top of page
Search

နိုင်ငံခြားရောက် မြန်မာသံအမတ်များ အတုယူစရာလူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 27, 2021
  • 1 min read

စာရေးသူ အာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဆောင်းပါးတစ်ပုဒ်တင်ခဲ့ပါတယ်။ဆောင်းပါးအမည်က “ဘာဆက်လုပ်ကြရမလဲ” ပါ။

https://www.myattunoo.com/post/ဘ-ဆက-လ-ပ-က-ရမလ

ဓာတ်ပုံက တိုက်ဆိုင်စွာနဲ့ ကိုကျော်မိုးထွန်းရဲ့ပုံနဲ့ပါ။https://www.facebook.com/611829552633460/posts/1047244275758650/

ယခုတိုက်ဆိုင်စွာ အများစုဖြစ်လာလို့ ဝမ်းသာပါတယ်။ မနေ့က သူ့မိန့်ခွန်းအပြီး ကုလကိုယ်စားလှယ်တွေအားလုံးက သူ့ကို သူရဲကောင်းအနေနဲ့ လက်ခုပ်ဝိုင်းတီးခဲ့ကြပါတယ်။ သူ့ရဲ့ အကျိုးဆက်က ဘာတွေလဲ? စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြဿနာက တရားဝင်မှုပါ။ မြင့်သူလို ခိုင်းတာလုပ် ပြန်သွားရင်အလုပ်မဖြစ်ပါ။ ယခု ကိုကျော်မိုးထွန်းက သူဟာ ဒီမိုအစိုးရကို သစ္စာခံကြောင်း ပြောသွားလို့ အခြားစစ်တပ်ဘက်လိုက်လိုသူတောင် ပြောရခက်သွားခဲ့ပါတယ်။ သူကဝင်စွက်ဖို့ စတောင်းဆိုလို့ လမ်းစတော့ ပွင့်လာပါပြီ။ သူ့သတင်းဟာ CNN, Al-Jazeera, France 24 တို့မှာ သတင်းထူးဖြစ်လာနေပါပြီ။

ဒါပေမယ့် အခြားအမေရိကန်နဲ့ ဥရောပက မြန်မာသံအမတ်ကြီးတွေလဲ သူ့လမ်းစဉ်လိုက်ဖို့လိုပါတယ်။အင်္ဂလန်က စစ်သားလူထွက် ကျော်စွာမင်းလို မအလဘောမဆိုရင်တော့ သူစစ်သားဘဝက စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာကို Amnesty International ကိုပြောပြီး သူအဖမ်းခံရအောင် နောက်ပိုင်းမှာရေးရပါမယ်။ သူက ဆန္ဒလာပြတဲ့မြန်မာတွေကို ရဲခေါ်ဖမ်းခိုင်းဖို့ ကြိုးစားသူလို့ သိရပါတယ်။ သူ့သားတက်တဲ့ တက္ကသိုလ်ကိုလဲ စစ်အာဏာရှင်အလိုတော်ရိကို လက်မခံဖို့ အင်္ဂလန်ရောက် မြန်မာများက ကြိုးစားသင့်ပါတယ်။ သူ့သားအောင်ခဲ့တဲ့ စစ်ဆေးတက္ကသိုလ်ကိုလဲ WHO အသိမှတ်ပြုစာရင်းကပယ်ဖျက်ဖို့ ကြိုးစားသင့်ပါတယ်။

အခြားအရပ်သားတွေ သံအမတ်တွေအနေနဲ့လဲ မိမိတို့ဘယ်သူ့ကို သစ္စာခံမလဲ စဉ်းစားပါ။ အထူးသဖြင့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ ဩစတေးလျနဲ့ အနောက်ဥရောပနိုင်ငံရောက်သံအမတ်ကြီးများပါ။ မအလဟာ သံအမတ်ကြီးရာထူးတွေကို တပ်ကလူတွေကို ကိုဗစ်ပြီးတာနဲ့ ၂၀၂၁နောက်ဆုံးထား လဲမှာပါ။ ဒါ့ကြောင့် မအလကို သစ္စာစောင့်သိလဲ ပြုတ်မှာပါ။

CRPH ဟာ ယခုအချိန်မှာ အရေးပါလာပါပြီ။ တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီး ခန့်စရာရှိတာကို အမြန်ခန့်ပါ။ ကုလမရရင် အမေရိကန်နဲ့ စကားပြောပြီး ခေါ်ပါ။ စစ်တပ်အကြီးမလိုပါဘူး။ air strikes လောက်ဆို မအလ ကြောက်ပါတယ်၊ ကြောင်ချီးပါ။ အချိန်ရှိခိုက်မှာ သွက်သွက်လေးလုပ်ပါ။ ပြည်သူတွေက CDM ဆက်လုပ်၊ ဆန္ဒဆက်ပြပါ။ အားမလျော့ပါနဲ့။ မအလ များများပစ်ရင် သူမြန်မြန်ပြုတ်မှာပါ။

နိုင်ငံခြားရောက် မြန်မာသံအမတ်ကြီးများလဲ ကိုကျော်မိုးထွန်းကို အတုယူပါလို့ ပြောပါရစေ။အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page