top of page
Search

နန္ဒာလှမြင့်ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့တရားစွဲလို့ရလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 30, 2019
  • 1 min read

နႏၵာလွျမင့္ကိုႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔တရားစြဲလို႔ရလား

နႏၵာလွျမင့္ဟာသူ႔ပါတီဝင္ေတြကိုေဟာေျပာရာမွာျမန္မာႏိုင္ငံဟာLDC(ဖြံ့ၿဖိဳးမႈအနည္းဆံုး) ႏိုင္ငံထဲေရာက္ေနေၾကာင္းတစ္ဦးခ်င္းဝင္ေငြဟာလက္ရွိအစိုးရလက္ထက္နည္းလာေၾကာင္းစီးပြားေရးမေကာင္းေၾကာင္း၊လာအိုထက္ေအာက္ေရာက္ေနေၾကာင္းစြတ္စြဲေျပာဆိုသြားပါတယ္။

ပထမဆံုးLDC(ဖြံ့ၿဖိဳးမႈအနည္းဆံုး) ႏိုင္ငံအဆင့္ေရာက္ေနတာဟာေနဝင္းလက္ထက္ထဲကျဖစ္ၿပီးယခုအစိုးရလက္ထက္မွမမဟုတ္ပါ။ဒါေၾကာင့္ဒီအစိုးရနဲ႔မဆိုင္ပါ။တစ္ဦးခ်င္းပွ်မ္းမွ်ဝင္ေငြနည္းလာလား? ကမ႓ာ့ဘဏ္ရဲ႕ကိန္းဂဏန္းေတြအရဘစိန္လက္ထက္ကတစ္ဦးခ်င္းတစ္ႏွစ္ပွ်မ္းမွ်ဝင္ေငြေဒၚလာ၁၂၅၇.၅ကေန၂၀၁၈မွာေဒၚလာ၁၅၇၁.၉အထိတက္လာပါတယ္။ဘယ္အေထာက္အထားကိုၾကည့္ၾကည့္ဂဏန္းအနည္းငယ္ကြဲႏိုင္ေပမယ့္မကြဲတာကလူတစ္ဦးခ်င္းဝင္ေငြဟာယခင္အစိုးရလက္ထက္ကထက္ဒီမိုအစိုးရလက္ထက္မွာမ်ားလာပါတယ္။သူခိုးေတြ၊ဖြတ္ေတြရဲ႕တစ္ဦးခ်င္းပွ်မ္းမွ်ဝင္ေငြကေတာ့က်လာႏိုင္ပါတယ္။ဥပမာေဒါက္တာဆိုရင္အိမ္စီမံကိန္းအဆင္မေျပလို႔ေႂကြးေတာင္ဆပ္ဖို႔ခက္ေနတာနားလည္ပါတယ္။ေဒါက္တာ့အခက္အခဲဟာျပည္သူေတြရဲ႕အခက္အခဲမဟုတ္ပါ။ဒါေၾကာင့္ဒါကလိမ္ေျပာၿပီးအစိုးရကိုသိကၡာခ်တာပါ။တိုင္းျပည္ရဲ႕ထုတ္ကုန္ဝင္ေငြGDP ဟာက်လာသလား? GDP ဟာဘစိန္လက္ထက္၂၀၁၄မွာေဒၚလာ၆၅.၄၅ဘီလီယံ၊၂၀၁၅မွာေဒၚလာ၅၉.၆၉ဘီလီယံကေနNLD အစိုးရလက္ထက္၂၀၁၆မွာေဒၚလာ၆၃.၂၆ဘီလီယံ၊၂၀၁၇မွာေဒၚလာ၆၆.၇၂ဘီလီယံ၊၂၀၁၈မွာေဒၚလာ၇၁.၂၁ဘီလီယံအထိတက္လာခဲ့ပါတယ္။ဒါေၾကာင့္သူေျပာတဲ့GDP က်သြားတယ္ဆိုတာလဲမမွန္ပါဘူး။သူေျပာတဲ့လာအိုကလူတစ္ဦးခ်င္းပွ်မ္းမွ်ဝင္ေငြကျမန္မာထက္မ်ားတာကမွန္ပါတယ္။ဒါေပမယ့္အဲ့ဒီလိုလာအိုကျမန္မာအထက္ေရာက္တာ၂၀၁၀ထဲကပါ။ဘစိန္လက္ထက္မွာကလဲလာအိုကျမန္မာအထက္မွာပါ။ဘစိန္လက္ထက္မွာလာအိုေရာ၊ကေမ႓ာဒီယားကေရာျမန္မာအထက္မွာရွိခဲ့ၿပီးဒီမိုအစိုးရလက္ထက္မွာျမန္မာကကေမ႓ာဒီးယားအထက္ကိုေရာက္လာခဲ့ပါၿပီ။လာအိုကိုေတာ့ေနာက္ပိုင္းေက်ာ္မွာပါ။၂၀၂၀ေနာက္ပိုင္းေက်ာ္မွာေသခ်ာပါတယ္။ဒါေပမယ့္လာအိုလႊတ္ေတာ္မွာတပ္ကထိုင္မေနသလိုလာအိုမွာ၂၀၀၈ေျခဥမရွိလို႔တပ္နဲ႔ရဲဟာလာအိုရဲကြန္ျမဴနစ္ပါတီဥကၠဌႀကီးရဲ႕လက္ေအာက္မွာပါ။သူ႔စစ္ဦးစီးခ်ဳပ္ကယခင္မဆလလက္ထက္ကလိုဝန္ႀကီးေအာက္မွာပါ။ဒါေၾကာင့္NLD ဝန္ႀကီးေတြဘာမွမလုပ္တာေတာင္ေျခဥျပင္တာနဲ႔ျမန္မာျပည္ဟာလာအိုေလာက္ကိုေအးေဆးေက်ာ္တက္သြားမွာပါ။

