top of page
Search

နိုင်ငံခြားရေးရုံးမှ ဝန်ထမ်းများသို့ ပန်ကြားချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 12, 2021
  • 1 min read

ပြည်ပရှိ မြန်မာသံရုံးတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် ဒီမိုအစိုးရတက်လာချိန်မှာ ယခုလိုနေရာရလာခဲ့ခြင်းဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ သံရုံးတွေမှာ CDM လုပ်ကြပါ။ ဒီမိုအစိုးရကိုသာအသိအမှတ်ပြုကြောင်း ထုတ်ဖော်ကြပါ။ ခင်ဗျားတို့ဟာ မြန်မာပြည်ထဲမှာနေရလို့ ကြောက်လို့ဆိုရင်နားလည်နိုင်ပါတယ်။

ယခုလို ပြည်ပရောက်ချိန် အထူးသဖြင့် အနောက်ဥရောပနဲ့ လွတ်လပ်တဲ့နိုင်ငံရောက် သံတမန်များစဉ်းစားပါ။ စစ်အစိုးရက ပြန်ခေါ်ရင်လဲ ဒုက္ခသည်လျှောက်လို့ရမှာပါ။ ပြည်တွင်းက ပြည်သူတွေတိုက်ပွဲဝင်ချိန်မှာ ပြည်ပသံရုံးရောက် နိုင်ငံခြားရေးရုံးက ဝန်ထမ်းများကလဲ ပြည်သူနဲ့အတူ ရပ်တည်ပေးကြပါ။

မရပ်တည်ပေးရင် ခင်ဗျားတို့ရဲ့ သံအမတ်ကြီးတွေ ပထမအတွင်းဝန်နေရာကို စစ်တပ်က အရန်အင်အား ဗိုလ်မှူးကြီး ၃၀၀ ကျော်နဲ့လဲမှာပါ။ အားလုံးကိုအထဲမှာ အင်္ဂလိပ်စာနဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး သင်နေပါပြီ။ ပြည်သူကလိုအပ်ချိန်မှာ ပြည်သူ့ဘက်က ရပ်တည်ပေးကြပါ။ မနေ့က မြင့်သူလို မဖြစ်ပါစေနဲ့။ သူဟာ ပညာတတ်လဲ လူမဟုတ်တော့ဘဲ ခွေးလောက်တောင် သစ္စာမရှိသူ ဖြစ်သွားပါပြီ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 13, 2021

ဦးမြတ်!!!!

သည်ပုတ်ထဲက သည်ပဲ

ဲဲပဲ ကြီး ၊ မတ်ပဲ

ထွန်း မထွက်ပါ။

ဝန်ထမ်း ရွေးကျင့်ခေတ်က( ၈၅ ၈၆ ၈၇ ဝန်းကျင်) နိုင်/ခြား လထညွုန်မှုး (၄၅၀ ၂၅. ၇၀၀ နှုံး) ရာထူး ဝင်ခွင့် ရေးဖြေအောင်ပြီး

လူတွေ့မှာ အသက်ငယ်လို့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ဘူးသော သာဓက တစ်ရပ် အမှန်တကယ်ရှိခဲ့ဘူးပါသည်။

နောက်မှ သိရသည်မှာ ဆိုင်ရာ ပိုင်ရာ သားသမီးများ ရရှိသွားခဲ့ကြပါသည်။

ဆရာဖြစ်သူမှ ပြောဆိုခဲ့ဖူးပါသည်။

ရာထူး ကောင်းကောင်းလိုချင်လျှင်

#နောက်ခံဘက်ဂဒေါင်းကောင်းမှ

ဟု ဆုံးမခဲ့ဖူးပါသည်။

အဲဒီအချိန်က လူတွေ၊ ခု စိုးမိုးနေကြလေတော့

ဲဲပဲ ကြီး ၊ မတ်ပဲ ထူးပြီး၊ မထွက်လာနိုင်တော့ပါ။

ခု ဦးမင်းသူ ဖခင်ကလည်း နိုင်ခြား ညွုန်မှုး (ငြိမ်း)းဟု သိရပါသည်။

သည်မိုး သည်လေ တွေနှင့်ဖြင့်

သစ်သီးကောင်းတွေပေးစွမ်းနိုင်မည့် သစ်ပင်ကောင်းနှင့် ဝန်းကျင်ကောင်း ပေါ်ထွက်လာနိုင်လိမ့်မည်

မဟုတ်ပါ။


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page