top of page
Search

နောင်ချိုမှသည် နေပြည်တော်သို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 4, 2023
  • 1 min read

ယခုရက်ပိုင်း မအလဟာ ဖိအားတွေကလွတ်အောင်လို့ ကြိုးစားလာတာ အားလုံးရိပ်စားမိမှာပါ။ ဒီနေရာမှာ မအလက သူနိုင်တယ်လို့ထင်သလား ရှုံးတယ် (သို့) မနိုင် နိုင်ဘူးလို့ ထင်သလားအပေါ်မှာမူတည်ပြီး နောက်ဘာလုပ်မလဲ ဆုံးဖြတ်မှာပါ။

ဒါဆိုရင် မအလက သူစစ်နိုင်နေတယ်လို့ ထင်နေသလားဆိုတာကစပြီး ပြန်သုံးသပ်ရပါမယ်။ မအလဟာ အာဏာသိမ်းအစပိုင်း မင်းတပ်၊ စစ်ကိုင်းတို့က သူ့တပ်ကို တော်လှန်ရာမှာ သူ့တပ်က တိုက်ပွဲတိုင်းနိုင်တယ်လို့ သတင်းပို့ခဲ့ပါတယ်။ ဒါကြောင့် မအလထံပို့တဲ့ ပြည်ထဲရေးနဲ့ စရဖကသတင်းတွေမှာPDF တွေ UG တွေကို နေ့တိုင်းလက်နက်တွေနဲ့အတူမိနေပြီး တိုင်းပြည်ကြီးက သာယာနေခဲ့ပါတယ်။သူသိတဲ့အချိန်မှာတော့ သူ့တပ်က လုံးဝစွန့်လွှတ်လိုက်ရတဲ့ အခြေအနေဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကြေညာရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါပြီ။

ဒါဆိုမေးစရာရှိတာက ဘယ်သူကလိမ်နေတာလဲဆိုတာပါ။ ဒါရဲ့ဥပမာက နောင်ချိုမှာ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးမြတ်မင်းထွန်းသေတာက ပြဿနာရဲ့အစကို ပြနေခဲ့ပါတယ်။ ဒီကောင်က မြဝတီအကြည့်များပြီး တပ်ချုပ်ရူးသူဆိုတော့ သူ့အောက်ကလူတွေကို အရှုံးဆိုတာ မကြားလိုပါလို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ ဒါကြောင့်စခန်းကုန်းကို PDF က လာတိုက်ချိန်မှာ ကျွန်တော်တို့ ပြန်ခံချတာနိုင်ပြီလို့သတင်းပို့ခဲ့ပါတယ်။ သူ့လက်အောက်ငယ်သား သတင်းပို့တာကို သူကလဲအထက်ကို စခန်းကုန်းမကျပါလို့ အစီရင်ခံပြီး အဆင့်ဆင့် သတင်းပို့ခဲ့ကြပါတယ်။ သူကစခန်းကုန်းကို ကိုယ်တိုင်သွားစစ်ချိန်မှာတော့ PDF နဲ့တွေ့ပြီး မုန့်ဟင်းခါးဖြစ်သွားခဲ့ပါတယ်။ သူ့ဒုတပ်ရင်းမှူးက သူ့ကိုရှာချိန်မှာ သတင်းတက်လာပြီး သူသေတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါက မအလတပ်ရဲ့ အဆင့်ဆင့်လိမ်ရာက သေသွားရတဲ့အဖြစ်တွေထဲက လူတွေသိတဲ့အရာပါ။ အချို့က ရန်ကုန်မှာ လက်နက်မဲ့ပြည်သူကို ထိန်းနိုင်တာကိုအဟုတ်ထင်ပြီး ရာထူးတိုးပေးချိန် တကယ့် တိုက်ရမယ့်အချိန်မှာ ဘာအရည်အချင်းမှမရှိဘဲ ကြွသွားတာပါ။ ဟိုရန်ကုန်က မိုင်းထိသူ ဗိုလ်မှူးကြီး ဇင်မောင်လွင်လဲ ထိုပုံစံနဲ့ အဖားလွန်တာ ခေါင်းထိပြီးအထူးကုဆောင်ထဲ မသေမရှင် ဝေဒနာခံစားရပြီး ခွဲတာလဲ မထူးဘဲ သေသွားခဲ့ရပါတယ်။

