top of page
Search

နန်းတွင်းမှာ မအလထိသွားလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 30
  • 1 min read

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။

တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို လူကြီးခရီးစဉ်ရှိတယ် ပြင်ထားလောက်သာ ပြောလေ့ရှိပါတယ်။ တပ်တွေထဲမအလသွားရင်တော့ အရပ်သားသိဖို့ အင်မတန်မှ ခက်ပါတယ်။

သေချာတာက မအလခရီးစဉ်ဟာ ပေါက်ကြားသွားခဲ့ပါတယ်။ ဒါကြောင့် သူရှိနေစဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတာပါ။

မအလကိူတော့ တိုက်ရိုက်မထိခဲ့ပါဘူး။ ယခုနောက်ပိုင်း အမေရိကန်ကြောင့် ညအိပ်တဲ့နေရာတိုင်းမှာ ဗုံးခိုကျင်းရှိရပါတယ်။ သူ့ရဲ့ တိုင်းစစ်ဌာနချုပ်တွေမှာလဲ ဗုံးခိုကျင်း ပုံစံဆောက်လုပ်ခိုင်းခဲ့ပါတယ်။ နေပြည်တော် ကာချုပ်ရုံးနဲ့ အိမ်မှာတော့ မြေအောက်ခန်းတွေရှိပါတယ်။

ထိုနေ့က ရှော့တိုက်ဒုံးနဲ့ အပစ်ခံရချိန်မှာ မအလရှိနေခဲ့ပြီး ဗုံးခိုကျင်းထဲ ဆင်းပြေးခဲ့ရသလို အနည်းငယ်ထိခိုက်မှုရှိခဲ့ပါတယ်။ ပြေးချိန်မှာ ချော်လဲလို့ နဂိုမကောင်းတဲ့ ဒူးက ထိခိုက်သွားပါတယ်။ ယခု အဆင့်မြင့် MRI scan ဆိုလား ဒူးကိုရိုက်ထားပါတယ်။

ပုံမှန်မှာ မအလအတိုက်ခံရရင် လေယာဉ်တွေတက်၊ ရဟတ်ယာဉ်တွေတက်၊ အမြောက်တွေနဲ့  ပစ်တယ်လို့ ထင်ရတဲ့နေရာတွေကို ပြန်တိုက်ဖို့ ပြင်ဆင်လေ့ရှိပါတယ်။ ဒါပေမယ့် ၁၀၇ မမက ပစ်မှတ်တွေ အလွန်တိကျပြီး ဆက်သွယ်ရေးစက်ပါထိတယ်လို့ ကြားပါတယ်။ ဒုဗိုလ်မှူးကြီးနဲ့ အခြားအဆင့် ၅ ယောက်သေတာ စာရင်းရထားပြီး ဆေးရုံမှာ ၁၀ ယောက်ကျော်ရှိနေပါတယ်။

၁၀၇ မမ က ပစ်မှတ်တွေကို တိကျစွာထိလို့ အစပိုင်းမှာ အမေရိကန်တိုက်ပြီလို့တောင် ထင်ယောင်ထင်မှားဖြစ်ပြီး အမိန့်ပေးစနစ်ပျက်လို့ ပုံမှန်လက်တုန့်ပြန်စနစ်က မတုန့်ပြန်နိုင်တာလို့လဲ ကြားသိရပြီး ယခုက ရယ်စရာလိုတောင်ဖြစ်နေပါတယ်။ နောက်မအလလာရင်အပြင်စည်းမှာ ဒရုံးနဲ့ ထောက်လှမ်းလေ့ရှိပါတယ်။ သူ့အတွင်းစည်းကိုတော့ ဒရုံးအဝင်မခံပါ။ ၁၀၇ မမက ဒရုံးကာစနစ်ကိုထိတာလား ဘာလားမသိပေမယ့် သူ့ဒရုံးက သူ့ဌာနချုပ်ထဲ ပြန်ဝင်လာလို့ ဒါက ပြင်ပဒရုံးနဲ့မှားပြီး အခြေအနေက ရှုတ်ထွေးသွားစေခဲ့ပါတယ်။ ၁၀၇ မမမှန်းက ခဏနေမှသိတာပါ။ ထိုအချိန်က အမြောက်ဆန်တွေထိ၊ ဒရုံးက မှားပျံနဲ့ အမေရိကန်နဲ့ မှားမယ်ဆိုလဲ မှားစရာပါ။

ပြည်သူက လုပ်စရာရှိတာလုပ်ပါ။ ပြည်သူက ၁၀၇ နဲ့ ပစ်တာက ICJ, ICC, ASEAN တွေထက်အမှန်တရားနဲ့ နီးစပ်ပါတယ်။ ကုလက လေပါ။ပြည်သူညီရင် ဒူးပြီးရင် အသက်ကို ထိခိုက်နိုင်မှာပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page