top of page
Search

နှာခေါင်းစည်းမှပြောသော နိုင်ငံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 4, 2020
  • 1 min read

ဒီနေ့လွှတ်တော်မှာ တပ်ကိုယ်စားလှယ်တွေက နှာခေါင်းစည်းတွေနဲ့ အားလုံးတတ်လာတယ်။ ဒီအချိန်မှာဘဲ ကောလဟာလက စတက်လာပြီ။ နောက်လွှတ်တော်အပြီးမှာ ကိုမောင်မောင်က ရောဂါမဖြစ်အောင် ကာကွယ်ဖို့ဆိုပြီးပြောတယ်။ ဒီနေရာမှာ ဘာကြောင့်ယခုလို နှာခေါင်းစည်းတတ်လဲနဲ့ နှာခေါင်းစည်းဟာ coronavirus ကို ကာကွယ်နိုင်လား လေ့လာကြည့်ရအောင်။

ပထမဆုံးက ဒီနှာခေါင်းစည်းက ရောဂါရှိသူက အခြားလူထံမကူးအောင် မိမိချောင်းဆိုးရင် ရောဂါပိုးအဝေးကြီးကို မလွင့်သွားအောင်သာ တားနိုင်ပါတယ်။ အခြားလူထံကရောဂါပိုး မိမိထံ မရောက်အောင်ကာကွယ်နိုင်ခြင်းမရှိပါ။ ဒါကိုဆရာဝန်များနဲ့ အမေရိကန်က ဆရာဝန်ချုပ်၊ အင်္ဂလန်က ဆရာဝန်ကြီးတွေ၊ စင်ကာပူက ဆရာဝန်ကြီးတွေက ရှင်းပြီးသွားပါပြီ။ တကယ့်ရောဂါကာကွယ်နိုင်တဲ့ နှာခေါင်းစည်းက ဒီနေ့လွှတ်တော်မှာ ဟန်ပြစည်းသွားတဲ့ နှာခေါင်းစည်းမဟုတ်တာက သေချာပါတယ်။

အဲ့ဒီနှာခေါင်းစည်းလေးက ဟန်ပြ ဖော်ရှိုးလုပ်တတ်တဲ့ စစ်အစိုးရခေတ်ကို အမှတ်ရစေပြီး ရောဂါကာကွယ်ဖို့ တကယ်ဘာမှမထိရောက်ဘဲ တိုင်းပြည်ပိုက်ဆံကို တစ်နေ့ထဲ လွှတ်တော်ထဲမှာ နှာခေါင်းစည်းဖိုး ဖြုန်းသွားတာကို ပြနေပါတယ်။ ဒီလိုဘဲ တိုင်းပြည်ဘဏ္ဍာတွေကို ၁၉၆၂ထဲက အရာမရောက်ဘဲဖြုန်းပြီးသွားပါပြီ။ ဒီနေ့ နှာခေါင်းစည်းက ယနေ့ခေတ် ဥပမာတစ်ခုပါ။ Coronavirus ကို မကူးအောင်က လူစုလူဝေးကိုရှောင်ပြီး လက်ဆေးဖို့ပါ။ ကူးမှာစိုးလို့ မတ်လ ၁၀ ရက်နေ့မှာ မဲလာမပေးရင်တော့အကောင်းဆုံးပါ။

အခြားအာဏာသိမ်းမယ်ဘာညာ စိုးရိမ်သူများကိုတော့ စိုးရိမ်စရာမလိုပါလို့ ထပ်ပြောပါရစေ။ သူ့အသက်ကို အီရန်ကစစ်ဗိုလ်ချုပ်ဆူလာမာနီလို သေချင်ရင်တော့ လုပ်ပါလိမ့်မယ်။ အချို့ကိစ္စတွေကလဲ နမိတ်ဖတ်တတ်ပါတယ်။ ယခုအီရန်က ဘုန်းကြီးချုပ်ရဲ့ အကြံပေးကတော့ coronavirus ဖြစ်ပြီးသေသွားခဲ့ပါပြီ။ သူ့ဗိုလ်ချုပ်ဆူလမာနီကတော့ အမေရိကန်က ဒရုံးနဲ့ ပစ်လို့ သေသွားခဲ့ပါတယ်။ ဒီပိုးကို အဘကြောက်လို့ တပ်တွင်းတွေ့ပွဲတွေတောင် ဖျက်ထားပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Bình luận


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page