ဒါဆိုရင် စစ်ကိုင်းမှာ မီးရှိူ့တာ နိုင်နေလားလို့ မေးစရာရှိပါတယ်။ မအလတပ်ကရွာတွေကိုလှည့် မီးရှို့ပြီး အထက်ကို PDF အမာခံရွာတွေ ရှင်းပြီးကြောင်းသတင်းပို့ပါတယ်။ အချို့က PDF စခန်းတွေကို ဝင်စီးနိုင်ကြောင်းလဲ အစီရင်ခံသတင်းပို့ပါတယ်။ ဒါပေမယ့် တကယ့်PDF စခန်းကို တိုက်နိုင်တာက နည်းပါတယ်။ ယခုမိုးအဝင်မှာသာ PDF က တောင့်ခံပြီး ပြန်တိုက်နိုင်ခဲ့ရင် မအလဟာ စစ်ကိုင်းကိုတောင်ထိန်းဖို့မလွယ်ပါ။

ယခုလက်ရှိချင်းနဲ့ကယားဟာ အမေရိကန်က ဘာမှမထောက်ပံ့လို့သာ လွတ်လပ်ရေးမရသေးတာပါ။ခေတ်မှီလက်နက်သာရခဲ့ရင် ထိုနယ်တွေက မအလအောက်က လွတ်သွားမှာပါ။ ယခုထိုနယ်က PDF တွေကို လက်နက်အလှူပေးနေတာက အမေရိကန်၊ တရုတ်မဟုတ်ဘဲ မအလတပ်ပါ။

နောက်မေးခွန်းက မအလက ဒီအစီရင်ခံစာတွေကို ယုံလားဆိုတာပါ။ ဥပမာ ရန်ကုန်ကို သူလာလို့ရတာ၊ရခိုင်က စစ်တွေကို သူလာရင် သူ့ကို မတိုက်နိုင်တာ၊ ခေတ်သစ်ကတင်ရင် အချို့ကိစ္စတွေက PDF ကပစ်ပြေးလို့ အလောင်းမပြနိုင်ရင် သူ့တပ်ကလိမ်တာတွေကို သူကအမှန်အနေနဲ့ လက်ခံပါတယ်။ ဒါပေမယ့် သူ့ကို နမခတိုင်းထဲ PDF က လာပစ်ချိန်၊ ကယားမှာ တပ်လုံးပြုတ်ပြီး လက်နက်နဲ့ အလောင်းပုံတင်ချိန်၊ မြဝတီမှာ ဝင်အပစ်ခံရအပြီး ပုံတွေခေတ်သစ်မှာတက်လာရင်၊ လေတပ်စခန်းထိပုံတွေ တက်လာရင်တော့ သူ Facebook အကောင့်တစ်ခုကနေ တွေ့လာပြီး သူ့အောက်ကကောင်တွေကို ဆဲတာ ဖြုတ်တာ လုပ်ပါတယ်။ ကယားက စိုးဝင်းကိုယ်တိုင်ကိုင်လို့ အသုံးမကျလဲ မဖြုတ်ရဲသေးပါ။

ယခုတလော ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မအလအမာခံတွေ အသတ်ခံရတာ စိပ်လာနေပြီးလုံခြုံရေးစည်း ကျိုးလာနေတာ အားလုံးသတိပြုမိမှာပါ။ ထိုအတွက် တပ်ခေါ်သွင်းရင် ရှေ့တန်းမှာယခုထက်ပို အားနည်းလာမှာပါ။ဒါက မအလကို ရွေးကောက်ပွဲအတွက် အကျပ်ရိုက်စေခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် စစ်ကိုင်းကပြည်သူတွေကို မအလက ဒုက္ခပေးနိုင်ပေမယ့် မအလတပ်ဟာ မသေစဖူး အသေထူးနေပြီး အချို့နေရာတွေမှာ အဝိုင်းခံထားရသလို ဖြစ်လာနေပါပြီ။ အချို့ကိစ္စတွေကပြည်ပကိုမစောင့်ဘဲ ဆူဒန်လို မြို့ကြီးတွေမှာ တိုက်နိုင်ခဲ့ရင် ကုလရော၊ တရုတ်ရော၊ အနောက်အုပ်စုပါအရေးပေးတာကို အမြန်ခံရတတ်ပါတယ်။ နိုင်ငံခြားရောက်ပြည်သူက NUG က တဆင့် PDF ကို ဆက်ထောက်ပံ့ပါ၊ EOD ဝယ်ပါလို့သာ ပြောချင်ပါတယ်။ စစ်ပွဲဆိုတာ လက်နက်နဲ့စိတ်ဓာတ် နှစ်ခုပေါင်းတိုက်မှနိုင်မှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page