ျပန္ခ်ဳပ္ရရင္နႏၵာလွျမင့္ဟာမဟုတ္တာေတြကိုအေထာက္အထားမဲ့ေျပာၿပီးလက္ရွိအစိုးရကိုအပုတ္ခ်ဖို႔ အေသရည္ဖ်က္ဖို႔ႀကိဳးစားခဲ့ပါတယ္။ဒါေၾကာင့္သူ႔ကိုအေရးယူဖို႔စဥ္းစားသင့္ပါတယ္။

Credit for GDP source: World Bank and IMF data

Unicode version

နန္ဒာလှမြင့်ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့တရားစွဲလို့ရလား

နန္ဒာလှမြင့်ဟာသူ့ပါတီဝင်တွေကိုဟောပြောရာမှာမြန်မာနိုင်ငံဟာLDC(ဖွံ့ဖြိုးမှုအနည်းဆုံး) နိုင်ငံထဲရောက်နေကြောင်းတစ်ဦးချင်းဝင်ငွေဟာလက်ရှိအစိုးရလက်ထက်နည်းလာကြောင်းစီးပွားရေးမကောင်းကြောင်း၊လာအိုထက်အောက်ရောက်နေကြောင်းစွတ်စွဲပြောဆိုသွားပါတယ်။

1. ပထမဆုံးLDC(ဖွံ့ဖြိုးမှုအနည်းဆုံး) နိုင်ငံအဆင့်ရောက်နေတာဟာနေဝင်းလက်ထက်ထဲကဖြစ်ပြီးယခုအစိုးရလက်ထက်မှမမဟုတ်ပါ။ဒါကြောင့်ဒီအစိုးရနဲ့မဆိုင်ပါ။

