top of page
Search

နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကြလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2020
  • 1 min read

ကမ္ဘာပေါ်က ဒီမိုစစ်စစ်နိုင်ငံတွေမှာ ရွေးကောက်ပွဲလုပ်ကြပါတယ်။ နိုင်တဲ့ပါတီက အစိုးရဖွဲ့ပေါ။အတိုက်အခံကလဲ အာဏာရပါတီကိုထောက်ပြပေါ့။ သူတို့ဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ မိမိပြိုင်ဖက်ရဲ့ နောက်ကြောင်းတင်မဟုတ်ဘဲ သူတို့ရဲ့ အမျိုးသား အမျိုးသမီး သူတို့ကို အလုပ်လုပ်ပေးသူတွေကိုပါ နောက်ကြောင်းလှန်လေ့ရှိပါတယ်။ ဒါပေမယ့် အဆိုပါ ရွေးကောက်ပွဲပါတီတွေဟာ အမျိုး ဘာသာသာသနာကို သုံးပြီးတော့ မဲဆွယ်ခွင့်တော့ မရှိပါ။ ကမ္ဘာ့ဒီမိုနိုင်ငံ အမေရိကန်နဲ့ အင်္ဂလန်ကရွေးကောက်ပွဲတွေကို လေ့လာကြည့်ရအောင်။

ပထမအမေရိကန်မှာ ထရမ့်နဲ့ ဟီလာရီကလင်တန်တို့ ၂၀၁၆ မှာ သမ္မတပြိုင်ကြပါတယ်။ ထရမ့်ကို သူ့လုပ်ငန်းမှာ ရှုံးသူအဖြစ်ပုံဖော်ခဲ့သလို မိန်းမများစွာနဲ့ ရှုပ်သူအဖြစ်လဲ ပုံဖော်ခဲ့ပါတယ်။ အပြာမင်းသမီးကတောင် ထရမ့်နဲ့ နေဖူးတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ရူးနေသူအဖြစ်လဲ ပုံဖော်ခဲ့ပါတယ်။ နောက်ဆုံးရုရှားက ထိန်းသူဘာညာဆိုပြီး အကုန်ဝိုင်းပြောပါတယ်။ ဒီကြားထဲက သူ့ကို ပြည်သူတွေက ရွေးခဲ့ပါတယ်။ ထို့အတူဘဲ ထရမ့်က ဟီလာရီကို သူ့ယောင်္ကျားဖောက်ပြန်တာကို ကူညီသူ၊ သူ့ယောင်္ကျားကဖောင်ဒေးရှင်းနဲ့ ငွေလိမ်သူ၊ email တွေကို အိမ်ကစက်မှာထားသူ ဘာညာဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

သမ္မတလောင်းတွေတင်လားဆိုတော့ မဟုတ်ပါ။ သမ္မတထရမ့်ကခန့်ဖို့ အဆိုတင်သွင်းတဲ့တရားရုံးချုပ်တရားသူကြီး Justice Kavanaugh ကာဗာနာကို အထက်လွှတ်တော်က သူ့တက္ကသိုလ်ကအစ နောက်ဆုံးအလုပ်အထိ နောက်ကြောင်းလှန်စစ်ပါတယ်။ အဲ့ဒီမှာ မိန်းမတစ်ယောက် တက္ကသိုလ်မှာတရားသူကြီး ကာဗာနာက တက္ကသိုလ်ကျောင်းသားဘဝမှာ အဲ့ဒီမိန်းမကို မဖွယ်မရာ ချွတ်ပြလို့ စာရိတ္တမကောင်းလို့ တရားရုံးချုပ်တရားသူကြီး မခန့်သင့်ဘူးလို့ လုပ်ပါတယ်။ အဆိုပါ မိန်းမကိုလဲ ထရမ့်ထောက်ခံသူတွေက ပြန်အပုတ်ချပါတယ်။ နောက်ဆုံးအဆိုပါလူက တရားသူကြီးဖြစ်သွားခဲ့ပါတယ်။


