာဝန်းကျင်အတွက် ကောင်းကျိုးပေါ် ဖြစ်ထွန်းလာစေရန် ဖော်ဆောင်နိုင်သော စီမံခန့်ခွဲမှု ကို (လူသိများကျော်ကြားလျက်

ရှိသော) စီမံခန့်ခွဲမှုအတတ်ပညာ management ဟု ဉာဏ်မီသမျှဖြင့် အနက် ဖွင့်ဆိုမိပါသည်။

CV 19 ဖြစ်ခါစကာလက mask တစ်ခု တစ်ထောင်ဝန်းကျင် စျေး ဖြစ်သွားခဲ့သည်။ ခေါင်းဆောင်ကောင်းမှ mask ချုပ်လုပ် ဆင်မြန်းပြလိုက်သောအခါ သူ့ခေါင်းမှာလည်း တဝေဝေ ငါ့ခေါင်းမှာလည်း တဝေဝေ ပန်းတွေနဲ့ဝေ။

ခုချိန် ၂၀၀ကျပ်ထိ ထိုးဆင်းကျသွားခဲ့ပါသည်။ ကိုယ်တိုင်ချုပ်ရောင်း စျေးကွက်တစ်ခုအဖြစ်တောင် အချို့အချို့ အလုပ်အကိုင်သစ် ရှာဖွေရရှိသွားကြပါသည်။

ရှ့ဥ့်လည်းလျောက်သာ ပျားလည်းဆွဲသာ။

မနေ့က အလုပ်သမားထောင်ကျော်နှင့် သမဂ္ဂရှိသော ကိုရီးယားစက်ရုံ CV 19 အကြောင်းပြု စျေးကွက်ဝေစု နည်းပါးမှုအကြောင်းပြုပြီးပိတ်သိမ်းပါသည်။ သမဂ္ဂကို စီမန်ခန့်ခွဲမှုအတတ်ပညာဖြင့် ဆုံးမလိုက်ခြင်းဟု ယူဆမိပါသည်။

#ကာလဒေသပယောဂ# အပေါ်အခြေတည်ပြီး အစွန်းလွတ်လုပ်ဆောင်မှု ။ အလယ်လမ်း။

မဇ္စျိမ ပဋိပဋာ။

ဗုဒ္ဓဘါသာဝင်မဟုတ်သော လူမျိုးခြား ဘာသာခြားများ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချသွားခဲ့ပါပြီ။

ကာလ ဒေသ ပယောဂ ပေါ် မသုံးသပ် မိမိအလိုတစ်ရပ်အတွက် သပိတ်နဲ့ဆုံးဖြတ်လိုက်တော့ အလုပ်ရှင် အမုန်းကမ်းမှာ ကပ်ပြီမို့

အစာပြတ်သူအပေါင်းမှာ ------@

ကြည့်မိတော့ မဇ္စျိမပဋိပဋာ ပါဠိစကား နှုတ်ဖျားမှာသာထားသော

အကျင့်တရားမပါကြသေကြောင့်။

ဦးမြတ်ဆောင်းပါး ဖတ်သူရာနှုံးအများစုမှာ EPL မှာကစားနေတဲ့

Man United ကို အသဲစွဲနှစ်ခြိုက် ကြိုက်နေကြသူများ အများစုပါနိုင်တာမို့ United ရဲ့ ပဲ့ကိုင်မာလိန်မှုးကြီး၏ တပည့် ဘောပွဲကြည့်သူတို့ အချစ်တော် Wyane Rooney ရဲ့ ရင်တွင်းစကား အမြင်များကို ဘာသာဝင်များ သုံးသပ်မိကြစေရန်တင်ပြအပ်ပါသည်။

®®®ကစားသမားတွေ…


Like

naynanmyint629395
naynanmyint629395
Jun 08, 2020

ဒီ ဖြောင့်ချက် ကို

ရှင်းပြပေးပါ လား ဆရာ ရှင့်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page