top of page
Search

နိုင်ငံရေးသဘောတူညီချက်ရဖို့ ဘာလိုလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 27, 2024
  • 1 min read

နိုင်ငံရေးသဘောတူညီချက်ရဖို့ ဘာလိုလဲ?

အမေရိကန်ကို တည်ထောင်ခဲ့တာက တစ်ယောက်ထဲမဟုတ်ဘဲ အောက်ပါလူများနဲ့ပါ။ George Washington သူက တပ်ကလာတယ်။ သူက ပထမဆုံး အမေရိကန် သမ္မတ။ Thomas Jeffersonလွတ်လပ်ရေး ကြေညာစာတမ်းကိုရေးခဲ့တယ်။ တတိယမြောက် သမ္မတဖြစ်လာသူ။ Benjamin Franklin က သံတမန်သမား သူက ပြည်ထောင်စုဖြစ်ဖို့ တွန်းအားပေးခဲ့သူ။ John Adams က လွတ်လပ်ရေးထောက်ခံပြီး သံတမန်ရေး ကျွမ်းကျင်သူ၊ သူက ဒုတိယမြောက်သမ္မတဖြစ်လာသူ။ James Madison က အခြေခံဥပဒေရေးဆွဲရာမှာ အဓိကပါခဲ့သူ။ Alexander Hamilton က ပထမဆုံး ဘဏ္ဍာရေးဝန်ကြီးနဲ့ အခြေခံဥပဒေကို ပြည်နယ်တွေအတည်ပြုဖို့ ကြိုးစားခဲ့သူတွေပါ။

မြန်မာပြည်မှာလိုနေတာက NUG ထဲမှာ ထိုအထဲကလူ အချို့ ဦးမန်းဝင်းခိုင်သန်း၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ မဇင်မာအောင်၊ ဦးတင်ထွန်းနိုင်တို့ ရှိနေပြီး တိုင်းရင်းသားခေါင်းဆောင်ထဲက ဘယ်သူက George Washington လိုလူ ဖြစ်လာမလဲ ဗိုလ်ချုပ် ဂွမ်မော်လား ဗိုလ်ချုပ်တာဘုန်းကျော်လား? Thomas Jefferson နေရာမှာ ကရင်က စောထောနီးလားဆိုတာပါ။ သူတို့က bottom up အောက်က အထက်လုပ်သွားတာ မဟုတ်ပါ။ မြန်မာပြည်မှာလိုနေတာက တိုင်းရင်းသားထဲက George Washington တို့လို Thomas Jefferson တို့လို လူတွေပါ။

အမေရိကန်က တည်ထောင်သူများရော တရုတ်ကွန်မြူနစ်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ မော်စီတုန်းကို မြန်မာပြည်က NUG နေရာမှာ ဦးဆောင်ခိုင်းရင် သမဂ္ဂများတဲ့ NUCC နဲ့ လက်ရှိ မီဒီယာများ NGO များကိုကြည့်ပြီး George Washington နဲ့ မော်စီတုန်း ငိုသွားနိုင်တယ်လို့ ပြောပါရစေ။ သူတို့လုပ်မယ်ကြံလိုက် ဘီဘီစီ၊ ဗီအိုအေက ဝေဖန်လိုက်၊ NGO က စာထုတ်လိုက်နဲ့ မော်စီတုန်းဆို ထောင်ထဲကတောင် ထွက်ရမှာ မဟုတ်ပါ။

အားလုံးအတွေးပြောင်းပြီး နိုင်ငံရေးအရ သဘောတူညီမှု ယူနိုင်ပါစေ။ ဒါက NUG မှာသာ တာဝန်ရှိတာမဟုတ်ဘဲ မျိုးဆက်သစ်တိုင်းရင်းသားခေါင်းဆောင်တွေမှာလဲ တာဝန်ရှိတယ်ဆိုတာ ကမ္ဘာပေါ်က ဥပမာနဲ့ ထောက်ပြတာပါ။ ဗိုလ်ချုပ် ဂွမ်မော်တို့၊ ဗိုလ်ချုပ်တာဘုန်းကျော်တို့လဲ George Washington တို့ Thomas Jefferson တို့နေရာ ဝင်ယူနိုင်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

ความคิดเห็น


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page