အင်္ဂလန်မှာလဲ ရွေးကောက်ပွဲမတိုင်ခင်မှာ လက်ရှိဝန်ကြီးချုပ် ဘော်ရစ်ဟာ သူမြို့တော်ဝန်ဖြစ်စဉ်ကသူ့ဩဇာသုံးပြီး အမျိုးသမီးတစ်ယောက်ရဲ့ ကုမ္ပဏီကို ပစားပေးခဲ့လားဆိုပြီး စုံစမ်းတာကို ခံရပါတယ်။ နောက်မှ အပြစ်မရှိဆိုပြီး အဖြေထွက်ပါတယ်။

ဒါကြောင့်ကမ္ဘာ့နိုင်ငံတွေမှာ အမတ်လောင်း၊ ဝန်ကြီးချုပ်လောင်း၊ သမ္မတလောင်းတွေဟာ မိမိတို့ရဲ့နောက်ကြောင်းကို အလိုက်ခံရ အပြောခံရပါတယ်။ သူတို့ရဲ့ ဇနီးတွေ၊ ယောင်္ကျားတွေဟာလဲ မလွတ်ပါ။

ဒါတွေဟာ ဒီမိုနိုင်ငံတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို အပုတ်ချတာကို စစ်တပ်ထဲကနေ အကောင့်တုတွေ၊ ထောက်လှမ်းရေးတွေ၊ မီဒီယာတွေကို တပ်ကငွေပေးပြီးတော့တော့် အဆိုပါနိုင်ငံတွေမှာ မလုပ်ကြပါဘူး။

သိထားရမှာက အတိုက်အခံက လွှတ်တော်အမတ်ဆိုရင် သူတို့ဟာ အခြားပါတီရဲ့ တိုက်ခိုက်တာကိုခံရမှာဖြစ်သလို တပ်ကိုယ်စားလှယ်က အတိုက်အခံလိုသွားလုပ်ရင်လဲ သူဟာ နောက်ကြောင်းလှန်တိုက်ခံရပါမယ်။ ဒါကြောင့် ဒီမိုနိုင်ငံတွေမှာ တပ်ကိုမုန်းမှာဆိုလို့ တပ်ဟာဘယ်နိုင်ငံရေးမှာမ မပါရပါလို့ပြောပါရစေ။


အလှည့်ကျရင် မနွဲ့စတမ်းပါ။


News Source: ABC, BBC, CNN

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 22, 2020

ဦးမြတ် ! ဆရာကြီး ဇော်ဂျီကဗျာကို ချိုးဖောက်သည်ဟု မမြင်စေလိုပါ။ အံခဲ = ကြိတ်မနိုင် ခဲမရ ၊ ဒါဏ်မခံနိုင်လွန်၍ အံ့ ကို ခဲကြိတ်ထားရသည်မို့ ဒေါသစိတ်နှင့် တုံ့ပြန်ရာဖြစ်ပါသည်။

ဘုရားရှင်အဆုံးအမတွင်

ဒေါသ(ဗျာပါဒ)>>အမှားအမှန်ဆုံးဖြတ်နိုင်စွမ်း မရှိအောင် ဖုံးပိတ်ကွယ်ကာသော (နီဝရဏ)တရားဆိုး။ ဒေါသဖြစ်ခိုက် ဉာဏ်မယှဥ်နိုင်ပါ။

အံမခဲ=ဒေါသ မဖြစ် >>ဒေါသ မဖြစ်လျှင် ဒေါသ၏ ဆန့ကျင်ဘက်

အဒေါသ (မေတ္တာ) ဖြစ်ပေါ်ရပါ၏။ စိတ်သည် တစ်ခါတစိတ်ပေါ်ပါသည်။နှစ်စိတ် တပြိုင်နက် ဖစြ်ပေါ်ရိုး မရှိ။(စိတ္တနိယမ)

မေတ္တာသည် အဖြူသဘောမို့ ပညာနှင် ယှဥ်၍ရပါ၏။

သို့ပါ၍ အံမခဲ ဉာဏ်နှင့် တွဲ ဟု ရေးသားရခြင်းဖြစ်ပါသည်။

Like

Myint Soe Oo
Myint Soe Oo
Jun 21, 2020

ဦးမြတ် !

