top of page
Search

နယ်ကရော NLD ကိုထောက်ခံလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 30, 2020
  • 1 min read

ရန်ကုန်က လူကြီး၊ လူငယ် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ထမင်းစားသူအပေါင်းက NLD ကို ထောက်ခံချိန်မှာ နယ်တွေမှာ အဆင်ပြေပါ့မလားလို့ စိုးရိမ်ခဲ့ပါတယ်။

ဒီနေ့ ၃၀ ရက်မှာ ကတော့ မကွေးတိုင်း၊ မြိုင်မြို့နယ်က ရွာသစ်ဖျကျေးရွာမှာ NLD ပါတီဆိုင်းဘုတ်တင်ပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ လုပ်ခဲ့ကြပါတယ်။

ယခုလို နယ်ကရွာငယ်လေးတွေမှာလဲ NLD ကို အားပေးကြတာ မျက်မြင်ကိုယ်တွေ့ သိရ ကြားရတာ အားရစရာပါ။

ဒါတွေကိုသိရင် အဘတော့ အိပ်ပျော်ပါ့မလား?

နယ်ကရော NLD ကိုထောက်ခံလားဆိုရင် ပြည်မမှာတော့ နိုင်ဖို့သေချာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 30, 2020

ဦးမြတ် ! မေးလာတော့လည်း ပြောရမှာပေါ့။ လက်လှမ်းမှီ တဝိုက် အခြေစိုက်၍ နီကြိုက်သူတိုင်းတွက် ပြောပါမည်။

လက်ရှိ အတူနေ တူမောင်(၂၂ နှစ်ပြည့်ပြီး)နှင့် သူ့သူငယ်ချင်း အစု။

All are MYANMAR UNITED

သူရဲနီ ပရိတ်မို့ ရဲရဲနီပြီ။ ထူးခြားတာက သူ့ငယ်ပေါင်းတစ်ယောက်။ သူ့အမေက ***မမြစိမ်း***။အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုမျှော်။ လားရာက ဆန့်ကျင်။

ပဲခူးတိုင်းထဲက တူမောင်(၃၆ နှစ်)

အရင်လိုပဲ အစဥ်မပျက် ဆက်ချီတက်မည်။ သူ့အမေဘက်က မျိုးနွယ်က စိမ်း ဆိုမှ စိမ်း။

(၅ မိုင်ဝေးရွာက မြို့ပေါ်အလုပ်ဆင်း) အလုပ်သမား တသင်းကလည်း မန်ယူ ယူနီဖောင်း ပြောင်းလို ၊ တောင်းဆို၍ မြန်မာယူနိုက်တက်ဝတ်စုံ မန်းရွှေမြို့ဆီ မှာပုံတော်ဖွင့်ထား။

တီးဆရာလည်း အထင်သေး မရ။ သောက်နေကျဆိုင်က တီးဆရာ (၂၉ နှစ်) ၊ နို့ဆီ အချိုရည်ဖြန့် ကုမ္ပဏီလက်ဆောင်ပေး အနီရောင်စကေး တီရှပ် အဆင်မြန်းလို့

တီးဆရာ အပော်ယံတင်လား ? ရင်ထဲကရော နီလားလို့ မေးကြည့်တော့ ! ! !

သားတိုင်းက အမေနဲ့ ကင်းလို့မရဘူလေ၊ ကျွန်တော်လည်း သားတစ်ယောက်မို့ အမေမှ အမေပဲပေါ့တဲ့။

#ဟိုက်ရှားပါး#(ဆရာကြီးကွေး ယူသုံးတာကို တမလွန်က ပြုံးပြုံးကြီးနဲ့ ခွင့်လွှတ်နေမည် ထင်ပါသည်။)

ဦးမြတ်! နယ် ဗားရှင်းတွေလည်း

မြင့်ပါသည်။


သစ္စာအမှန်ဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page