2. တစ်ဦးချင်းပျှမ်းမျှဝင်ငွေနည်းလာလား? ကမ႓ာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေအရဘစိန်လက်ထက်ကတစ်ဦးချင်းတစ်နှစ်ပျှမ်းမျှဝင်ငွေဒေါ်လာ၁၂၅၇.၅ကနေ၂၀၁၈မှာဒေါ်လာ၁၅၇၁.၉အထိတက်လာပါတယ်။ဘယ်အထောက်အထားကိုကြည့်ကြည့်ဂဏန်းအနည်းငယ်ကွဲနိုင်ပေမယ့်မကွဲတာကလူတစ်ဦးချင်းဝင်ငွေဟာယခင်အစိုးရလက်ထက်ကထက်ဒီမိုအစိုးရလက်ထက်မှာများလာပါတယ်။သူခိုးတွေ၊ဖွတ်တွေရဲ့တစ်ဦးချင်းပျှမ်းမျှဝင်ငွေကတော့ကျလာနိုင်ပါတယ်။ဥပမာဒေါက်တာဆိုရင်အိမ်စီမံကိန်းအဆင်မပြေလို့ကြွေးတောင်ဆပ်ဖို့ခက်နေတာနားလည်ပါတယ်။ဒေါက်တာ့အခက်အခဲဟာပြည်သူတွေရဲ့အခက်အခဲမဟုတ်ပါ။ဒါကြောင့်ဒါကလိမ်ပြောပြီးအစိုးရကိုသိက္ခာချတာပါ။

3. တိုင်းပြည်ရဲ့ထုတ်ကုန်ဝင်ငွေGDP ဟာကျလာသလား? GDP ဟာဘစိန်လက်ထက်၂၀၁၄မှာဒေါ်လာ၆၅.၄၅ဘီလီယံ၊၂၀၁၅မှာဒေါ်လာ၅၉.၆၉ဘီလီယံကနေNLD အစိုးရလက်ထက်၂၀၁၆မှာဒေါ်လာ၆၃.၂၆ဘီလီယံ၊၂၀၁၇မှာဒေါ်လာ၆၆.၇၂ဘီလီယံ၊၂၀၁၈မှာဒေါ်လာရ၁.၂၁ဘီလီယံအထိတက်လာခဲ့ပါတယ်။ဒါကြောင့်သူပြောတဲ့GDP ကျသွားတယ်ဆိုတာလဲမမှန်ပါဘူး။

4. သူပြောတဲ့လာအိုကလူတစ်ဦးချင်းပျှမ်းမျှဝင်ငွေကမြန်မာထက်များတာကမှန်ပါတယ်။ဒါပေမယ့်အဲ့ဒီလိုလာအိုကမြန်မာအထက်ရောက်တာ၂၀၁၀ထဲကပါ။ဘစိန်လက်ထက်မှာကလဲလာအိုကမြန်မာအထက်မှာပါ။ဘစိန်လက်ထက်မှာလာအိုရော၊ကမေ႓ာဒီယားကရောမြန်မာအထက်မှာရှိခဲ့ပြီးဒီမိုအစိုးရလက်ထက်မှာမြန်မာကကမေ႓ာဒီးယားအထက်ကိုရောက်လာခဲ့ပါပြီ။လာအိုကိုတော့နောက်ပိုင်းကျော်မှာပါ။၂၀၂၀နောက်ပိုင်းကျော်မှာသေချာပါတယ်။ဒါပေမယ့်လာအိုလွှတ်တော်မှာတပ်ကထိုင်မနေသလိုလာအိုမှာ၂၀၀၈ခြေဥမရှိလို့တပ်နဲ့ရဲဟာလာအိုရဲကွန်မြူနစ်ပါတီဥက္ကဌကြီးရဲ့လက်အောက်မှာပါ။သူ့စစ်ဦးစီးချုပ်ကယခင်မဆလလက်ထက်ကလိုဝန်ကြီးအောက်မှာပါ။ဒါကြောင့်NLD ဝန်ကြီးတွေဘာမှမလုပ်တာတောင်ခြေဥပြင်တာနဲ့မြန်မာပြည်ဟာလာအိုလောက်ကိုအေးဆေးကျော်တက်သွားမှာပါ။

ပြန်ချုပ်ရရင်နန္ဒာလှမြင့်ဟာမဟုတ်တာတွေကိုအထောက်အထားမဲ့ပြောပြီးလက်ရှိအစိုးရကိုအပုတ်ချဖို့ အသေရည်ဖျက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်သူ့ကိုအရေးယူဖို့စဉ်းစားသင့်ပါတယ်။

Credit for GDP source: World Bank and IMF data

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page