ချီးမွမ်းခြင်း နှင့် ပြစ်တင်ကဲ့ရဲ့ခြင်း

နိုင်ငံ့ကောင်းကျိုး ဖော်ဆောင်သူများ မလွဲမသွေကြုံရသည့် လောကဓံတရား ၂ ပါး။

ခု ကိုဗစ်ကာလ ကြိုးဆွဲချသေဆုံးမှုများ (မလေးရောက် မြန်မာများအပါဝင်) ခပ်စိပ်စိပ်ဖြစ်ပေါ်နေသည်ကို သတင်းများအရ သိရပါသည်။

လောကဓံတရားအပေါ် (နှလုံးသွင်းမှား >> အ ယောနိသောမနသီကာရ. အရ)မခံနိုင်အဆုံး ဒေါသနှင့် တုံပြန် ဒါဏ်ချက်အဖြစ် သေပွဲမှာ နစ် ရပါပြီ။

နိုင်ငံရေးလုပ်သူများမှာလည်း အမျိုးမျိုးသော အဆိုးလောကဓံ ကဲ့ရဲ့ခြင်းကို ဒေါသနှင့် တုံပြန်ပါက ပြည်သူ့ အသဲနှလုံး သိမ်းကြုံးမယူနိင်တော့ပါ။

ကဲ့ရဲ့ခြင်း အဆိုးလောကဓံကို နှလုံးသွင်းမှန် ပညာဉာဏ်နဲ့ တုံပြန်ရင်တော့ ပြည်သူ့ရင်မှာ မေတ္တာရှင်အဖြစ် မြင်လာကြပါသည်။


~~~~~~~~~~~~~~~~~~


အဆိုးလောကဓံကို လှိုင်းနဲ့တင်စား အပြောများကြပါသည်။

လှိုင်းပုတ်တိုင်းသာ နစ်မြုပ်ရပါလျှင် ပင်လယ်ကူးသင်္ဘောဆိုသည်မှာ မည်သို့ရှိလာပါအံ့နည်း။ဒါ့ကြောင့်လည်း

တောင်ကြီး ဖဝါးအောက်

လှိုင်းကြီး လှေအောက် ဆိုရိုးစကားပုံများ ပေါ်ထွက်ခဲ့ရပါသည်။

လှေရဲ့ အရှင်သခင် ပဲ့ကိုင်မာလိန်မှုး ကောင်း(နှလုံးသွင်းမှန် ပညာ

နှင့်အတူ ဇွဲ လုံလ ဝိရိယ သတ္တိ ပြည့်စုံမှု)လျှင် ကောင်းသလောက် လှိုင်းလေထန် ရေခရီးအဆန်ကို လှော်တက်မာန်ဖြင့် ကျော်ဖြတ်ယူ၍ အောင်ပွဲခံယူရပါသည်။

မာလိန်မှုးမှာ ရေအဆန်ကို ဉာဏ်အခြေခံသောကြောင့် လှိုင်းကြီးလှေအောက် ခရီးပေါက်ခါ လိုရာပန်းတိုင်နှင့် နီးသည်ထက်နီး ခရီးပြီးပါမည်။

လောကဓံကို မမှု နှလုံးသွင်းမှန် ပညာရံကာ လျှောက်သောခရီး ဖြောင့်တန်းပြီး မကွေ့မကောက်

ရောက်ပါတော့မည်။


​ဗေဒါပျံ အံမခဲ

ဉာဏ်နှင့်တွဲ

ရောက်ပါတော့မည်

ပန်းတိုင်ဆီ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page